Friday, July 20, 2012

ဘီလူး

ခြေရာလည်းပျောက် ရေလည်းနောက်

ဆိုရိုးစကား ထင်ယောင်မြင်ဆဲ

ချစ်ဖွယ်စကား နှုတ်ဖျားချိုနေ

စကားရယ်ကြွယ် မာယာနောက်ကွယ်

ဟန်ပန်အပြုံး ရူပတင့်တယ်

နှလုံးပုပ်နှင့် လိုရာဆွဲဆောင်

ပရိယယ်စုံနှင့် ညှို့ယူကာငင်

တောရိုင်းသတ္တ၀ါကို အလွတ်မပေး

ဘီလူးမတွေ ။ ။

နယ်ပယ်မကျွမ်း ကျွံလေမိတော့

မဆိုးလက်ဝယ် အသက်သန္ဓေ

ခန္ဓာပေးကာ သံဝေဂတရားနှင့်

ဘ၀ရောင်ခြည် ကင်းမဲ့လေပြီး ။ ။

No comments:

Post a Comment