Wednesday, July 25, 2012

flashsongs ကို mp3 ပြောင်းလဲခြင်း

သူငယ်ချင်းတို့ရေ
    ဆရာကြီးလုပ်တာတော့မဟုတ်ဘူးနော်...........
    ဖူးစာရှင်လေးထဲမှာပါတဲ့သီချင်းသာမက မိမိနားထောင်တဲ့ဘယ်သီချင်းကိုမဆို wma(sound) ပြောင်းလို့ရပါတယ်
မိမိတို့ရဲ့ computer မှာ windows movie maker ဆိုတာပါပါတယ်
windows movie maker ကို ဖွင့်လိုက်ပါ ပြီးတော့ narrate timeline ဆိုတာကို click လိုက်ပါ
narrate timeline ကအောက်ဘက်ဘယ်ဘက်နားမှာ mic ပုံစံလေးနဲ့ပါ
show more options ကိုနှိပ်လိုက်ပါ
audio input source ဆိုတဲ့နေရာမှာ stereo mix ကိုရွေးလိုက်ပါ
ပြီးတော့ start narration ကိုနှိပ်လိုက်ပါ စတင် record လုပ်ပါလိမ့်မယ်
ပြီးတော့မိမိ ကြိုက်တဲ့ ဘယ်သီချင်းကိုမဆိုဖွင့်ထားလိုက်ပါ
အဲဒီသီချင်းကို record လုပ်နေပါလိမ့်မယ်
သီချင်းပြီးသွားရင်တော့ stop narration ကိုနှိပ်လိုက်ပါ အဲဒါဆို save in box လေးကျလာပါလိမ့်မယ် တစ်နေရာရာမှာ save လုပ်လိုက်ပါ
ပြီးရင်မိမိ record လုပ်ထားတာကို လိုအပ်သလို ဖြတ်တောက်လို့ရပါတယ် ပြီးရင် start narration ရဲ့ အောက်ဖက်နားမှာ Done ဆိုတာကို နှိပ်လိုက်ပါ
Finish Movie မှာ save to my computer ကို နှိပ်လိုက်ပါ အဲဒီမှာလည်း save as box လေးပေါ်လာပါလိမ့်မယ်
မိမိတိုက်ကြိုက်နှစ်သက်ရက်နေရာမှာသိမ်းနိုင်ပါတယ် သိမ်းပြီးရင်တော့ next ကို နှိပ်လိုက်ပါ ပြီးရင်တော့ quality ရွေးတာပေါ့ best quality ကတော့အကောင်းဆုံးပေါ့ မကြိုက်ရင်လည်း အောက်မှာရွေးလို့ရပါတယ်
ပြီးရင် next ကိုဆက်သွားပါ ကဲ..နောက်ဆုံးတော့ပြီးမြောက်သွားပါပြီ
finish ကိုနှိပ်လိုက်ရင် record လုပ်ထားတဲ့သီချင်းကိုနားထောင်လို့ရပါပြီ
ပြီးတော့ save လုပ်ထားတဲ့သီချင်းကို ပြန်ကူးယူလို့ရသွားပြီပေါ့
အဲဒီနောက်မှာတော့ အဲဒီ wma format ကို mp3 ပြောင်းချင်ရင်တော့ format factory အစရှိတဲ့ software တွေနဲ့ပြောင်းယူလိုက်ပါ
အားလုံးပဲအဆင်ပြေပါစေ

No comments:

Post a Comment