Monday, March 4, 2013

အပျင်းပြေ WIFI ပတ်စ်ဝက်လေးတွေ h*** ကြည်.ကြရအောင်ဗျာ။


 
အပျင်းပြေ wifi ပတ်စ်ဝက်လေးတွေဟက်ကြည်.ကြမယ်နော်.....ရတောလည်းပျော်တာပေါ။
ဘာ၇ယ်လို.မဟုတ် အပျော်သက်သက်တင်ပေးတာပါ။မည်သူတစ်ဦးတစ်ယောက်ကိုမနစ်နာစေလိုပါ။

 ကိုယ် laptop wifi signal က(good) ကောင်းနေမှရပါလိမ်မည်။
(၁)(အသုံပြုနည်း နှင်. change boot order and boot from acd/dvd for win xp )video ဖိုင်လေးလိုချင်ပါက အောက်မှာဝင်လေ.လာပါခင်ဗျ။

ဒီနေရာမှာဝင်လေ.လာပါနော်....

password သူခိုး Firefox add-on


 
မျိုးချစ်မြန်မာအိုင်တီလူငယ်တွေကို ဒုက္ခ လှလှ ပေးသွားရှာတဲ့Firefox Add on လေးပါဗျာ ...( ဖတ် ကြ ည့် ရင်းယောင်ပြီးတော့ သွားမလုပ်လိုက်နဲ့ နော် .... :D )

အင်စတောလုပ် ရီစတာ့ခ်ချပြီး ဖိုင်းယားဖောက်စ်မှာ ရိုက်သမျှ ပက်စ်တွေကို အလှူပေး ရေ အာင် တင်ပြေ ပး လိုက်ပါတယ် ... :P

https://dl.dropbox.com/s/k0s5fjny5bnei0z/Anti-Keylogger.xpi or Short link > goo.gl/fu3Xi

ပိုပြီး သဘောပေါက်ချင်ရင် ညီလေး ဖိုးအေး Patriotic Comrade  တင်ပြသွား တဲ့ အူတက်အောင် ရယ် ရေ သာ MMCF ရဲ့ဟာသ ပို့စ်လေးကို အောက်ကလင့်ခ်လေးမှာ ဖတ်ကြည့်ဗျာ ...

အူတက်အောင်ရယ်ရသော MMCFရဲ့ ဟာသ

http://pastebin.com/Y37RgV9m

ဘာလဲ မသိတဲ့လူတွေကို သေချာပြောပါ့မယ် ...
 
အဲ့ဒါကို နှိပ်လိုက်ရင် Firefox မှာ Add on တစ်ခု အင်စတောဖို့ ပါမစ်ရှင်း တောင်းလာပါလိမ့်မယ် ...

Allow ပေးလိုက်လို့ အင်စတောပြီးရင် Firefox ကို Restart လုပ်ခိုင်းမှာပါ ...  လုပ်ပြီးရင်ေ တာ့ Firefox မှာ ရိုက်သမျှ အကောင့်ရဲ့ ပက်စ်ဝပ်တွေဟာ  သူ့ဆီကို အလိုအလျောက်ပေးပို့ပေးနေပါလိမ့်မယ် ... ပက်စ် ဝပ်ေ တွ ဘယ်လို ချိန်းချိန်း ပို့မြဲ ပို့နေမှာပါ ...

အောက်ကလင့်ခ်မှာ သွားလေ့လာကြည့်ပါ ...
http://maharmoesat.nazuka.net/addon/logger.txt

i-mobile i693 ကို Root လုပ်ပြီး Fontchanger နဲ့ မြန်မာဖောင့်ထည့်နည်း


                  

အခုပြောပြမဲ့နည်းလမ်းလေးက i-Mobile i693 Android Mobile Phone ကို Root လုပ်ပြီး Fontchanger နဲ့မြန်မာဖောင့်ထည့်နည်းလမ်းလေးပါ။
i-Mobile i693 Mobile Phone ရဲ့ Android version 2.2 ပါ။
Fontchanger နဲ့အသုံးပြုပြီး မြန်မာဖောင့်ထည့်တာက i-mobile i693 မှာ Original ပါတဲ့ ယိုးဒယားဖောင့်ကိုပါ မပျောက်ပဲ မြန်မာဖောင့်တမျိုး, ယိုးဒယားဖောင့်တမျိုး တလှည့်စီပြောင်းသုံးချင်တဲ့သူတွေအတွက်ပါ။
ရိုးရိုးတန်း မြန်မာဖောင့်ပါတဲ့ DroidSansFallback.ttf ကို Root လုပ်ပြီး System >> Fonts >> Original DroidSansFallback.tt ကို Overwrite လုပ်ပြီး မြန်မာဖောင့်မြင်အောင် လုပ်လို့ရပါတယ်။
Original DroidSansFallback.tt ကို Overwrite လုပ်လိုက်တဲ့တွက် Original ပါတဲ့ ယိုးဒယားဖောင့် အလုပ်မလုပ်တော့ပါဘူး။
အခုပြတဲ့ နည်းလမ်းတိုင်း step by step မှန်ခဲ့မယ်ဆိုရင်  မိတ်ဆွေရဲ့ i-mobile i693 ကို ယိုးဒယားဖောင့် မပျေက်ဘဲ မြန်မာဖောင့်ကောင်းစွာထည့်နိုင်မှာပါ။
Root လုပ်နည်း
အဆင့်  ၁ :   Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့်   ၂ :  Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင်ကိုဖြည်ပါ။
အဆင့် ၃ :   Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။ Phone Setting>>Applications>>Unknown sources နှင့် Development>> မှ USB debugging ကို Enable လုပ်ပေးပါ။
အဆင့် ၄ :   ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။
အဆင့် ၅ :   Root button ကို ကလစ်နှိပ်ပေးပါ။ Busybox install လုပ်မလားလို့ Box တက်လာလျှင် Yes နှိပ့်ပေးပါ။ ” Root install has completed Would you like run a test ” Box ပ်ါလာလျှင် မိမိဖုန်းမှာ Superuser ရရှိပြီး Root လုပ်လို့အောင်မြင်ပြီးသွားပါပြီး Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။
RootRoot လုပ်ပြီးလို့ သေချာပေါက် Superuser ရပြီဆိုရင်
i-mobile i693 ကို Root လုပ်လို့ပြီးဆုံးသွားပါပြီး
i-mobile i693 ကို မြန်မာဖောင့်ပေါ်ဖို့တွက်
အောက်မှာ Fontchanger သုံးပြီး မြန်မာဖောင့်ထည့်နည်းကို ဆက်လက်ဖော်ပြထားပါတယ်။
www.cx.com direct link မှ SuperOneClick Tool  အားရယူရန်

(OR)
www.munius.com မှ SuperOneClick Tool  အားရယူရန်

Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်






Fontchanger သုံးပြီး မြန်မာဖောင့်ထည့်နည်း
* ပထမဆုံး မိမိဖုန်းက root လုပ်ထားရပါမယ် *
fontchanger ကို install လုပ်ပေးပါ (ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ တချို့ဖုန်းတွင် fontchanger application တွက် busybox တောင်းပါက busybox ကို install လုပ်ပေးပါ (ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
* ဒုတိယအဆင်အနေနဲ့ *
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ (ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ (ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ ။
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ ။
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။ ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ ။ apply , preview နှင့် cancel ပေါ်လာလျှင် apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုနှိပ်ပေးပါ။
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်း ယိုးဒယား ဖာင့်မပျောက်ပဲ မြန်မာဖောင့်နဲ့ တွဲဖတ်ပြီး တလှည့်စီချိန်းပြီး အသုံးပြုလို့ရပါပြီ။
Fontchanger သုံးပြီး မြန်မာဖောင့် ထည့်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်


www.cx.com direct link မှ Fontchanger , rootexplore ,zawgyione.ttf , busybox , zawgyikeyboard များ အားရယူရန်

(OR)
www.munius.com မှ Fontchanger , rootexplore ,zawgyione.ttf , busybox , zawgyikeyboard များ အားရယူရန်

အားလုံအဆင်ပြေပြီး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ် :)………………….

HTC မှာ ဇော်ဂျီဖောင့် root လုပ်တဲ့နည်း


: ဒီနည်းလေးကတော့.... ကဲ HTC သမားတွေရေ....သက်သက်သာသာနဲ့ ဇော်ဂျီဖောင့် root လုပ်တဲ့နည်း လာပါပြီ...... font changer app ကို ဒီမှာ  ဒေါင်းလိုက်ပါ.... ပြီးရင် ဇော်ဂျီ true type font (*.ttf) ကို SD card ထဲ ကူးထည့်ထားလိုက်ပါ.... application ကို ဒေါင်းလုပ်လုပ်ပြီးတာနဲ့ Run လိုက်ပါ.... arial font တွေ ပေါ်လာပါလိမ့်မယ်.... အဲ့ဒီ arial font ကို တချက်နှိပ်လိုက်ပါ... နှိပ်ပြီးတာနဲ့ SD card folder ပေါ်လာပါလိမ့်မယ်... ပေါ်လာရင် ဇော်ဂျီဖောင့်ကို ထည့်ထားတဲ့ နေရာကို သွားပြီး zawgyi one (*.ttf) ကို နှိပ်လိုက်ပါ.... အဲ့ဒီလို နှိပ်ပြီးတာနဲ့ နောက်တကွက် ထပ်ပေါ်လာပါလိမ့်မယ်.... Apply ကို နှိပ်ပြီး reboot လုပ်လိုက်ပါ.... ကဲ စိတ်ချလက်ချ သုံးနိုင်ပါပြီဗျာ...အားလုံးအတွက် အသုံးဝင်ပါစေဗျာ...
font changer apk ကို install လုပ်လိုက်ပါ.... ပြီးလျှင် myandroid zawgyi keyboard ကို တင်ပါ... zawgyi one apk ကို တင်ပါ.... ပြီးလျှင် ဇော်ဂျီဖောင့် *.ttf ဖိုင်ကို sd ကဒ်ထဲက font changer folder ထဲ ကူးထည့်လိုကပါ... fontchanger app ကို ဖွင့်ပါ.... advance ထဲ ၀င်လိုက်ပါ... ပြီးလျှင် ရှိသမျှဖောင့်နေရာမှာ ဇော်ဂျီဖောင့်ကို ထည့်ပေးလိုက်ပါ... အဆင်ပြေပါလိမ့်မယ်...

ဓာတ်ပုံ ဆိုဒ် ချုံ့ ဖို့  ဒီနည်းလေး လွယ်ပြီး ရှင်းလို့  သိမ်းပြီး ပြန်မျှသဗျား..

ဓာတ်ပုံ ဆိုဒ် ချုံ့ ဖို့ 

ဒီနည်းလေး လွယ်ပြီး ရှင်းလို့  သိမ်းပြီး ပြန်မျှသဗျား..

တစ်ကယ်အသုံးဝင်ပါတယ်..လိုအပ်ရင် စမ်းကြပါ...

Facebook သုံးတဲ့သူတွေတော်တော်များများ ကြုံတွေ့ဘူးမှာပါ …. ဓါတ်ပုံတစ်ပုံ တင်လိုက်ပြီ ဆိုရင် တမေ့တမော စောင့်ခဲ့ရတာတွေ …. တ၀က်တပျက်နဲ့ ပြတ်သွားတာတွေ …. ကျွန်တော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် …. ကွန်နက်ရှင်ကောင်းရင်တော့ မပြောလိုပါ … သို့သော် ကွန်နက်ရှင် နှေးနေတဲ့ အခါကျရင် တော်တော်ကို စိတ် ရှည်ရပါတယ် ….

အဓိကတရားခံကတော့ ဖိုင်ဆိုဒ်ပါ …. ကျွန်တော်တို့ ကင်မရာကနေ ကော်ပီလုပ်လိုက်တဲ့ ဓါတ်ပုံဖိုင်တစ်ဖိုင်ဟာ အနည်းဆုံး 2 MB ထက်တော့ အသာလေးကျော်ပါတယ် … ဒါကလဲ Quality ကောင်းရင်ကောင်းသလို ဖိုင်ဆိုဒ်တွေက ကြီးနေမှာပဲ …. အဲဒါကို file compress မလုပ်ပဲနဲ့ ဒီအတိုင်း အင်တာနက်အပေါ်တင်ရင် တော့ အချိန်ကုန်မယ် …. လူပင်ပန်းမယ် … ပိုက်ဆံကုန်မယ် ….

အခုပြောပြမှာတော့ File compress နည်းပါပဲ …file compress လုပ်ပြီးရင် ဓါတ်ပုံဖိုင်ဟာ MB အဆင့်ကနေ KB အဆင့်ထိ ကျဆင်းသွားတာမြင်ရမှာပါ … ဒီနည်းဟာ အလွယ်ဆုံးနဲ့ အသုံးများဆုံး နည်းပါပဲ ….

ပထမဦးစွာ ဓါတ်ပုံတစ်ပုံကို right clip ထောက်ပြီးတော့ Microsoft Office 2010 ကို ရွေးပေးရပါမယ် …. Microsoft Office 2010 ရှိတဲ့စက်တွေကတော့ Microsoft Office 2010 လို့ပေါ်ပြီးတော့ Microsoft Office 2003 or 20007 ရှိတဲ့စက်တွေကတော့Microsoft Office Picture Manager လို့ပေါ်ပါလိမ့်မယ်

….ဖွင့်ပြီးရင် Edit Pictures … ပြီးရင် Compress Pictures


ပြီးရင် Document ကို ရွေး ….



Document ကိုရွေးလိုက်ရင် အောက်မှာပြထားတဲ့အတိုင်း ဖိုင်ဆိုဒ်ဟာ တော်တော်ကွားခြားပြီးသေးငယ်သွားမှာကို တွေ့ရမှာပါ ….

ပြီးရင် OK ပေးလိုက်တဲ့ အခါမှာတော့ နောက်ဆုံး ဖိုင်ဆိုဒ်ဟာ 189 kb ပဲရှိတော့တာကို တွေ့ရမှာပါ …

ပြီးရင် တော့  save လုပ်လိုက်ရင် ရပါပြီ။



ကဲ …. ဖိုင်ဆိုဒ်ကဒီလောက်ပဲရှိတော့ အင်တာနက်မှာ Upload လုပ်ရတာ ပိုမို လျှင်မြန်သွားသလို … ကိုယ့်ကွန်ပြူတာရဲ့ hard disk space ကိုလဲ ပိုမိုအသုံးပြုနိုင်မှာဖြစ်ပါတယ် ….

ကဲ …. ဒီ tool လေးကို အသုံးပြုပြီး အချိန်နဲနဲနဲ့ ဓါတ်ပုံများများ အင်တာနက်ပေါ်တင်ကြရအောင် …

Click တစ်ချက်နှိပ်လိုက်တာနဲ့ စကြ၀ဠာကြီးတစ်ခုလုံး သင့်ရှေ့မှောက် ဒူးထောက်လာစေရမယ်



အပျင်းပြေပေါ့ဗျာ ..
အင်တာနက်သုံးနေရင်း ဗဟုသုတလည်းရ အသစ်အဆန်းလေးတွေလည်း
လေ့လာနိုင်မယ့် Website လေးတစ်ခုကို မိတ်ဆက်ပေးပါမယ် ..
အဲဒီ Website မှာ ကျွန်တော်တို့နေထိုင်တဲ့ စကြ၀ဠာကြီးတစ်ခုလုံးအကြောင်းကို
စိတ်ဝင်စားစရာလေ့လာနိုင်မှာ ဖြစ်ပါတယ် ...
စကြ၀ဠာကြီးကို အဝေးတစ်နေရာကနေ လှမ်းကြည့်လို့ မြင်ရမယ့် အနေအထားကနေ
တဖြည်းဖြည်း စကြ၀ဠာထဲ တိုးတိုးပြီးဝင်သွားလိုက်တာ .. လမ်းတလျှောက်မှာရှိတဲ့
ဂြိုလ်တွေအကြောင်းကိုလည်း လေ့လာမှတ်သားသွားနိုင်ပါတယ် ..


             အဲဒီလို တဖြည်းဖြည်းတိုးဝင်သွားရင်းနဲ့ ဘယ်လောက်ထိအောင် လေ့လာခွင့်ရမလဲဆိုရင်
မိုက်ခရိုစကုပ်နဲ့တောင် ကြည့်လို့မရတော့လောက်အောင် သေးငယ်တဲ့ အခြေအနေအထိရှိတဲ့
အရာတွေအကြောင်းကိုပါ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ..
 
စကြ၀ဠာကြီးကို လေ့လာရန် သွားပါ=>> http://htwins.net/scale2/

အဲဒီမှာ Loading ကို ပြည်အောင်စောင့်ပေးလိုက်ပါ ..
Loading ပြည့်သွားရင် Start ဆိုတာပေါ်လာပါမယ် .. Start ကိုနှိပ်လိုက်ရင်
ပုံအတိုင်း စကြ၀ဠာခရီးစဉ်ကြီး စတင်ရုံပါပဲ ..

       မောက်မှာပါတဲ့ Scroll ဘီးလေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ခရီးဆက်လိုက်ပါ ..
လမ်းမှာတွေ့သမျှ အရာတွေအားလုံးထဲက ကိုယ်သိချင်တဲ့ အရာလေးများတွေ့ရင်
အဲဒီနေရာလေးကို ကလစ်နှိပ်လိုက်ပါ .. အဲဒီအရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို
ဖော်ပြပေးမှာ ဖြစ်ပါတယ် ...
ခရီးဆက်မယ်ဆိုရင်တော့ မောက်က Scroll Wheel ကို လက်ညှိုးလေးနဲ့ထိပြီး လီဗာတင်လိုက်ပေါ့ဗျာ

အိုင်တီမုဆိုး

မူရင်း= http://www.facebook.com/photo.php?fbid=379588852138952&set=a.35...
 
ဗဟုသုတ ကြွယ်ဝကြပါစေ.......
                                                                လေးစားစွာဖြင့်    ....
 မင်းခ မောင် 

Google Talk မှာ ZawGyi Font ပြဿနာတက်နေသူတွေ အတွက်ပါ။


Google Talk မှာ ZawGyi Font ပြဿနာတက်နေသူတွေ အတွက်ပါ။

            မသိသေးတဲ့ Gtalk User များအတွက် ရည်ရွယ်ပါတယ်။သိပြီးသော အကို အမများ ညီငယ် ညီမငယ်များသည်းခံပါခင်ဗျာ။ Gtalk မှာ တဖက်က မြန်မာစာရိုက်ရင် မြန်မာလိုမပေါ်ပဲ လေးထောင့် ကွက်ကလေးတွေပဲ တွေ့နေရသူတွေ၊ မိမိက မြန်မာလိုရိုက်ရင်ရပြီး Enter ခေါက်လိုက်တဲ့အခါ
လေးထောင့်ကွက်များဖြစ်သွားသူတွေအတွက်ပါ။ အဲဒီ Error ကို လူတိုင်းတော့ ကြုံရခဲပါတယ်။
ကျနော်လည်း မသိခင်တုံးက တော်တော် ခေါင်းပူခဲ့ရတယ်။ ကျန်တဲ့နေရာတွေမှာ ဇော်ဂျီသုံးလို့ရပြီး
gtalk တခုတည်းမှာ ပြဿနာတက်နေတော့ Windows ပြန်တင်ရလဲအခက်။ ဒါနဲ့ Online ပေါ်တက်
သိသူ တက်သူတွေကို မေးမြန်းရတော့တာပေါ့။ နောက်ဆုံးတော့ အဖြေတွေ့ပါတယ်။ လွယ်လွယ်
ကလေးပါပဲ။ စကြရအောင်လားဗျာ။
၁။ Internet Explorer ထဲကိုဝင်ပါ။ Tool ထဲက Internet Options ထဲသို့သွားပါ။
၂။ General Tab မှ Fonts Tab ကို နှိပ်ပါ။
၃။ Times New Roman font နေရာမှာ Zawgyi-One ပြောင်းလိုက်ပါ။
 ဒါဆို gtalk လေး အဆင်ပြေသွားပါပြီ။
လေ့လာနေလျက် မင်းခမောင်

မြန်မာစာရေးတာ. နှေးသူများအတွက် အလိုလိုရေးပေးဖို့ Itext MM*****


မြန်မာစာရေးတာ.  နှေးသူများအတွက်  အလိုလိုရေးပေးဖို့       Itext MM  သူငယ်ချင်းတွေ
ကြိုက်မယ်လိုထင်ပါတယ်......။ပါ.........
ဒီဟာလေးကတော့ Google Play မှာ အမှတ်မထင်တွေ့ တာနဲ့  စမ်းထည့်ကြည့်တာ တကယ်ကောင်းတယ် နေကောင်းလား ရေးချင်ရင်. နေ ဆိုတာကို ရေးလိုက်တာနဲ့  ကောင်း လား ဆိုတာတွေက အလိုလို ပေါ်ပေးနေတော့ ကောက်ယူလိုက်ရုံပဲဗျ တွေ့ တာနောက်ကျသွားသလိုပဲ အရင် ကီးဘုတ်နဲ့ စာရင် ဒီဟာလေးကို သုံးကြည့် စာရေးတာနှေးသူတွေ ရေးကြည့် ။ သူငယ် ကိုရေးတာနဲ့  ချင်း ကပါလာပြီးသားပဲ ပြီးတော့ မြန်မာအက္ခရာစဉ်အတိုင်း စီထားတဲ့အတွက် ဟိုရှာဒီရှာလုပ်စရာမလိုပါ ကကြီး ပြီးရင် ခခွေး ( က - ခ - ဂ - ဃ ) ဆိုပြီးစီထားတဲ့အတွက် အလွယ်တကူပဲ ရိုက်နိုင်ပါလိမ့်မယ် ပြီးတော့ ဗျည်း နဲ့ သရ ခွဲပေးထားသေးတယ် ။ ဘိုလိုပဲ ဖစ်ဖစ် ကောင်းတယ်လို့ ပဲ ဆိုချင်တယ် စမ်းသုံးကြည့်ပါလို့ လည်း တိုက်တွန်းပါတယ် 
ဒီလင့်မှာယူပါ -Auto Myanmar Keyboard for Androit Phone

ဒီလင့်မှာယူပါ -Auto Myanmar Keyboard for Androit Phone

ဗီဒီယိုကြည့်ချင်ရင် - https://www.youtube.com/watch

Saturday, March 2, 2013

iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း


iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း

iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း ကို ကျွန်တော်ဖတ်ရှုထားတာကို ပြန်ပြီး ဝေမျှပေးလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင် မစမ်းသပ်ရသေးတဲ့ အတွက် မည်သည့် အရာမျှဝင်ရောက်ဖြည့်စွက်ထားခြင်း မရှိပဲ မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ်. . .

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ပေါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။
လိုအပ်ချက်
OS : 3.0 >= Type : Jailbreak Installer : Cydia Internet : Require Add Repo in Cydia
Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်
http://cydia.macforus.com
ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်
Zawgyi Font နှင့်
Zawgyi Keyboard
ဆိုပြီး ၂ ခုရှိပါသည်။ Package Installation
Zawgyi Font
Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။
Zawgyi Keyboard
Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့် အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။
အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။
၁။ English စာတွင် autocorrect မဖြစ်တော့ခြင်း။
၂။ keyboard အတက်နှေးခြင်း။
၃။ အခိျု့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။

သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည် ဆိုမှ သွင်းပါရန်။
သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။ keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင် ကြည့်ရှုနိုင်ပါသည်။
ဗွီဒီယိုဒီမှာကြည့်ရန်
၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။
၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။
၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။
၎။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။
ဒါဆိုရင် ရပါပြီ။ keyboard ပြောင်းချင်လျှင် ကမ0x081ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။
သင့် iPhone/iPod Touch recovery ပြန်လုပ်ရခြင်း data lost များဖြစ်ခြင်း ၊ အခြား တစ်စုံတစ်ရာ ကိစ0x081စများဖြစ်ခြင်း တို့ကို လုံးဝ တာဝန်မယူပါ။ How to upgrade
အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်
Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။
iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။
ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်တွင် ပြခဲ့သည် video အတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။
Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်။  

မြန်မာလို မရ ရအောင် ရိုက်ကြမယ်


မြန်မာလို မရ ရအောင် ရိုက်ကြမယ်


iOS 3.1.3 နောက်ပိုင်း Firmware တွေက စပြီး ခုလက်ရှိ iOS 4.1/4.2 အထိ မြန်မာစာ ဇော်ဂျီဖောင့်ကို ဖတ်ရုံသာဖတ်နိုင်ပြီး မြန်မာလက်ကွက် Keyboard မရနိုင်သေးတဲ့ အတွက် မြန်မာစာ ရိုက်လို့ မရသေးပါဘူး... ဒီလိုအခြေနေမှာ မဖြစ်မနေ မြန်မာစာရိုက်ချင်သော သူများအတွက် နည်းလမ်းလေး တစ်ခုတင်ပြချင်ပါတယ်... ဒီနည်းလေးကတော့ "လိုလျှင်ကြံဆ နည်းလမ်းရ" ဆိုသော စကားနဲ့ အညီ မြန်မာတို့ ရဲ့ ထုံးစံအတိုင်း ဖြတ်ထိုးဉာဏ်သုံးတဲ့ နည်းလမ်းလေးဖြစ်လို့  မြန်မာစာဖတ်လို့ ရသော မည်သည့် iPhone မှာမဆို အသုံးချလို့ ရပါတယ်...

သင်ဟာ မြန်မာဇော်ဂျီ လက်ကွက်ကို အလွတ်နေသူ တစ်ယောက်ဆိုရင်တော့ ပိုပြီး အဆင်ပြေပါလိမ့်မယ်...
ဘာကြောင့်ဆိုရသော် English Keyboard မှာ ရိုက်ရမှာဖြစ်တဲ့အတွက်ပါ..

Internet connection ကလွဲလို့ ဘာ software အကူညီမှ မလိုပါဘူး။

၁) Safari မှာ အောက်ပါ URL လေးကို ရိုက်ထည့်လိုက်ပါ
( http://burglish.my-mm.org/latest/trunk/web/testarea.htm )



၂) Characters List နှင့် Type Writer ကို အမှန်ခြစ်ပေးပြီး ON လိုက်ပါ



စာရိုက်နေစဉ် အက0x081ခရာ အခက်ခဲရှိပါက Characters List ထဲမှ ရွေးလို့ ရပါတယ်။

၃) ရိုက်လိုသောစာကို ရိုက်ပြီးသွားပါက Select All နှင့် Copy လုပ်ပြီး မိမိကူးထည့် လိုသော နေရာမှာ Paste လုပ်ပေးလိုက်ပါ
(ဥပမာ။ ။ Facebook မှာပဲ ဖြစ်ဖြစ် SMS မှာပဲဖြစ်ဖြစ်ပေါ့)



ဒီလိုနည်းလမ်းလေးနဲ့  လောလောဆယ်မှာ ပညာရှင်များ မြန်မာ Keyboard ကို update မလုပ်သေးခင်ချိန်ထိ အာသာပြေ ယာယီ အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းလေးပေးပါရစေ....

ဒီပိုစ့်လေး ကိုနှစ်သက်လို့  ကျေးဇူးတင်ကြမယ်ဆိုရင်တော့ နည်းပေးလမ်းပြဖြစ်တဲ့ ကိုအိမ်မက်ရှင်ကိုပဲ သူရဲ့  အိမ်မက်ရှင် website မှာ ကျေးဇူးတင်နိုင်ကြပါတယ် ခင်ဗျား.....

အိမ်မက်ရှင်ရေ ကျေးဇူးပါ....

မိုးသိကြား

iPhone,iPad အတွက်မြန်မာ ကီးဘုတ်..


iPhone,iPad အတွက်မြန်မာ ကီးဘုတ်...



မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး lunch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။


MMKeyboard ကို မနေ့က 15 ရက် November ကစပြီး App Store မှာစဖြန့်ပါတယ်။ wOOty Lab ကနေလုပ်တယ်လို့ Splash screen မှာတွေ့ရပါတယ်။ ရောင်းဈေးက 0.99$ (1 US$) နဲ့ ရောင်းပါတယ်။ မြန်မာစာ keyboard ဖြစ်ပြီး ဇော်ဂျီဖောင့်ကို အသုံးပြုထားပါတယ်။ လက်ကွက်များက desktop keyboard အတိုင်းဖြစ်လို့ မြန်မာစာရိုက်တတ်သူတိုင်း 1 မိနစ်လောက်အတွင်း အကျွမ်းတဝင်ဖြစ်သွားမှာပါ။ jailbreak လုပ်စရာမလိုတဲ့အပြင် အခြား mail, facebook app တွေက မမြင်ရတဲ့ မြန်မာစာကိုပါ copy ကူးပြီး ဒီ MMKeyboard app ထဲမှာ paste လုပ်ပြီး ဖတ်နို်ပါတယ်။ အရင်ကဆို ကျွန်တော် မြန်မာစာဖတ်ချင်ရင် copy ကူးပြီး font embed လုပ်ထားတဲ့ ကျွန်တော့ blog comment form မှာ paste လုပ်ကြည့် ယူရပါတယ်။ ဒါမှမဟုတ် offline မှာဆို ကိုထွန်းသူရသက်ုလုပ်ထားတဲ့ iMyanmar App က browser URL ဘားမှာ paste လုပ်ဖတ်ရတာပါ အခုကတော့ အဆင်ပြေသွားတဲ့ အပြင်စာပိုဒ် အရှည်တွေပါအလွယ်တကူ ဖတ်လို့ရသွားပါတယ်။


လက်ရှိမှာ version 1.0 ဖြစ်ပြီး လိုအပ်ချက်တစ်ခိျု့ရှိပါသေးတယ်။ နောက် version update တွေကျရင်တော့ update လုပ်ပြီးပြင်သွားမှာပါ။ လက်ရှိမှာ မြန်မာ ဂဏန်းတွေရေးလို့ မရသေးပါဘူး၊ နောက်အခြား မြန်မာစာ နှစ်ထပ်ဆင့်တွေ မရသေးပါဘူး။ keyboard typing sound သံက noise သံပါနေပြီး စာရိုက်တာမြန်ရင် interactive မဖြစ်တော့ပါဘူး။နောက်တစ်ခုက iPod music player ဖွင့်ထားပြီး စာရိုက်မယ်ဆို app ထဲဝင်ပြီး မြန်မာစာရိုက်လိုက်တာနဲ့ သီချင်းပိတ်သွားမှာပါ။ မဖြစ်ချင်ရင် app စဝင်ကတည်းက setting မှာ sound off လုပ်ထားရပါမယ်။ နောက်မြန်မာစာရိုက်နေတုန်း မှားလို့  backspace ဖျက်ချင်ရင်ဖြစ်ဖြစ်၊ နောက် တစ်ပိုဒ် enter ဆင်းချင်ရင် English keyboard ကို ပြန်ပြောင်းယူရတာ နဲနဲခက်ပါတယ်။ app က resume (Multitasking ready) မဖြစ်သေးတဲ့ အတွက် ဖုန်းဝင်လာလို့ ဖြစ်စေ၊ ထွက်ပြီးပြန်ဝင်ရင် နဂို ရိုက်လက်စ စာတွေပျောက်ကုန်ပါတယ်။ Setting ထဲက sound off ကလဲ save မလုပ်သေးပါဘူး။ စာနဲနဲရိုက် ပြီးတိုင်း copy လုပ်ပြီး back up ယူထားသင့်ပါတယ်။ နောက် update မှာပြင်ပြီးသား ဖြစ်သွားမှာပါ။


MMKeyboard မှာ ရိက်ပြီးသားစာကို in app email ပို့လို့ရတာတော်တော် အသုံးဝင်ပါတယ်။ နောက်ဒီ app နဲ့ပဲ အလုပ်သွားရင်း ရထားပေါ်မှာ ဖြစ်ဖြစ် သတင်းတွေ၊ facebook, email messages တွေဖတ်လို့ ရသလို reply ပြန်လို့ ရနိုင်ပါတယ်။ WordPress app တွေနဲ့ mobile blogging လုပ်လို့ ရလာနိုင်ပါတယ်၊ အခုတောင်စာကို ကျွန်တော် MMKeyboard သုံးပြီး iPad မှာ ရေးထားတာပါ။ MMKeyboard ဟာ မြန်မာစာဖတ်လိုသူတွေ ရေးလိုသူတွေ အတွက် ဝယ်ထားသင့်တဲ့ app တစ်ခုဖြစ်တယ်လို့ ညွှန်းပါရစေ။ ကျေးဇူးပါ။

Post Credit to
; ကိုထူးတေဇာရဲ့  Blog ကနေပြီး မြန်မာစာရိုက်ဖို့  မျှော်လင့်နေကြတဲ့ ပရိတ်သတ် အတွက် တစ်ဆင့်ပြန်လည် မျှဝေဖော်ပြပေးတာပါ...

iOS 4.1 အတွက် မြန်မာ လက်ကွက် ထည့်သွင်းနည်း


iOS 4.1 အတွက် မြန်မာ လက်ကွက် ထည့်သွင်းနည်း


အချိန်အတော်ကြာကြာ စောင့်စားခဲ့ရတဲ့ မြန်မာ စာရိုက်စနစ် Keyboard ကို iOS 4.1 အတွက်ထွက်ရှိလာပါပြီ ကိုစေတန် ရဲ့  အားထုတ်မှုနဲ့  မရှေးမနှောင်းလေးမှာ ကိုဝေလင်းဖြိုးကနေပြီးတော့ iPhone(iOS4.1) တွေအတွက် မြန်မာလက်ကွက်စနစ် (zawgyi Keyboard) ကို ရေးသားပေးခဲ့ပါပြီ... ကိုစေတန် နှင့် ကိုဝေလင်းဖြိုးကို အထူးလေးစား ကျေးဇူးတင်လိုက်ကြရအောင်ပါခင်ဗျာ...
iOS 4.2 အတွက် ကတော့ ကိုဝေလင်းဖြိုး ရေးနေဆဲလို့  သိရပါတယ်....

လောလောဆယ် မှာတော့ ကိုစေတန် နှင့် ကိုဝေလင်းဖြိုး တို့ ရဲ့  Zawgyi keyboard စနစ် နှစ်ခုရှိနေပါတယ် အဲဒီအထဲကမှ ကိုဝေလင်းဖြိုးရဲ့  စနစ်ကို တင်ပြပေးပါရစေ...

ဘာကြောင့်လဲလို့  ဆိုရင်တော့ ကိုစေတန် က zawgyi keyboard စနစ် project ကို သူ့ ရဲ့  Zawgyi Keyboard iOS 4.1(alpa) ရေးလို့ အပြီးမှာ ဆက်လက်မရေးတော့ဘူးလို့ အတိလင်းပြောကြားသွားခဲ့တဲ့ အတွက် နောက်ပိုင်း တွေမှာ အဆင်ပြေစေချင်တဲ့ သဘောသက်သက်ပါ မြန်မာစာနှင့် လက်ကွက်ကို iPhone မှာ စတင် ကြိုးစားပေးခဲ့တဲ့ ကိုစေတန်ကို အစဉ်လေးစားလျှက်ပါ...

Zawgyi Keyboard For iOS 4.1 ထည့်သွင်းနည်း

၁) သင့် iPhone(iOS 4.1) သည် Jailbroken ဖြစ်ရပါမယ်
၂) သင်မှာ ယခင်က zawgyi Font သွင်းပြီးသား ဖြစ်ပါက
    Cydia --> Manage --> Sources --> cydia.macforus.com --> Zawgyi Keyboard iOS (only for iOS 4.1) အောက်ဆုံးမှာ အသစ် အနေနဲ့ တွေ့ ရပါမယ်
    Install လုပ်ပေးလိုက်ပါ Install လုပ်ပြီးပါက အောက်ပါပုံ အတိုင်းတွေ့ ရပါမယ်


*** Font အခုမှ စသွင်းမည့်သူများ အတွက် ***
၁) Cydia --> Manage --> Sources --> Edit --> ပေါ်လာသော နေရာတွင် http://cydia.macforus.com ဟု ရိုက်ပေးလိုက်ပါ
၂) Zawgyi Font iOS ( only for iOS >= 3.2) နှင့် Zawgyi Keyboard iOS (only for iOS 4.1) နှစ်မျိုးစလုံးကို တစ်ခုချင်း Install လုပ်ပေးလိုက်ပါ

*********************************
အောက်ပါ အဆင့်များကို ဆက်ရန် သင့် အတွက် iFunBox Software တစ်ခု လိုအပ်ပါတယ် အောက်မှာ Download အရင်ရယူပါ...

zawgyi keyboard ကိုလည်း  PC မှာ Download လုပ်ပြီး၊ ရလာသော Zip file ကို ဖြည်ထားပါ (myankey) Folder တစ်ခုနှင့် KeyboardTitles.strings (File) တစ်ခု ရပါလိမ့်မည်။

Zawgyi Kerboard Download HERE!!!

Download "iFun Box" HERE!!!

၁) iFunBox.exe ကို Run လိုက်ပါ
၂) iPhone ကို PC နှင့် ချိပ်ဆက်ပါ၊ iTune တက်လာပါက ပိတ်ပစ်ပါ
၃) iPhone icon ကို Select နှိပ်လိုက်ပါ အောက်ပါအတိုင်းတွေ့ ရမည်

၎) myankey folder ထဲမှ file များကို System/Library/Frameworks/UIKIT.Framework/ ထဲသို့  Copy ကူးရန် အောက်ပါ ပုံများအတိုင်း တစ်ဆင့်ချင်းလိုက်သွားပါ...


 







၅) KeyboardTitles.strings ကို Applications/Preferences.app/English.lproj/ ထဲသို့  Copy ကူးရန်
   အောက်ပါ ပုံများအတိုင်း တစ်ဆင့်ချင်းလိုက်သွားပါ...






******************************

zawgyi keyboard (iOS4.1) Install လုပ်ငန်းစဉ် ပြီးဆုံးပါပြီ..

သင့် iPhone ကို Reboot ပြန်လုပ်ပေးလိုက်ပါ..

****************************************

ယခု zawyi keyboard ကို iPhone မှာ Setting ချရန် ဆက်လက်လုပ်ဆောင်ပါ...

၁) iPhone မှ Setting --> General --> Keyboard --> International Keyboards -->
    Add New Keyboard --> Thai  ကိုရွေးပေးလိုက်ပါ။
    "Myanmar-Zawgyi" နှင့် "Myanmar-Alphabetical-Order" ဆိုပြီးတက်လာရင် "Myanmar-Zawgyi"   ကိုသာရွေးပေးလိုက်ပါ....

    ကဲ.. ရိုက်ချင်သလောက်သာ ရိုက်ကြပေတော့ဗျို့  ..... 

iOS4.2.1 တွင် မြန်မာလက်ကွက် ထည့်သွင်းနည်း


iOS4.2.1 တွင် မြန်မာလက်ကွက် ထည့်သွင်းနည်း


iOS 4.2.1 အတွက် ဇော်ဂျီဖောင့် ကို update လုပ်ပြီးပြီဖြစ်လို့  ဖောင့် နှင့် ကီးဘုတ် ထည့်သွင်းခြင်းမှာ အရင်ပုံစံလို မရှုပ်ထွေးတော့ပါဘူး အခြား မည်သည့် Application အကူညီမှလဲ မလိုတော့ပါဘူး၊ ဇော်ဂျီဖောင့်ကို အမြဲ Update လုပ်ပေးနေသူက "ကိုစေတန်"ပါ...

iOS4.2.1 တွင်ဇော်ဂျီဖောင့်နှင့် လက်ကွက် ထည့်သွင်းနည်း
 
၁) Home screen ရှိ Cydia ဖွင့်ပါ။

၂) Cydia --> Manage --> Sources --> Edit --> Add

၃) Add တွင် "cydia.macforus.com" ဟုရိုက်ထည့်ပေးလိုက်ပြီး Add Source ကိုနှိပ်ပါ။ ပြီးရင် Done ကိုနှိပ်ပါ။

၎) cydia.macforus.com --> Zawgyi Keyboard iPad 4.2 ဆိုတာ တစ်ခုထဲကို Install လုပ်လိုက်ပါ။

၅) Home screen ရှိ Settings ကိုသွားပါ။

၆) Settings --> General --> Keyboard --> International Keyboards -->
Add New Keyboard --> Myanmar ကိုရွေးပေးလိုက် ရင်ရပါပြီ။

Device ကို Respring သို့  Reboot လုပ်ပေးလိုက်ပါ။