Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, February 11, 2013

အဖေ့လက်သုံးစကား


           အဖေ့လက်သုံးစကား
အသိလိမ္မာထုံ             ပညာဂုဏ်နှင့်
ပြည့်စုံလိုငြား              အဖေ့၏သား
လူတို့ထုံးစံ                 ကဲ့ရဲ့ဒဏ်ကို
ခံနိုင်ရည်ဇွဲ                 သတ္တိခဲများ
မွေး၍ထားလော့။     ။
ကဲ့ရဲ့ချီးမွမ်း               ဤနှစ်လမ်းက
လူနမ်းနှုတ်ဖျား          ရေပန်းစား၍
လောကီအစာတ်       လူတို့နှုတ်မှာ
မဟုတ်လည်းပြော     ဟုတ်လည်းပြော၏။    ။
အပေါယံကြော         အပြောသန်သန်
မမှန်စိတ်ထား          တရားမဲ့ကင်း
သူငယ်ချင်းကို          ပေါင်းသင်းစိတ်စွဲ
မမှီဝဲနှင့်                  ရှောင်လွဲ၍သာ
နေထိုင်ပါလော့ ။      ။
စိတ်ခါးနှုတ်ချို          မိန်းမပျိုကို
မေတ္တာယိုထွက်       နှစ်သက်မိက
ဘ၀ညွှန့်တုံး           အပူလုံးနှင့်
ယူကြုံးမရ             သောကတွေဖြစ်
စိတ်ညစ်ရ၍          ကာမရောဂါ
ဝမ်းတွင်းနာကား     ကုရာနတ္ထိ
ဆေးမရှိဘူး....။       ။

အမေ့မှာတော်ပုံ


    အမေ့မှာတော်ပုံ 
အို.........
            ချစ်လှစွာသောသား
            အာရုံတစ်ပါး စိတ်မသွားဘဲ
            နားစိုက်စိုက်ထောင်လော့..။  ။
မမေးမမြန်          မစုံစမ်းဘဲ
တယူသန်           တဇွတ်ထိုးနှင့်
အကောင်းအဆိုး   အကြောင်းအကျိုးမသိဘဲ
ဘယ်အလုပ်မှ      လုံးလကြိုးကုတ်
အားမထုတ်မိစေနှင့်။     ။
မစစ်မဆေး           လက်မှတ်ရေးထိုး
ကိစ္စမျိုးကို             မတိုးမိစေနှင့်။      ။
အမှားအမှန်          ဝေဖန်ဥာဏ်ရှိ
ကဏ္ဍိဖြစ်လော့။    ။
မေ့မေ့လျောလျော  ပေါ့ပေါ့ဆဆ
နှိုင်းထမရှိ             မသိတတ်သူ
မိုက်လူမဖြစ်စေနှင့်။    ။
ယောက်ျားတကာ    တွေ့ရာနှင့်လိုက်
မြင်ရာကိုကြိုက်      စရိုက်တွေဆိုး
မိန်းမမျိုးကို           ဘယ်လိုမူယာ
ဟန်ပါပါနှင့်           လိုရာသွေးဆောင်
ဖြာယောင်းသော်လည်း......
ရင်ထဲနှလုံး           မပြုံးရွှင်နှင့်။   ။
ပညာခရီးရောက်ခါနီးမှ  ချစ်မီးလောင်မြိုက်
ပူတိုက်သမျှ            ယူလိုက်ရလို့
ဆုံးရှုံးပျက်စီး           ချည်းနှီးလူတွေ
မဖြစ်စေနှင့်။     ။
ရည်မှန်းပန်းတိုင်း      လျှောက်လှမ်းနိုင်အောင်
သားမောင်လူလေး   မျှော်တွေးကြံဆ
ကြိုးစားကြနော်....။      ။

Sunday, February 10, 2013

အဖေ့အမှာစာ

    အဖေ့အမှာစာ
သား.......
            အကာတစ်ခွင် ကောင်းကင်ပေါ်က
            နေ၊လ၊ ကြယ် သည် တင့်တယ်ရောင်ဖြင့်
            အမှောင်ကိုခွင်း  အလင်းမြင်အောင်
            လူအကျိုးဆောင်၏ ။
            စိမ်းလန်းကြွားကြွား ဖားလျားရွက်စိပ်
            ပညာရိပ်သည်  ချွေးသိပ်လူများ
            ခိုနားဝင်ထွက်  နှစ်သက်နိုင်အောင်
            လူအကျိုးဆောင်၏ ။
            ကျိုးပဲ့သေးဖွဲ့  အုတ်နီခဲသည်
            လွန်ကဲမြင့်မား  တိုက်တာများနှင့်
            တံတားတွေဆောက် လမ်းဖောက်ရာမှာ
            သွားလာနိုင်အောင်   အကျိုးဆောင်၏ ။
သား.........
            ရုပ်ဒြပ်ဝတ္ထု  အစုစုသည်
            ပြည်သူလူထု  အကျိုးပြုပုံသို့
            ရင့်မှာပေါက်ဖွား အဖေ့သားလည်း
            လူအများအကျိုး  သာ့သနာအကျိုး
            နိုင်ငံအကျိုး သယ်ပို့ဆောင်ရွက်
            အသက်သေသေ ခန္ဓာကြေကွဲ
            သေပွဲနှင့်ကြုံ  သားမောင်ထုံလည်း
            မြန်မာ့ပီပီ  အာဇာနည်မို့
            သာကီမျိုးတို့ ဂုဏ်တိုးရအောင်
            အကျိုးဆောင်ပါလော့   အကျိုးပြု့လော.....။     ။

Saturday, November 17, 2012

မြန်မာ့စိတ်ထား

မြန်မာ့စိတ်ထား
အသားဖြူ၍ ဖြူသည်ဟုလည်း  ရန်မမူပါ
အသားညို၍ ညိုသည်ဟုလည်း ရန်မလိုပါ
အသားမဲ၍  မဲသည်ဟုလည်း  မခွဲခြားပါ
ဘာသာအယူအသွင်မတူလည်း မတူသည်ဟုရန်မပြုပါ
ရိုးသားစိတ်ထား  မြန်မာများသည်  အားလုံးကိုပင် ညီနောင်အသွင်ဖြင့်
ခင်မင်ဆပွား  မေတ္တာထား၍ လေးစားချစ်ကြည်တတ်ပါသည်
သို့ပါသော်လည်း......
ကိုယ်.ပြည် ကိုယ်.တိုင်း ကိုယ်.သမိုင်း နှင်. ကိုယ်.ရေ ကိုယ်.မြေ ကိုယ်.အခြေနှင်. ကိုယ်.အမျိုး ဘာသာ ကိုယ်.သာသနာနှင်. ညီကာ
ရှေ.ရှု ညှိကာပြု သည်. တိုင်းမှုပြည်ရေး နိုင်ငံရေးတွင် ရှုတ်ထွေးစေရန် ကလိန်ဥာဏ်ဖြင်. လာကြံလျှင်တော. ကြီးသော ငယ်သော မဲသော ဖြူသော ဘာသော ညာသော အပိုမပြောဘူး တစ်ဦးတည်းကျန် တစ်ယောက်တည်းရှိ ဒဏ်ရာပြည်.လည်း ရှိသည်. အားနှင်. ပြန်ချမည်။။။။။။။။။။။။။။။။။

Tuesday, August 28, 2012

အရိပ်

သစ်ရိပ်ရယ်လို့ မြင်တာနဲ့

အေးချမ်းတယ်ထင်ပြီး
ငါ..အကြိမ်ကြိမ် ၀င်နားဖူးတယ်။

သတိလက်လွတ်ပဲ။

ကိုင်းတွေကျိုး ရွှက်တွေကြွေတော့မှ
ဘယ်မှာ ဆက်နားရမလဲ …ဘဝ
ထိပ်ဆုံးကို ရောက်ချင်နေမှ
အမြင့်က မိုးတွေ သည်းလာတယ်။

ငါ့ဆက်နားခိုရာ
အရိပ်စစ်စစ် ဘယ်မှာလဲ။

အသိစိတ်တွေ ကင်းနေတဲ့ ညတွေ
သန်းခေါင်ယံကျော်ပေါင်း များများလာတော့
ငါ တစ်ခုခုကို ကြောက်ကြောက်လာတယ်။

တစ်ခါတစ်လေ ငယ်တုန်းကလို
မနက်ခင်းဆည်းဆာကို ကြည့်ချင်နေမှ
နေ၀င်ချိန်ကို မြင်မြင်လာတယ်။

ငါ့ နေ၀င်ချိန်များ ရောက်လေတော့မလား။
အမေ….
အရိပ်တွေမဲ့မဲ့လာတဲ့ သားဘဝ
ဘယ်မှာ ဆက်နားရမလဲ၊ ပြောပါအုံးမေမေ
သားသိလာတဲ့ အရိပ်ဆိုတာ
ဘယ်အချိန်မှ တည်မြဲမလာတော့ဘူး၊

ဒါပေမယ့် မေမေ
သားရင်မှာ တစ်ခါတစ်ခါ အေးချမ်းလာတယ်
အမေ့အရိပ်။

သားဘယ်လောက်ပဲ ပူလောင်နေပါစေ
အမေဆိုတာလေးနဲ့ သားအေးချမ်းလာတယ်…
သား နားလည်လာပြီ မေမေ။

အရိပ်တွေ အားလုံးထဲမှာ မေမေ့ အရိပ် (မိဘ အရိပ်)သာ
အေးချမ်းဆုံးဆိုတာ မိဘနဲ့ ဝေးလေလေ
ပိုပိုသိလာလေလေပါပဲဗျာ။

Friday, July 20, 2012

သင်သေသွားသော်


သင်သေသွားသော်

ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

စာပေဟောပြောပွဲ မှ တို့တိုင်းပြည်

တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏ ။
များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား

လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း ။  ။

ထလော့ မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်း များ၏ ။
များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း
။  ။
ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူက စ၍၊ ငါက အားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစိတ်တဝမ်း ညီစေသတည်း

ပန်:တိုင်




ဒုက္ခကို အဖော်ပြု

ကြမ္မာကို မှတ်ကျောက်တင်ကာ

ခိုင်မာတဲ့ ဆုံးဖြတ်ချက်နှင့်တူ

အောင်မြင်မှုကိုရယူ ကြံခိုင်စိတ်ထား

ယောက်ျားကောင်းတိုရဲ့  အောင်မြင်မှု့

ဆွတိခူးရန် အဆင်သင့်

ဘ၀ခရီးလမ်း အောင်ပွဲတွေ

ထပ်ကာ အလီလီ

ရဖိုရန်ဧကန်မလွဲ။ ။

ဘီလူး

ခြေရာလည်းပျောက် ရေလည်းနောက်

ဆိုရိုးစကား ထင်ယောင်မြင်ဆဲ

ချစ်ဖွယ်စကား နှုတ်ဖျားချိုနေ

စကားရယ်ကြွယ် မာယာနောက်ကွယ်

ဟန်ပန်အပြုံး ရူပတင့်တယ်

နှလုံးပုပ်နှင့် လိုရာဆွဲဆောင်

ပရိယယ်စုံနှင့် ညှို့ယူကာငင်

တောရိုင်းသတ္တ၀ါကို အလွတ်မပေး

ဘီလူးမတွေ ။ ။

နယ်ပယ်မကျွမ်း ကျွံလေမိတော့

မဆိုးလက်ဝယ် အသက်သန္ဓေ

ခန္ဓာပေးကာ သံဝေဂတရားနှင့်

ဘ၀ရောင်ခြည် ကင်းမဲ့လေပြီး ။ ။

ရောင်ခြည်ပန်းတိုင်



တက်မက်စိတ်များ

တိုက်တွန်းနိုးဆော်

ဖြစ်ပေါ်လာသော

ခိုင်မြဲသည့်စိတ်ဓာတ်

စမ်းသပ်ကြိုးစားမှု့

ဆန္ဒပြင်းပြင်း ရည်မှန်းချက်

ဒုက္ခအခက်ခဲ့နှင့်ရင်ဆိုင်

အောင်မြင်မှုပန်းတိုင်သို့

ရောက်ရှိလေပြီ။ ။

အလွမ်းကမ္ဘာ



ပုံရိပ်ကိုကြည့်ပြီး

လွမ်းစကားပြောရတာ

မောလှပါပြီး......

သူလေးလည်း

ကိုယ့်ရဲ့ဘေးမှာ

ပုံရိပ်လေးလို့

အမြဲတညိ့ရှိ

ရင်ဝယ်ပီတိ။ ။

အခုနေချိန်မှာ

တွေ့ရန်ခက်ခဲ့

ရေမြေခြားကာ

ခေတ္တဝေးနေ

မေတ္တာကြိုးက...

တည့်တံ့လေ...။ ။

မြို့ပြတမ်းတခြင်းနှင့် ဘ၀အစ

ရုပ်ဝတ္ထုအလျှံပယ် ပေါနေတာကို
ချမ်းသာမှုလို့ခေါ်ရမလား
ပေါ်ထွက်နေတဲ့ ရုပ်ဝတ္ထု
အသစ်တွေ့ရဲ့နောက်ကို
ငါ့လိုက်ရင်းနဲ့ပေါ့
သူများဝယ်တော့ ငါ့လည်းဝယ်ချင်
သူလည်းသုံးတော့ ငါ့လည်းသုံးချင်
ဒီလိုနဲဘဲ.....
သက်သာရာမရဘဲ
ကိုယ့်ဒုက္ခ ကိုရှာ
လူမှုဝန်းကျင်ဖိအား
social presure အောက်မှာ
မလူးသာမလွန်သာ
ငါ့လှုပ်ရှားကာ
တစ်နေ့တော့လည်း....
သေရမှာဘဲ...မနုဿများ ။ ။

Monday, July 16, 2012

နှလုံးသားသံစဉ်

ဂီတသံစဉ်     သာယာကြည်ဖွယ်
လူတို့ရင်မှာ   ချိုသံသာ၏။  ။
မညီညာတဲ့   သံစဉ်ကွဲတွေ
ခါးသီးမှုကို   ဖန်ဆင်းသော်လည်း
ကိုင်တွယ်ဖြည်ညင်း  ကြေကွဲသံမှာ
ချိုတေးအဖြစ်   စွမ်းဆောင်ကြ၏ ။  ။
ခြောက်ကြိုးစလုံးမှာ  ကိုစီငှာ
သံစဉ်လေးတွေရှိ  တတ်သလို
လူတိုင်းမှာလည်း   ရင်ခုန်မှုတွေ
ဖြည်းဖြည်းမှန်မှန်   လှိုင်းခတ်တတ်၏ ။  ။
ကြမ်းတမ်းမိုက်မဲ   လှိုင်းလျားကို
ယဉ်ပါးလာအောင်   မစွမ်းဆောင်နိုင်
ရင်လှိုင်းသံစဉ်    အေးမြလာအောင်
အချစ်ဖန်းဆင်း   မေတ္တာရေစဉ်
အေးမြလှ၏ ။   ။
နှလုံးသားမှာလည်း   ချိုတခါ
ခါးတလှည့်   မူယာတွေများပါဘိ
ဆုပ်ဆူးစားရူး တဖန်တလှည့်
ခံစားကြ၏ ။  ။
နှလုံးသားဘ၀င်  ဘယ်သောအခါမှ
ငြိမ်းချမ်းမှုကို  ရရှိမလဲ
မသေချာ ရေရာတဲ့
နှလုံးသား  အနာဂတ်။   ။

အမေ့မှာတော်ပုံ

အို...      ချစ်လှစွာသောသား
     အာရုံတစ်ပါးစိတ်မသွားဘဲ
     နားစိုက်စိုက်ထောင်လော့...
     ရေခြားမြေခြား တိုင်တစ်ပါးမှာ
     ပျူပျူငှာငှာ လူတကာကို
     ချစ်ဖွယ်စကား ပျားသကာသို့
     ချိုပါစေ....
      အသောက်အစားမူးယစ်ဆေးဝါး
      လောင်ကစားတဏှာကျွန်
      မဖြစ်စေလေနှင့်...
       ကြိုးစားအားထုတ်ဇွဲလုံးလနှင့်
       ဘ၀ခရီးလျှောက်လှမ်းပါလေ..
       အပေါင်းဖော်ကို ဥာဏ်နှင်ယှဉ်ကာ
      မမှားမိအောင် သတိစောင်ပါ
      ဒေါသချိုးနှိမ်ခန္တီရယ်နှင့်
      ဖော်ရွှေပျူငှာ ဆက်ဆံပါ။
      ဦးထိပ်ပန်ဆင် ရတနာသုံးပါး
      မမေ့လေနှင့်...။    ။