Wednesday, July 25, 2012

Networking အခြေခံ

Networking Design

Network Design (ကွန်ယက် ဒီဇိုင်း)
Computer networks also differ in their design. The two types of high-level network design are called client-server and peer-to-peer. Client-server networks feature centralized server computers that store email, Web pages, files and or applications. On a peer-to-peer network, conversely, all computers tend to support the same functions. Client-server networks are much more common in business and peer-to-peer networks much more common in homes.

ကွန်ပျူတာ ကွန်ယက်ဒီဇိုင်း
ကွန်ပျူတာ ကွန်ယက်(ချိတ်ဆက်မှု) စနစ်မှာ ဒီဇိုင်းဆိုတာလည်း ရှိတယ်လို့ ပြောပါတယ်။ ဘယ်နှစ်မျိုးရှိလဲလို့ မေးရင်တော့ (၂)မျိုးရှိတယ်လို့ ဖြေရမယ်ဖြစ်ပါတယ်။ အောက်မှာ ကြည့်ပါ …
(1) Client-Server (Centralization လို့ခေါ်တဲ့ ဘုံစနစ် ထိန်းချုပ်မှု (သို့) ခေါင်းဆောင်တင်ပြီးတော့ ထိန်းသိမ်း၊ အုပ်ချုပ်သောစနစ်)
Client-to-Server စနစ်ကတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ .. Server ဆိုတဲ့ အင်အားကြီး ကွန်ပျူတာ ခေါင်းဆောင်ကြီးက ထိန်းချုပ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ် .. ။ အဲဒီတော့ အချက်အလက် (data) တွေကို၊ ဘုံထားပြီးတော့ မျှဝေသုံးစွဲ၊ နည်းလမ်းလွယ်ကူ စေပါတယ်။ Server ဆိုတဲ့ ကွန်ပျူတာ ခေါင်းဆောင်ကြီးက လက်အောက်ငယ်သားခေါ် (Client=ကွန်ပျူတာ) တွေကို ပေါ်လစီသတ်မှတ်ခြင်း(Policy Setting)၊ အချက်အလက်များကို မျှဝေ ရယူခွင့်/မရယူခွင့် (data sharing permission)၊ ကိုယ့်ရဲ့ ကွန်ပျူတာ ကွန်ယက် (Network) အတွင်းသို့ ၀င်ခွင့်/ပိတ်ပင်ခွင့်၊ အစရှိသည် တို့ကအစ ထိန်းချုပ်ထား နိုင်စွမ်းရှိပါတယ်။

ဥပမာ- ကျမတို့၊ စာဖတ်သူတို့ ကုန်မဏီ တွေမှာဆိုရင်၊ မန်နေဂျင်း ဒါရိုက်တာအခန်း၊ မန်နေဂျာအခန်း၊ လူ့စွမ်းအား အရင်းအမြစ် (Human Resource) မန်နေဂျာအခန်း၊ ဘဏ္ဍာရေးမှူးအခန်း အစရှိသည်တို့ ကဲ့သို့သော ကန့်သတ်မှု နယ်မြေများသို့ သာမာန်ဝန်ထမ်းများ ၀င်ချင်တိုင်း ၀င်လို့မရတာ စာဖတ်သူများလည်း အသိဖြစ်ပါတယ်။ အခွင့်ရှိမှ ၀င်ရတယ်ပေါ့။ ပြောချင်တာက။ ပြီးတော့ ၀င်ခွင့်ရှိတာတောင်မှပဲ အဲဒီလူပုဂ္ဂိုလ်ရဲ့ စာရွက်စာတမ်းတွေကို ယူဖတ်ခွင့်မရှိဘူး/ရှိတယ် ဆိုတာတွေလည်း အသိပဲ ဖြစ်ပါတယ်။
Client-to-Server စနစ်(ဒီဇိုင်း)မှာ ဆိုလည်းပဲ ထိုနည်း၎င်းပါပဲ ။။ Server ဆိုတဲ့ Client=Computer တွေကို ထိန်းချုပ်တဲ့ ကွန်ပျူတာကြီးက အရေးကြီးတဲ့ အချက်အလက် (Data) တွေကို သူ့ရဲ့(သိုလှောင်ခန်း) Storage (Hard-Disk) ကြီးတွေမှာ သိမ်းထားပါတယ်။ အဲဒီ အချက်အလက်တွေကို Client လို့ခေါ်တဲ့ ကွန်ပျူတာတွေက နေ့စဉ်နဲ့အမျှ မျှဝေသုံးစွဲ (Sharing) လုပ်ကြရပါတယ်။ အဲဒီလို မျှဝေသုံးစွဲတဲ့နေရာမှာ အပေါ်မှာပြောခဲ့တဲ့ ရုံးခန်းဥပမာလိုပဲ (Access Right) ၀င်ထွက်ခွင့် ဆိုတာရှိပါသည်။ ဒီမှာပဲ ခဏရပ်မယ် .. ဒီဇိုင်းအကြောင်းဆိုတော့။
အဓိက မှတ်ထားရမှာက (Client-Server) စနစ်ကို စီးပွားရေး လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးများပါတယ်။ လုပ်ငန်းကြီးလေ ပိုလိုအပ်လေပဲ ဖြစ်ပါတယ်။
(2) Peer-to-Peer (သူကတော့ Computer to Computer ပေါ့ .. ခေါင်းဆောင်မရှိဘူး (သို့) တိုက်ရိုက် ချိတ်ဆက်မှုစနစ်)
“ပီးတူပီး” လို့ အသံထွက်ရင် မမှားပါဘူး။ “ယား”ထည့်ချင်ရင်လည်း ရပါတယ်။ “ပီးယား တူ ပီးယား” ပေါ့ .. ။ အသံထွက်ကို ပြောပါတယ်။ ကဲ ကြည့်ရအောင် သူက ဘယ်လိုမျိုး လုပ်ငန်းလုပ်လည်းဆိုတာ။ “ပီးတူပီး” ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်မှု စနစ်က ရိုးရိုးရှင်းရှင်းလေး ဖြစ်ပါတယ်။ ကွန်ပျူတာ (၂)လုံးရှိတယ်ဆိုပါစို့ ။ သူတို့(၂)လုံးကို Network ကြိုးနဲ့ ချိတ်လိုက်ရင် အဲဒါ “ပီးတူပီး” ခေါ်ပါတယ်။ “ပီးတူပီး” ချိတ်ဆက်မှု စနစ်မှာ ကွန်ပျူတာ (၂)လုံးထက်လည်း ပိုများနိုင်ပါတယ်။

အဓိက မှတ်ထားရမှာက (Peer-to-Peer) စနစ်ကို အိမ်တွင်းသုံး၊ ရုံးငယ်အတွင်း တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးများပါတယ်။ နောက်တစ်ချက်က Server လို့ခေါ်တဲ့ ထိန်းချုပ်မှု မရှိတဲ့ Network ကို (Peer-to-Peer) Network လို့ပြောလည်း မမှားဘူး ဖြစ်ပါတယ်။ သူ့ကို (Workgroup) လို့လည်း ခေါ်ပါတယ်။
ပီးတူပီး မှလည်းပဲ အခြားအခေါ်အဝေါ် ရှိပါသေးတယ်။ အောက်တွင်ကြည့်ပါ ….
(1) Peer-to-Peer
(2) P2P
(3) Workgroup
(4) Point-to-Point (တယ်လီ ကွန်မြူနီကေးရှင်း တယ်လီဖုန်း စနစ်မှာလည်း သုံးပါတယ်

No comments:

Post a Comment