Monday, July 16, 2012

photo space

ကျွန်တော် ဆော့ဝဲတခုမိတ်ဆက်ပေးပါမယ် ဆော့ဝဲနာမည်ကတော့ PhotoSpace လို့ခေါ်တယ်ဗျ
ဒီဆော့ဝဲဟာ တော်တော်လေး အသုံးဝင်ပါတယ် ဒီဇိုင်း ဖိတ်စာကဒ်တို့တောင် လုပ်လို့ရတယ်လို့ပြောတယ်ဗျ
အခု ကျွန်တော် မိတ်ဆက်ပေးမှာကတော့ Image လေးတွေအပေါ်ကို ဖောင့်အလှလေးတွေနဲ့ စာရေး နည်းရယ်
စားရေးပြီးသားပုံကို Animated Gif ပုံအဖြစ် ပြုလုပ်နည်းကို သင်ပေးပါ့မယ်ဗျာ
သိပြီးသားသူများအတွက်တော့ ကျော်သွားကြပါဗျာ မသိသေးသောသူများအတွက် ရည်ရွယ်ပါတယ်
ဆော့ဝဲကို အောက်မှာ အရင်ဒေါင်း Zip ဖိုင်လေးကို ဖွင့်ပြီး Install လုပ်လိုက်ရုံပါပဲ
အောက်မှာ ဆော့ဝဲဒေါင်းယူပါ Media Fire လင့်နဲ့ပါ
မြန်မာဖောင့် လှလှလေးတွေနော်
ကဲအောက်မှာ ပုံလေးတွေနဲ့ ကြည့်ကြည့်လိုက်ပါဗျာ
အပေါ်ပုံကတော့ ဆော့ဝဲ ဖွင့်လိုက်တာနဲ့ ပေါ်လာမယ့်ပုံပါ တရုတ်စာနဲ့ပေါ်လာခဲ့ရင်
အောက်ဆုံးက လူရုပ်လေးကို ကလစ်ပြီး အင်္ဂလိပ်စာ ပြောင်းလိုက်ပေါ့ ပုံ၂ ကိုအောက်မှာကြည့်ပါ
ပုံ၂ကတော့ဆော့ဝဲဖွင့်ပြီးတာနဲ့ ဆော့ဝဲ Menu ပေါ်က ကင်မရာလေးနဲ့ Editor ဆိုတဲ့ Icon လေးကိုကလစ်လိုက်ပါ
ပြီးရင် ကျွန်တော်မျှားပြထားတဲ့ အတိုင်း မိမိသိမ်းထားတဲ့ Image ပုံရှိတဲ့ File ကိုကလစ်ပေးပါပြီးရင် လိုချင်တဲ့ပုံကို
ထပ်ပြီးကလစ်လိုက်ပါ ဒါဆို စာရေးဖို့ ရှင်းပြမယ် အောက်မှာဆက်ကြည့်နော်
အပေါ်ပုံကတော့ ပုံပေါ်မှာ စာရေးဖို့ အတွက် ဘားပေါ့ Home မှာ ဓါတ်ပုံ ဘောင်လေးတွေ ထည့်လို့ရတယ်
Object က စာရေးလို့ရတယ် ရုပ်ပြောင်လေးတွေလည်းရေးလို့ရတယ်အများကြီး
Crop ကတော့ ပုံကို လိုချင်တဲ့နေရာလေးကို ဖြတ်လို့ရတယ်ဗျာ
တော်တော်လေးစုံပါတယ် ကလိကြည့်ပေါ့ ဟီးးးးးးးးးး
Opject ကိုနှိပ် ပြီးရင် T လေးကို နှိပ်လိုက်ပါ့ စာရေးဖို့ နေရာပေါ်လာပါ့လိမ့်မယ် အောက်မှာကြည့်လိုက်နော်
1 မှာက ဖောင့်ချိန်းပေးပါ အရောင်ကို လိုသလိုထား ဇော်ဂျီဖောင့် မရပါ
2 မှာက အရောင်ကွတ်မယ် အဆင်ပြေမယ့် အရောင်ထား
3 မှာက အောက်ခံအရောင်ပေါ့ အဆင်ပြေပီဆိုရင် OK နှိပ်ပေးလိုက်
စာလုံးကို လိုသလို စောင်းနိုင်တယ် တည့်နိုင်တယ် ကြီးနိုင်တယ် သေးနိုင်တယ်
ဥပမာ အောက်က ပုံကြည့်ကြည့်ပါ
သိမ်းမယ် ဆိုရင်တော့ ညာဘက်ဒေါင့်နားလေးမှာ Save ဆိုတာရှိပါတယ် အဲမှာ Save As နဲ့ Save ဆိုတာရှိတယ်
လိုအပ်သလို အသုံးပြုလို့ရပါတယ်ဗျာ ဒါဆို စာရေးတာတော့ပီးသွားပီ Animated Gif လုပ်ဖို့ ဆက်ရှင်းပြပါ့မယ်
အောက်မှာ ဆက်ကြည့်ပါဗျာ:)
Animated Gif ပုံ လုပ်ဖို့ ဆော့ဝဲMenuကို ပြန်သွားပါ Animated Gif ဆိုတဲ့ Icon လေးကို ကလစ်ပါ
ပြီးရင် မိမိ လုပ်ချင်တဲ့ ပုံလေးတွေကို အပေါ်ကလိုပဲ သိမ်းထားတဲ့ ဖိုင်ကိုက လစ်ပါ ပြီ့းင် ပုံကို အစဉ်လိုက်
ကလစ်ပေးပါ ကျွန်တော် ပြထားတဲ့ အတိုင်း Change Time ကတော့ ပုံကို အနှေးအမြန် ညှိတာပေါ့
Change affect ကတော့ ပုံကို လိုချင်တဲ့ အနေထားလှုပ်အောင် ပြောင်းပေးပါတယ်ဗျာ စိတ်တိုင်းကျပီဆိုရင်
add အောက်မှာ Save ဆိုတာ ရှိတယ်ဗျာ စိတ်တိုင်းကျ Save လို့ရပီ ဒါဆိုရင် Animated Gif လေးရပြီပေါ့
ကျွန်တော် လုပ်ထားတဲ့ ပုံလေး ကြည့်ကြည့်ပါအုံး
အဲလိုပုံလေးတွေ ရလာပါတယ်ဗျာ
အားလုံးပဲ အဆင်ပြေချော့မွေ့စွာ အသုံးပြုနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဗျာ
ရှင်းပြတဲ့အထဲမှာ လိုအပ်တာလေးတွေ အမှားမှားပါခဲ့ရင်လည်း သည်းခံပေးကြပါဗျာ
တက်လို့ဆရာလုပ်တာ မဟုတ်ပါဘူးဗျာ သိတာလေးမျှဝေပေးတာပါဗျာ
နောက်များလည်း မျှဝေပေးပါအုံးမယ်လို့...............:)

No comments:

Post a Comment