Showing posts with label Root လုပ်နည်း။. Show all posts
Showing posts with label Root လုပ်နည်း။. Show all posts

Monday, March 4, 2013

i-mobile i693 ကို Root လုပ်ပြီး Fontchanger နဲ့ မြန်မာဖောင့်ထည့်နည်း


                  

အခုပြောပြမဲ့နည်းလမ်းလေးက i-Mobile i693 Android Mobile Phone ကို Root လုပ်ပြီး Fontchanger နဲ့မြန်မာဖောင့်ထည့်နည်းလမ်းလေးပါ။
i-Mobile i693 Mobile Phone ရဲ့ Android version 2.2 ပါ။
Fontchanger နဲ့အသုံးပြုပြီး မြန်မာဖောင့်ထည့်တာက i-mobile i693 မှာ Original ပါတဲ့ ယိုးဒယားဖောင့်ကိုပါ မပျောက်ပဲ မြန်မာဖောင့်တမျိုး, ယိုးဒယားဖောင့်တမျိုး တလှည့်စီပြောင်းသုံးချင်တဲ့သူတွေအတွက်ပါ။
ရိုးရိုးတန်း မြန်မာဖောင့်ပါတဲ့ DroidSansFallback.ttf ကို Root လုပ်ပြီး System >> Fonts >> Original DroidSansFallback.tt ကို Overwrite လုပ်ပြီး မြန်မာဖောင့်မြင်အောင် လုပ်လို့ရပါတယ်။
Original DroidSansFallback.tt ကို Overwrite လုပ်လိုက်တဲ့တွက် Original ပါတဲ့ ယိုးဒယားဖောင့် အလုပ်မလုပ်တော့ပါဘူး။
အခုပြတဲ့ နည်းလမ်းတိုင်း step by step မှန်ခဲ့မယ်ဆိုရင်  မိတ်ဆွေရဲ့ i-mobile i693 ကို ယိုးဒယားဖောင့် မပျေက်ဘဲ မြန်မာဖောင့်ကောင်းစွာထည့်နိုင်မှာပါ။
Root လုပ်နည်း
အဆင့်  ၁ :   Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့်   ၂ :  Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင်ကိုဖြည်ပါ။
အဆင့် ၃ :   Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။ Phone Setting>>Applications>>Unknown sources နှင့် Development>> မှ USB debugging ကို Enable လုပ်ပေးပါ။
အဆင့် ၄ :   ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။
အဆင့် ၅ :   Root button ကို ကလစ်နှိပ်ပေးပါ။ Busybox install လုပ်မလားလို့ Box တက်လာလျှင် Yes နှိပ့်ပေးပါ။ ” Root install has completed Would you like run a test ” Box ပ်ါလာလျှင် မိမိဖုန်းမှာ Superuser ရရှိပြီး Root လုပ်လို့အောင်မြင်ပြီးသွားပါပြီး Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။
RootRoot လုပ်ပြီးလို့ သေချာပေါက် Superuser ရပြီဆိုရင်
i-mobile i693 ကို Root လုပ်လို့ပြီးဆုံးသွားပါပြီး
i-mobile i693 ကို မြန်မာဖောင့်ပေါ်ဖို့တွက်
အောက်မှာ Fontchanger သုံးပြီး မြန်မာဖောင့်ထည့်နည်းကို ဆက်လက်ဖော်ပြထားပါတယ်။
www.cx.com direct link မှ SuperOneClick Tool  အားရယူရန်

(OR)
www.munius.com မှ SuperOneClick Tool  အားရယူရန်

Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်






Fontchanger သုံးပြီး မြန်မာဖောင့်ထည့်နည်း
* ပထမဆုံး မိမိဖုန်းက root လုပ်ထားရပါမယ် *
fontchanger ကို install လုပ်ပေးပါ (ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ တချို့ဖုန်းတွင် fontchanger application တွက် busybox တောင်းပါက busybox ကို install လုပ်ပေးပါ (ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
* ဒုတိယအဆင်အနေနဲ့ *
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ (ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ (ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ ။
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ ။
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။ ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ ။ apply , preview နှင့် cancel ပေါ်လာလျှင် apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုနှိပ်ပေးပါ။
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်း ယိုးဒယား ဖာင့်မပျောက်ပဲ မြန်မာဖောင့်နဲ့ တွဲဖတ်ပြီး တလှည့်စီချိန်းပြီး အသုံးပြုလို့ရပါပြီ။
Fontchanger သုံးပြီး မြန်မာဖောင့် ထည့်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်


www.cx.com direct link မှ Fontchanger , rootexplore ,zawgyione.ttf , busybox , zawgyikeyboard များ အားရယူရန်

(OR)
www.munius.com မှ Fontchanger , rootexplore ,zawgyione.ttf , busybox , zawgyikeyboard များ အားရယူရန်

အားလုံအဆင်ပြေပြီး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ် :)………………….

HTC မှာ ဇော်ဂျီဖောင့် root လုပ်တဲ့နည်း


: ဒီနည်းလေးကတော့.... ကဲ HTC သမားတွေရေ....သက်သက်သာသာနဲ့ ဇော်ဂျီဖောင့် root လုပ်တဲ့နည်း လာပါပြီ...... font changer app ကို ဒီမှာ  ဒေါင်းလိုက်ပါ.... ပြီးရင် ဇော်ဂျီ true type font (*.ttf) ကို SD card ထဲ ကူးထည့်ထားလိုက်ပါ.... application ကို ဒေါင်းလုပ်လုပ်ပြီးတာနဲ့ Run လိုက်ပါ.... arial font တွေ ပေါ်လာပါလိမ့်မယ်.... အဲ့ဒီ arial font ကို တချက်နှိပ်လိုက်ပါ... နှိပ်ပြီးတာနဲ့ SD card folder ပေါ်လာပါလိမ့်မယ်... ပေါ်လာရင် ဇော်ဂျီဖောင့်ကို ထည့်ထားတဲ့ နေရာကို သွားပြီး zawgyi one (*.ttf) ကို နှိပ်လိုက်ပါ.... အဲ့ဒီလို နှိပ်ပြီးတာနဲ့ နောက်တကွက် ထပ်ပေါ်လာပါလိမ့်မယ်.... Apply ကို နှိပ်ပြီး reboot လုပ်လိုက်ပါ.... ကဲ စိတ်ချလက်ချ သုံးနိုင်ပါပြီဗျာ...အားလုံးအတွက် အသုံးဝင်ပါစေဗျာ...
font changer apk ကို install လုပ်လိုက်ပါ.... ပြီးလျှင် myandroid zawgyi keyboard ကို တင်ပါ... zawgyi one apk ကို တင်ပါ.... ပြီးလျှင် ဇော်ဂျီဖောင့် *.ttf ဖိုင်ကို sd ကဒ်ထဲက font changer folder ထဲ ကူးထည့်လိုကပါ... fontchanger app ကို ဖွင့်ပါ.... advance ထဲ ၀င်လိုက်ပါ... ပြီးလျှင် ရှိသမျှဖောင့်နေရာမှာ ဇော်ဂျီဖောင့်ကို ထည့်ပေးလိုက်ပါ... အဆင်ပြေပါလိမ့်မယ်...

Thursday, February 28, 2013

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ကူဆုံး Root လုပ်နည်းနှင့် မြန်မာစာထည့်သွင်းနည်း


Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ကူဆုံး Root လုပ်နည်းနှင့် မြန်မာစာထည့်သွင်းနည်း



                       ကျွန်တော့်ဆိုဒ်မှာ Sony Xperia ဖုန်းအတွက် Root လုပ်နည်းမတင်ဖူးသေးလို့ တင်ပေး
လိုက်ပါတယ်ဗျာ။ ကိုအောင်လေးဆိုဒ်မှာတွေ့လို့ မူရင်းအတိုင်းဘဲ တင်ပေးလိုက်တာပါ။ အောက်မှာ
တော့အသေးစိတ်ကိုပုံနဲ့တကွရှင်းပြပေးထားပါတယ်ဗျာ။ မူရင်းရေးသားသူကတော့ နတ်သားလေး
လို့ဆိုထားပါတယ်။

(ကျွန်တော် phone က Sony Ericsson - XPERIA -Model- ST18i ပါ ။ root လုပ်တာနဲ့ font ထဲ့တာ တင်ပေးပါခင်ဗျာ။. )
ဆက်ဖတ်ရန်
ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။ 

အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။ ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။ ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်ထားပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့ ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ။ ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။ အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
  Android ဖုန်းနဲ့Tablet တွေအတွက် မြန်မာစာရိုက်ဖို့ “မြန်မာကီးဘုတ်” လေးပါ။ ဒီကီးဘုတ်လေးက ဇော်ဂျီဖောင့်အသုံးပြုထားတဲ့ကီးဘုတ်လေးတစ်ခုပါ။
အသုံးပြုပုံပြုနည်း နဲ့ ထူးခြားချက်များကိုအောက်မှာဆက်လက်ရှင်းပြသွားပါမယ်။
အရင်ဆုံး “မြန်မာကီးဘုတ်” ကိုအရင် download ရယူလိုက်ပါ။

မြန်မာကီးဘုတ်အားရယူရန်

ပြီးရင် ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Application တွေထဲက မြန်မာအလံ icon လေးနဲ့ မြန်မာကီးဘုတ်ထဲကို ၀င်လိုက်ပါ။ အဲဒီမှာ မြန်မာကီးဘုတ်ကို Setting မှာ enabled လုပ်ဖို့အတွက် Screen တစ်ခုပေါ်လာပါလိမ့်မယ်။
“1.Go To Settings” ကိုနှိပ်ပြီး Keyboard Setting ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Keyboard setting ထဲကိုရောက်သွားပြီဆိုရင် “မြန်မာကီးဘုတ်” ကို အမှန်ခြစ်(Enabled)ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပါ။ 
ပြီးရင် ခုနက မြန်မာကီးဘုတ်ကို ပြန်သွားပါ။ “2.Input Method” ကိုနှိပ်ပါ။ အောက်ပါအတိုင်းပါ။ 
“မြန်မာကီးဘုတ်” ကိုရွေးပေးလိုက်ပါ။ အောက်ပုံအတိုင်းပါ။ 
မြန်မာကီးဘုတ်ကိုရွေးလိုက်တာနဲ့ ကီးဘုတ်ကို စမ်းသပ်ရိုက်ကြည့်ဖို့ Testing ကဏ္ဍထဲကိုဝင်သွားပါလိမ့်မယ်။အောက်ပုံအတိုင်းပါ။ 
ကဲ..ဒါဆိုရင် ကျွန်တော်တို့ မြန်မာကီးဘုတ်ကိုစတင်သုံးစွဲကြည့်ရအောင် ။ စာရိုက်ဖို့အတွက် Text Box ကိုနှိပ်လိုက်တာနဲ့ မြန်မာကီးဘုတ်လေးပေါ်လာပါမယ်။
အောက်ပါပုံအတိုင်းပါ။ 
အရင်ကထွက်ခဲ့တဲ့ MydroidSoft Myanmar keyboard တုန်းက အင်္ဂလိပ်လိုရိုက်ချင်ရင် Text Box ကို သုံးစက္ကန့်လောက်ပြန်ဖိ input method ထဲကနေ
အင်္ဂလိပ် keyboard ကို ပြန်ပြန်ခေါ်ရပါတယ်။ အခု မြန်မာကီးဘုတ်လေးမှာ အဲဒီဒုက္ခတွေကင်းသွားပါတယ်။ ကီးဘုတ်အောက်နားလေးက ဗြိတိန်အလံပုံ ခလုတ်လေးကို နှိပ်လိုက်ရင် English Keyboard အဖြစ်ပြောင်းသွားပါမယ်။ အောက်ပုံအတိုင်းပါ။ 
ဒါဆိုရင် မြန်မာကီးဘုတ်ရဲ့ မြန်မာစာလုံးနေရာချထားပုံနဲ့ ရိုက်ပုံရိုက်နည်းကို ဆက်လက်ရှင်းလင်းပါမယ်။ “မြန်မာကီးဘုတ်” ရဲ့ မြန်မာစာလုံးနေရာချထားပုံဟာ
ကွန်ပျူတာမှာ ရိုက်တဲ့ မြန်မာစာလက်ကွက်နဲ့အတူတူပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ ကွန်ပျူတာပေါ်မှာ “ဖ” ဆိုတဲ့အက္ခရာကိုလိုချင်တယ်ဆိုရင် z ကို ရိုက်ရပါတယ်။ တကယ်လို့ “ဇ” အက္ခရာကိုလိုချင်တယ်ဆိုရင်တော့ Shift key နဲ့ z ( တစ်နည်းအားဖြင့် shift + ဖ ) ကိုနှိပ်ရပါတယ်။
အခု Android “မြန်မာကီးဘုတ်” မှာလည်း ဒီအတိုင်းပါပဲ။ ကွန်ပျူတာမြန်မာလက်ကွက်ပုံစံအတိုင်းဖြစ်တဲ့အတွက်ကြောင့် “ဇ” ဆိုတဲ့ အက္ခရာကိုလိုချင်တယ်ဆိုရင် မြန်မာကီးဘုတ်ပေါ်က “ဖ” အက္ခရာလေးပေါ်မှာ သုံးစက္ကန့်လောက်ဖိထားလိုက်ရင် Popup လေးတစ်ခုနဲ့ “ဇ” အက္ခရာလေးပေါ်လာပါလိမ့်မယ်။ အောက်ပါပုံအတိုင်းပါ။ 
အောက်ဆင့်စာလုံးတွေဖြစ်တဲ့ -္ဇ တို့ -္ဖ တို့လိုချင်ရင်လည်း ခုနကလိုပဲနှိပ်ရမှာပါ။ ပြောရမယ်ဆိုရင်တော့ ကွန်ပျူတာပေါ်က မြန်မာလက်ကွက်နဲ့အတူတူပါပဲ။
ဒီ မြန်မာကီးဘုတ်ကို ကျွန်တော်ကြိုက်ရတဲ့အဓိကအချက်က စာရိုက်ရာမှာ အရင်ထွက်ရှိပြီးသား Android မြန်မာကီးဘုတ်တွေထက် သိသိသာသာကို မြန်မြန်ဆန်ဆန်ရိုက်နိုင်တဲ့အချက်ပါပဲ။ ပြီးတော့ Application file size ကလည်း သေးငယ်ပါတယ်။ စာရိုက်ဖို့ Testing Panel လည်း
တစ်ပါတည်းထည့်သွင်းပေးထားတဲ့ အချက်ကလည်း တော်တော်အဆင်ပြေစေပါတယ်။ 
ဝဏ္ဏသံမှန်းအသုံးအနှုန်းကိုခန့်မှန်းပေးတဲ့စနစ်အနေနဲ့ကတော့ iTextMM Keyboard ရဲ့ စကားစုတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက် ၀ဏ္ဏသံမှန်းစနစ်မှာတော့ iTextMM နဲ့အတူတူပဲဖြစ်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ၊ BF,GF တွေဆီ message
ပို့ရာမှာ Smile သင်္ကေတလေးတွေထည့်ဖို့လို့ရဖို့အတွက် လည်းထည့်သွင်းပေးထားပါသေးတယ်။ Smile သင်္ကေတတွေကိုလိုချင်တယ်ဆိုရင်တော့ ကီးဘုတ်အောက်ခြေက “:-)” သင်္ကေတလေးကို သုံးစက္ကန့်ခန့်ဖိထားလိုက်ရင် သင်္ကေတအစုံပေါ်လာမှာပါ။ အောက်ပါပုံအတိုင်းပါ။ 
Beta version ဖြစ်တဲ့အတွက် လိုအပ်တာလေးအနည်းငယ်တော့ရှိဦးမှာပါ။

Monday, February 11, 2013

Note 2 [N7105] ကို official version 4.1.2 တင်ပြီး Root ကြအောင်နော်


Note 2 [N7105] ကို official version 4.1.2 တင်ပြီး Root ကြအောင်နော်
Galaxy_Note_2

အသေးစိတ်တော့ပြောတော့ဝူးလေနော့…အကုန်နီးပါးကလဲသိပြီးသားဆိုတော့လေ..နော်  နော် နော်လို့ :D
Samsung Driver — > Kies
Odin                 — > v3.04
Firmware          – > N7105XXDMA6
လိုအပ်တာတွေဒေါင်းပြီးပြီဆိုရင်တော့
အဆင့်(1) Driver မရှိသေးရင် ကွန်ပျူတာ /Laptop မှာ Install ပေးထားလိုက်ပါ ။။ Run ထားစရာမလိုပါခင်ဗျာ
Firmware ကို Unzip လုပ်လိုက်ပါ…အထဲမှာ tar.md5 ဖိုင်တခုပါပါတယ်
Odin ကို Run လိုက်ပါ… PDA မှာ Firmware folder ထဲက tar.md5 ဖိုင်လေးကို သွင်းထည့်ပေးလိုက်ပါ
အဆင့်(2) မိမိရဲ့ Note ကိုပါဝါပိတ်လိုက်ပါ..Download Mode ၀င်မယ် (Home+Volume Down+Power)=[မသိသေးသူများအတွက်ပါနော် ;) )
Downloading ပေါ်သွားရင်ကြိုးချိတ်ဆက်ပါမယ်
Odin ကသိနေပြီဆိုရင်တော့ Start ကိုနှိပ်ပေးလိုက်ရုံပါပဲ .. PASS ပြသွားရင်ပြီးပါပြီ.. ဒန် ..ဒန် ..တန် :D
———————————————!!!—————————————————–
ဟင့်အင်း ဒီလောက်နဲ့မကျေနပ်ဝူး Root လဲလုပ်ချင်ပါသေးတယ် CWM လဲသွင်းချင်ပါသေးတယ်ဆိုရင်တော့ ဆက် Go မယ် ;)
ဒီ Root File လေးကိုဒေါင်းယူလိုက်ပါ… — > N7105 Root
ပြီးရင် Odin ရဲ့ PDA မှာသွင်း
Note ကို Download Mode ၀င် ချိတ်.. Start နှိပ် PASS ပြ………ပြီးပါပြီ .. :D

အားလုံးပဲအဆင်ပြေကြပါစေ

Note 2 N7100 ကို Official V4.1.2 တင်ပြီး Root မယ်



Note 2  N7100 ကို Official V4.1.2 တင်ပြီး Root မယ်


Galaxy_Note_2

အသေးစိတ်တော့ပြောတော့ဝူးလေနော့…အကုန်နီးပါးကလဲသိပြီးသားဆိုတော့လေ..နော်  နော် နော်လို့ :D
Samsung Driver — > Kies
Odin                 — > v3.04
Firmware          – > N7100XXDLL7

လိုအပ်တာတွေဒေါင်းပြီးပြီဆိုရင်တော့
အဆင့်(1) Driver မရှိသေးရင် ကွန်ပျူတာ /Laptop မှာ Install ပေးထားလိုက်ပါ ။။ Run ထားစရာမလိုပါခင်ဗျာ
Firmware ကို Unzip လုပ်လိုက်ပါ…အထဲမှာ tar.md5 ဖိုင်တခုပါပါတယ်
Odin ကို Run လိုက်ပါ… PDA မှာ Firmware folder ထဲက tar.md5 ဖိုင်လေးကို သွင်းထည့်ပေးလိုက်ပါ
အဆင့်(2) မိမိရဲ့ Note ကိုပါဝါပိတ်လိုက်ပါ..Download Mode ၀င်မယ် (Home+Volume Down+Power)=[မသိသေးသူများအတွက်ပါနော် ;) )
Downloading ပေါ်သွားရင်ကြိုးချိတ်ဆက်ပါမယ်
Odin ကသိနေပြီဆိုရင်တော့ Start ကိုနှိပ်ပေးလိုက်ရုံပါပဲ .. PASS ပြသွားရင်ပြီးပါပြီ.. ဒန် ..ဒန် ..တန် :D
———————————————!!!—————————————————–
ဟင့်အင်း ဒီလောက်နဲ့မကျေနပ်ဝူး Root လဲလုပ်ချင်ပါသေးတယ် CWM လဲသွင်းချင်ပါသေးတယ်ဆိုရင်တော့ ဆက် Go မယ် ;)
ဒီ Root File လေးကိုဒေါင်းယူလိုက်ပါ… — >N7100Root&CWM
ပြီးရင် Odin ရဲ့ PDA မှာသွင်း
Note ကို Download Mode ၀င် ချိတ်.. Start နှိပ် PASS ပြ………ပြီးပါပြီ .. :D

အားလုံးပဲအဆင်ပြေကြပါစေ

Galaxy S2 [I9100T] Official V4.1.2တင်ပြီး Root မယ်


  Galaxy S2 [I9100T] Official V4.1.2တင်ပြီး Root မယ်

GALAXY_S_II_Plus_Product_Image_(1)_270x405

SII i9100G ကိုဆောင်သူတွေအတွက် official version 4.1.2 လဲထွက်ရှိသွားပါပြီ သူတို့လဲပျော်နေလောက်ကြပြီထင်ပါတယ် ခိစ်ခိစ်
အခု I9100T ကိုင်ဆောင်သူများအတွက်လဲ official version 4.1.2 ထွက်လို့လာပါပြိ  ကျတော်လဲအခုမှတွေ့လို့ :D
သူ့ရဲ့ PDA နံပတ်ကတော့  I9100TJJLS4 ပါ … S2(i9100T) ကိုင်ဆောင်သူအားလုံးအတွက်တော့သိပ်အဆင်ပြေလောက်ဘူးထင်ပါတယ်
သူသတ်မှတ်ထားတဲ့ Region ထဲမှာမပါရင်တော့ Network Lock ကျတာမျိုးဖြစ်တတ်ပါတယ်…..ဒါပေမယ့်ကျတော်တို့မြန်မာနိုင်ငံကကိုင်ဆောင်သူများအတွက်တော့ ဖြစ်ခဲပါတယ် သေချာတော့ပြောတတ်ဘူးနော် :P
ဒါပေမယ့် Network Lock ကျသွားရင်တော့ အရင်လက်ရှိ official version ပြန်တင်ရင်လဲအဆင်ပြေလောက်ပါဘူး..
—————————————!!!!!——————————————
Noтё
—————————————-!!!!!—————————————–
ဒါပေမယ့် ကျတော်စမ်းဖူးတာလေးတခုပြောမယ်နော့ .ကိုယ်တိုင်စမ်းတာတော့မဟုတ်ဘူးနော်…အဲဒီဖုန်းအမျိုးအစားရှိဝူး.. .အဟမ်း အဟမ်း   :D
I9100G လေးပါ ထွက်ထွက်ပြီးချင်းတင်လိုက်တာ Network Lock ကျသွားရော (ဖြစ်တောင့်ဖြစ်ခဲ့လေးပါ ;) )v4.0.4 ပြန်တင်တော့လဲ နေမြဲတမ်းဖြစ်နေတော့ I9100 ရဲ့ v4.1.2 ကိုပြန်တင်ခိုင်းပြီး Factory Reset ချခိုင်းလိုက်တယ်.. ပြီးမှ I9100G ရဲ့ 4.1.2 ကိုပြန်တင်ခိုင်းလိုက်တာ…အဆင်ပြေသွားပါတယ်
ဒါပေမယ့် ဖုန်းအားလုံးအဆင်ပြေ၏ မပြေ၏ဆိုတာတော့ကျတော်လဲ သေချာအာမ မခံနိုင်ပါ ဟိဟိ ;)
————————————-!!!!!—————————————–
လေကြောကလဲရှည်မိသွားပြန်ပြီ ခိစ်ခိစ်
ကဲ Jellybean စားသုံးချင်တဲ့ I9100T ကိုင်ဆောင်သူများကတော့ ..ဒေါင်းရအောင်ဗျာ နော့
Samsung Driver မရှိသေးသူများအတွက်  — > Samsung Driver  ဒါမှမဟုတ် Kies  ပေါ့နော်
Odin မရှိသေးသူများအတွက်                — > Odin v3.04 
Note– > {တကယ်လို့ Odin v3.04 နဲ့တင်သည့်အခါအဆင်မပြေမူ့များဖြစ်ခဲ့လျှင် Odin v1.85 နဲ့တင်ပါ }
I9100T Firmware                            — > i9100T_v4.1.2_I9100TJJLS4
လိုအပ်တာတွေ ဒေါင်းယူပြီးပြီဆိုရင်တော့ Firmware ကို Zip ဖြည်လိုက်ပါ..အထဲမှာ Md5 ဖိုင်လေးတခုပါပါတယ်
Odin ကို RUN လိုက်ပါ..PDA မှာ အဲဒီ .tar.MD5 ဖိုင်လေးသွင်းထည့်လိုက်ပါ
ဖုန်းကို Download Mode (Home+V Down+Power) ၀င်ပါတယ် Downloading ဆိုတာပေါ်လာပြီဆိုရင်တော့ ကွန်ပျူတာနဲ့ချိတ်ဆက်ပါမယ်
Odin ကမိမိဖုန်းကိုသိပြီဆိုရင်တော့.. Start ကိုနှိပ်လိုက်ပါ…………………….. PASS ပြသွားပြီဆိုရင်တော့ Jellybean V4.1.2 တင်လို့ပြီးဆုံးပါပြီ
————————————-!!!!!—————————————–
Rooт ချင်သူများအတွက်ကတော့ ဒီဇစ်ဖိုင်လေးကိုဒေါင်းယူပြီးဖုန်းရဲ့ SD Card ထဲကိုထည့်သွင်းထားလိုက်ပါ
—– > SU-BB-Installer.Zip < —–
ဖုန်းကို Recovery Mode ၀င်ပါမယ် (Home+V Up+Power)  >>> Apply Update From External Storage ကနေထည့်သွင်းထားတဲ့ SU-BB-Installer.Zip လေးကို Install ပေးလိုက်ပါ
ပြီးရင်တော့ Reboot System Now ပေါ့နော်…..ဖုန်းပါဝါပြန်တက်လာပြီဆိုရင်တော့ Super SU လေးကိုရှာကြည့်လိုက်ပါ တွေ့ပြီဆိုရင်တော့ Root ပြီးပါပြီ ;)
ကျတော့်မှာဖုန်းမရှိသည့်အတွက် Root နည်းကိုမစမ်းသပ်ရသေးပါ ဒါပေမယ့် အဆင်ပြေလိမ့်မယ်လို့ ယုံကြည်မိပါတယ် ဟိဟိ

အားလုံးပဲအဆင်ပြေကြပါစေ

Thursday, January 17, 2013

Sony Xperia J ကို Root ပြုလုပ်ချင်သူတွေ အတွက် Root ပြုလုပ်ပုံ



ယနေ့မှာ လူကြိုက်များလာပြီး ဈေးနှုန်း ချိုသာသလို စွမ်းဆောင်ရည်လည်း မြင့်မားတဲ့ Sony Xperia J Handset ကို Root ပြုလုပ်ချင်သူတွေ အတွက် Root ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ဆောင်ရတာ ရိုးရှင်းပြီး လွယ်ကူတာကြောင့် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Sony Xperia J ကို Root ပြုလုပ်ဖို့အတွက် ပထမဆုံး သင့်ဖုန်းရဲ့ Build Number ကို အရင်ဆုံး စစ်ဆေးရပါမယ်။ သင် Root ပြုလုပ်မယ့် Handset ရဲ့ Build Number ဟာ 11.0.A.3.28 နဲ့ 11.0.A.3.18 ဖြစ်မဖြစ် အရင်ဆုံး ကြည့်ရပါမယ်။ အထက်ဖော်ပြပါ Build Number ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ Tool နဲ့ Xperia J ကို အလွယ်တကူ Root လုပ်နိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ Build Number မဟုတ်ဘဲ 11.0.A.7.5 ဆိုရင်တော့ ဒီ Tool နဲ့အဆင်ပြေမှာ မဟုတ်ပါဘူး။
သင့် Handset ရဲ့ Build Number ကို သိချင်တယ် ဆိုရင်တော့ Systems အောက်က About အောက်မှာ Build Number ဆိုတာ ရှိပါတယ်။ အဲဒီမှာ သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Build Number ဟာ Root ပြုလုပ်မယ့် Tool နဲ့ ကိုက်ညီတယ် ဆိုရင်တော့ သင့်ရဲ့ Handset ဟာ ကွန်ပျူတာနဲ့ ချိတ်ဆက်တဲ့အခါ သိဖို့အတွက် USB Debugging ကို Check လုပ်ထားပေးရပါမယ်။ USB Debugging ကို ဖွင့်ဖို့အတွက်ကတော့ Setting အောက်က Developer Options အောက်မှာ USB Debugging ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမှန်ခြစ်လေး ထည့်ပေးရမှာ ဖြစ်ပါတယ်။
Root လုပ်ဖို့အတွက်ကတော့ http://forum.xda-developers.com/attachm ent.php?attachmentid=1541927&d= 1354812913 ဆိုတဲ့ Link ကိုသွားပြီး Root_J.zip ဆိုတဲ့ ဖိုင်ကို အရင်ဆုံး Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီဆိုရင်တော့ ရရှိလာတဲ့ zip ဖိုင်ကို Extract ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Extract ပြုလုပ်ပြီး ထွက်လာတဲ့ Folder ထဲကို ဝင်ရပါမယ်။ ပြီးရင် သင့်ရဲ့ Handset ကို ကွန်ပျူတာနဲ့ ချိတ်ဆက် ပေးရပါမယ်။ ပြီးရင်တော့ ခုနက Extract ပြုလုပ်ထားတဲ့ Folder အထဲက Runme.bat ဆိုတဲ့ ဖိုင်လေးကို Double Click နှိပ်လိုက်ပါ။ Root ပြုလုပ်ဖို့အတွက် အထဲမှာပါတဲ့ ညွှန်ကြားချက်တွေကို ဖတ်ကြည့်ပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Linux အသုံးပြုသူတွေအတွက်ကတော့ Runme.sh ဆိုတဲ့ ဖိုင်ကို Run ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Terminal မှာ ပြထားတဲ့ Process ကို ခဏ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖိုင်တွေကို Backup ပြုလုပ်မှာလား မေးလာရင်တော့ သင့် Handset မှာ ဖိုင်တွေကို Backup ပြုလုပ်ဖို့အတွက် ရွေးချယ်ပေးလိုက်ပါ။ ခဏကြာရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Reboot ကျသွားမှာဖြစ်ပြီး၊ ပြန်တက်လာတယ် ဆိုရင်တော့ သင့် Handset ရဲ့ App location List ထဲမှာ Super SU ဆိုတဲ့ Super Man ပုံ Logo လေးနဲ့ Root ဖိုင်ကို တွေ့မြင်ရ မှာ ဖြစ်ပါတယ်။ Super SU ဖိုင်လေးကို တွေ့ရပြီ ဆိုရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Root လုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ Root ပြုလုပ်ပြီးတဲ့ Handset လေးအတွင်းကိုတော့ မြန်မာစာဖောင့်ထည့်သွင်းလို့ ရပြီဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော Root Access ရှိမှ ထည့်သွင်းလို့ရတဲ့ Application တွေကိုလည်း ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။
ကိုးကား – အင်တာနက်ဂျာနယ်

Monday, November 19, 2012

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်ပါ




Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0 ကိုတင်ပေးလိုက်ပါတယ် ။ ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar ဆော့ဖ်ဝဲ မရှိရင်တောင်မှ ယင်းစာများကို မြင်ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6 အခြား Symmbian OS သုံး Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။
လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်)

အောက်မှာ application ကိုရယူနိုင်ပါတယ်။
SymbianMyanmar v3.0 အားရယူရန် (application ကိုသွင်းပြီးရင် ဖုန်းကို restart ချပါ)
SymbianMyanmar ကိုဖုန်းထဲမှာမသွင်းခင် အောက်မှာပြောထားတဲ့ နည်းနဲ့ အရင်လုပ်ပါ ။နို့မို့ဆိုရင် SymbianMyanmar ကိုသွင်းရာမှာ error တက်ပါလိမ့်မယ်။
Certificate Error မဖြစ်အောင်သွင်းနည်း

LG G2x Froyo 2.2.2 ကို Root လုပ်ပြီး မြန်မာဖောင့်ထည့်နည်း ( How to Root LG G2x on



အခုနည်းလမ်းလေးက Froyo 2.2.2 ရှိတဲ့ LG G2x ကို Root လုပ်ပြီး
မြန်မာဖောင့် ထည့်နည်းလေးပါ။
Android version 2.2 (Froyo) firmware ရှိတဲ့ အခြား Android Phone တွေမှာလဲ
အခုနည်းလမ်းနဲ့ Root လုပ်လို့ရပါတယ်။

Samsung Android OS သုံးဖုန်းတွေမှာ root လုပ်ဖို့ မိမိကွန်ပြူတာမှာ LG Phone Driver
ပထမဆုံး Install လုပ်ထားဖို့လိုပါတယ်။ Driver Install လုပ်မထားပဲနဲ့ Root လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။

အဆင့် ၁ : Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့် ၂ : Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင်
ကိုဖြည်ပါ။

အဆင့် ၃ : Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
Phone Setting>>Applications>>Unknown sources နှင့် Development>>မှ
USB debugging ကို Enable လုပ်ပေးပါ။

အဆင့် ၄ : ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို
ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။

အဆင့် ၅ : Root button ကို ကလစ်နှိပ်ပေးပါ။ Busybox install လုပ်မလားလို့ Box တက်လာလျှင်
Yes နှိပ့်ပေးပါ။
” Root install has completed Would you like run a test ” Box ပ်ါလာလျှင် မိမိဖုန်းမှာ
Superuser ရရှိပြီး Root လုပ်လို့အောင်မြင်သွားပါပြီ။
Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။

အခုပြောပြထားတဲ့အဆင့်တွေတိုင်း တခုချင်းမှန်ကန်တယ်ဆိုရင် LG G2x နဲ့ အခြား
Android version 2.2 (Froyo) firmware ရှိတဲ့ Android Phone တွေတွက် Root လုပ်နိုင်ပါတယ်။
အားလုံအဆင်ပြေပြီး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ် :) ………………….


LG driver အားရယူရန်


media fire ဖြစ် SuperOneClick Tool အားရယူရန်

Direct link ဖြစ် SuperOneClick Tool အားရယူရန်


မြန်မာစာ နှင့် မြန်မာစာကီးဘုတ်ထည့်နည်း

Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်