Monday, March 4, 2013

ဓာတ်ပုံ ဆိုဒ် ချုံ့ ဖို့  ဒီနည်းလေး လွယ်ပြီး ရှင်းလို့  သိမ်းပြီး ပြန်မျှသဗျား..

ဓာတ်ပုံ ဆိုဒ် ချုံ့ ဖို့ 

ဒီနည်းလေး လွယ်ပြီး ရှင်းလို့  သိမ်းပြီး ပြန်မျှသဗျား..

တစ်ကယ်အသုံးဝင်ပါတယ်..လိုအပ်ရင် စမ်းကြပါ...

Facebook သုံးတဲ့သူတွေတော်တော်များများ ကြုံတွေ့ဘူးမှာပါ …. ဓါတ်ပုံတစ်ပုံ တင်လိုက်ပြီ ဆိုရင် တမေ့တမော စောင့်ခဲ့ရတာတွေ …. တ၀က်တပျက်နဲ့ ပြတ်သွားတာတွေ …. ကျွန်တော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် …. ကွန်နက်ရှင်ကောင်းရင်တော့ မပြောလိုပါ … သို့သော် ကွန်နက်ရှင် နှေးနေတဲ့ အခါကျရင် တော်တော်ကို စိတ် ရှည်ရပါတယ် ….

အဓိကတရားခံကတော့ ဖိုင်ဆိုဒ်ပါ …. ကျွန်တော်တို့ ကင်မရာကနေ ကော်ပီလုပ်လိုက်တဲ့ ဓါတ်ပုံဖိုင်တစ်ဖိုင်ဟာ အနည်းဆုံး 2 MB ထက်တော့ အသာလေးကျော်ပါတယ် … ဒါကလဲ Quality ကောင်းရင်ကောင်းသလို ဖိုင်ဆိုဒ်တွေက ကြီးနေမှာပဲ …. အဲဒါကို file compress မလုပ်ပဲနဲ့ ဒီအတိုင်း အင်တာနက်အပေါ်တင်ရင် တော့ အချိန်ကုန်မယ် …. လူပင်ပန်းမယ် … ပိုက်ဆံကုန်မယ် ….

အခုပြောပြမှာတော့ File compress နည်းပါပဲ …file compress လုပ်ပြီးရင် ဓါတ်ပုံဖိုင်ဟာ MB အဆင့်ကနေ KB အဆင့်ထိ ကျဆင်းသွားတာမြင်ရမှာပါ … ဒီနည်းဟာ အလွယ်ဆုံးနဲ့ အသုံးများဆုံး နည်းပါပဲ ….

ပထမဦးစွာ ဓါတ်ပုံတစ်ပုံကို right clip ထောက်ပြီးတော့ Microsoft Office 2010 ကို ရွေးပေးရပါမယ် …. Microsoft Office 2010 ရှိတဲ့စက်တွေကတော့ Microsoft Office 2010 လို့ပေါ်ပြီးတော့ Microsoft Office 2003 or 20007 ရှိတဲ့စက်တွေကတော့Microsoft Office Picture Manager လို့ပေါ်ပါလိမ့်မယ်

….ဖွင့်ပြီးရင် Edit Pictures … ပြီးရင် Compress Pictures


ပြီးရင် Document ကို ရွေး ….



Document ကိုရွေးလိုက်ရင် အောက်မှာပြထားတဲ့အတိုင်း ဖိုင်ဆိုဒ်ဟာ တော်တော်ကွားခြားပြီးသေးငယ်သွားမှာကို တွေ့ရမှာပါ ….

ပြီးရင် OK ပေးလိုက်တဲ့ အခါမှာတော့ နောက်ဆုံး ဖိုင်ဆိုဒ်ဟာ 189 kb ပဲရှိတော့တာကို တွေ့ရမှာပါ …

ပြီးရင် တော့  save လုပ်လိုက်ရင် ရပါပြီ။



ကဲ …. ဖိုင်ဆိုဒ်ကဒီလောက်ပဲရှိတော့ အင်တာနက်မှာ Upload လုပ်ရတာ ပိုမို လျှင်မြန်သွားသလို … ကိုယ့်ကွန်ပြူတာရဲ့ hard disk space ကိုလဲ ပိုမိုအသုံးပြုနိုင်မှာဖြစ်ပါတယ် ….

ကဲ …. ဒီ tool လေးကို အသုံးပြုပြီး အချိန်နဲနဲနဲ့ ဓါတ်ပုံများများ အင်တာနက်ပေါ်တင်ကြရအောင် …

No comments:

Post a Comment