Showing posts with label iPhone 3G. Show all posts
Showing posts with label iPhone 3G. Show all posts

Saturday, March 2, 2013

မြန်မာလို မရ ရအောင် ရိုက်ကြမယ်


မြန်မာလို မရ ရအောင် ရိုက်ကြမယ်


iOS 3.1.3 နောက်ပိုင်း Firmware တွေက စပြီး ခုလက်ရှိ iOS 4.1/4.2 အထိ မြန်မာစာ ဇော်ဂျီဖောင့်ကို ဖတ်ရုံသာဖတ်နိုင်ပြီး မြန်မာလက်ကွက် Keyboard မရနိုင်သေးတဲ့ အတွက် မြန်မာစာ ရိုက်လို့ မရသေးပါဘူး... ဒီလိုအခြေနေမှာ မဖြစ်မနေ မြန်မာစာရိုက်ချင်သော သူများအတွက် နည်းလမ်းလေး တစ်ခုတင်ပြချင်ပါတယ်... ဒီနည်းလေးကတော့ "လိုလျှင်ကြံဆ နည်းလမ်းရ" ဆိုသော စကားနဲ့ အညီ မြန်မာတို့ ရဲ့ ထုံးစံအတိုင်း ဖြတ်ထိုးဉာဏ်သုံးတဲ့ နည်းလမ်းလေးဖြစ်လို့  မြန်မာစာဖတ်လို့ ရသော မည်သည့် iPhone မှာမဆို အသုံးချလို့ ရပါတယ်...

သင်ဟာ မြန်မာဇော်ဂျီ လက်ကွက်ကို အလွတ်နေသူ တစ်ယောက်ဆိုရင်တော့ ပိုပြီး အဆင်ပြေပါလိမ့်မယ်...
ဘာကြောင့်ဆိုရသော် English Keyboard မှာ ရိုက်ရမှာဖြစ်တဲ့အတွက်ပါ..

Internet connection ကလွဲလို့ ဘာ software အကူညီမှ မလိုပါဘူး။

၁) Safari မှာ အောက်ပါ URL လေးကို ရိုက်ထည့်လိုက်ပါ
( http://burglish.my-mm.org/latest/trunk/web/testarea.htm )



၂) Characters List နှင့် Type Writer ကို အမှန်ခြစ်ပေးပြီး ON လိုက်ပါ



စာရိုက်နေစဉ် အက0x081ခရာ အခက်ခဲရှိပါက Characters List ထဲမှ ရွေးလို့ ရပါတယ်။

၃) ရိုက်လိုသောစာကို ရိုက်ပြီးသွားပါက Select All နှင့် Copy လုပ်ပြီး မိမိကူးထည့် လိုသော နေရာမှာ Paste လုပ်ပေးလိုက်ပါ
(ဥပမာ။ ။ Facebook မှာပဲ ဖြစ်ဖြစ် SMS မှာပဲဖြစ်ဖြစ်ပေါ့)



ဒီလိုနည်းလမ်းလေးနဲ့  လောလောဆယ်မှာ ပညာရှင်များ မြန်မာ Keyboard ကို update မလုပ်သေးခင်ချိန်ထိ အာသာပြေ ယာယီ အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းလေးပေးပါရစေ....

ဒီပိုစ့်လေး ကိုနှစ်သက်လို့  ကျေးဇူးတင်ကြမယ်ဆိုရင်တော့ နည်းပေးလမ်းပြဖြစ်တဲ့ ကိုအိမ်မက်ရှင်ကိုပဲ သူရဲ့  အိမ်မက်ရှင် website မှာ ကျေးဇူးတင်နိုင်ကြပါတယ် ခင်ဗျား.....

အိမ်မက်ရှင်ရေ ကျေးဇူးပါ....

မိုးသိကြား

iPhone,iPad အတွက်မြန်မာ ကီးဘုတ်..


iPhone,iPad အတွက်မြန်မာ ကီးဘုတ်...



မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး lunch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။


MMKeyboard ကို မနေ့က 15 ရက် November ကစပြီး App Store မှာစဖြန့်ပါတယ်။ wOOty Lab ကနေလုပ်တယ်လို့ Splash screen မှာတွေ့ရပါတယ်။ ရောင်းဈေးက 0.99$ (1 US$) နဲ့ ရောင်းပါတယ်။ မြန်မာစာ keyboard ဖြစ်ပြီး ဇော်ဂျီဖောင့်ကို အသုံးပြုထားပါတယ်။ လက်ကွက်များက desktop keyboard အတိုင်းဖြစ်လို့ မြန်မာစာရိုက်တတ်သူတိုင်း 1 မိနစ်လောက်အတွင်း အကျွမ်းတဝင်ဖြစ်သွားမှာပါ။ jailbreak လုပ်စရာမလိုတဲ့အပြင် အခြား mail, facebook app တွေက မမြင်ရတဲ့ မြန်မာစာကိုပါ copy ကူးပြီး ဒီ MMKeyboard app ထဲမှာ paste လုပ်ပြီး ဖတ်နို်ပါတယ်။ အရင်ကဆို ကျွန်တော် မြန်မာစာဖတ်ချင်ရင် copy ကူးပြီး font embed လုပ်ထားတဲ့ ကျွန်တော့ blog comment form မှာ paste လုပ်ကြည့် ယူရပါတယ်။ ဒါမှမဟုတ် offline မှာဆို ကိုထွန်းသူရသက်ုလုပ်ထားတဲ့ iMyanmar App က browser URL ဘားမှာ paste လုပ်ဖတ်ရတာပါ အခုကတော့ အဆင်ပြေသွားတဲ့ အပြင်စာပိုဒ် အရှည်တွေပါအလွယ်တကူ ဖတ်လို့ရသွားပါတယ်။


လက်ရှိမှာ version 1.0 ဖြစ်ပြီး လိုအပ်ချက်တစ်ခိျု့ရှိပါသေးတယ်။ နောက် version update တွေကျရင်တော့ update လုပ်ပြီးပြင်သွားမှာပါ။ လက်ရှိမှာ မြန်မာ ဂဏန်းတွေရေးလို့ မရသေးပါဘူး၊ နောက်အခြား မြန်မာစာ နှစ်ထပ်ဆင့်တွေ မရသေးပါဘူး။ keyboard typing sound သံက noise သံပါနေပြီး စာရိုက်တာမြန်ရင် interactive မဖြစ်တော့ပါဘူး။နောက်တစ်ခုက iPod music player ဖွင့်ထားပြီး စာရိုက်မယ်ဆို app ထဲဝင်ပြီး မြန်မာစာရိုက်လိုက်တာနဲ့ သီချင်းပိတ်သွားမှာပါ။ မဖြစ်ချင်ရင် app စဝင်ကတည်းက setting မှာ sound off လုပ်ထားရပါမယ်။ နောက်မြန်မာစာရိုက်နေတုန်း မှားလို့  backspace ဖျက်ချင်ရင်ဖြစ်ဖြစ်၊ နောက် တစ်ပိုဒ် enter ဆင်းချင်ရင် English keyboard ကို ပြန်ပြောင်းယူရတာ နဲနဲခက်ပါတယ်။ app က resume (Multitasking ready) မဖြစ်သေးတဲ့ အတွက် ဖုန်းဝင်လာလို့ ဖြစ်စေ၊ ထွက်ပြီးပြန်ဝင်ရင် နဂို ရိုက်လက်စ စာတွေပျောက်ကုန်ပါတယ်။ Setting ထဲက sound off ကလဲ save မလုပ်သေးပါဘူး။ စာနဲနဲရိုက် ပြီးတိုင်း copy လုပ်ပြီး back up ယူထားသင့်ပါတယ်။ နောက် update မှာပြင်ပြီးသား ဖြစ်သွားမှာပါ။


MMKeyboard မှာ ရိက်ပြီးသားစာကို in app email ပို့လို့ရတာတော်တော် အသုံးဝင်ပါတယ်။ နောက်ဒီ app နဲ့ပဲ အလုပ်သွားရင်း ရထားပေါ်မှာ ဖြစ်ဖြစ် သတင်းတွေ၊ facebook, email messages တွေဖတ်လို့ ရသလို reply ပြန်လို့ ရနိုင်ပါတယ်။ WordPress app တွေနဲ့ mobile blogging လုပ်လို့ ရလာနိုင်ပါတယ်၊ အခုတောင်စာကို ကျွန်တော် MMKeyboard သုံးပြီး iPad မှာ ရေးထားတာပါ။ MMKeyboard ဟာ မြန်မာစာဖတ်လိုသူတွေ ရေးလိုသူတွေ အတွက် ဝယ်ထားသင့်တဲ့ app တစ်ခုဖြစ်တယ်လို့ ညွှန်းပါရစေ။ ကျေးဇူးပါ။

Post Credit to
; ကိုထူးတေဇာရဲ့  Blog ကနေပြီး မြန်မာစာရိုက်ဖို့  မျှော်လင့်နေကြတဲ့ ပရိတ်သတ် အတွက် တစ်ဆင့်ပြန်လည် မျှဝေဖော်ပြပေးတာပါ...

iOS အနိမ့်အတွက် ဇော်ဂျီဖောင့် အဟောင်းလေးများ


iOS အနိမ့်အတွက် ဇော်ဂျီဖောင့် အဟောင်းလေးများ


iPhone 3G အတွက် အမြင့်ဆုံး iOS မှာ iOS 4.2.1 ဖြစ်ပြီး ထပ်မံ၍လည်း Update လုပ်လို့ မရနိုင်တော့ဘူး ဆိုတာ အားလုံးသိထားကြပြီး ဖြစ်ပါလိမ့်မယ်။
ဤကဲ့သို့ သော အခြေအနေတွင် အကြောင်း အမျိုးမျိုးကြောင့် Restore / Jailbreak ပြန်လုပ်ပြီးနောက် မြန်မာဖောင့် ပြန်လည် သွင်းယူရန် Cydia Source တွင် iOS အနိမ့် ဇော်ဂျီဖောင့်များအား ဖယ်ရှားရှင်းလင်းပြီး update လုပ်ထားခြင်းကြောင့် ယခင်လို တိုက်ရိုက် လွယ်ကူစွာ မသွင်းယူနိုင်တော့ပါဘူး။

ဒီအတွက် လိုအပ်သော ဇော်ဂျီနှင့် ပက်သက်၍ ကိုစေတန် စုစည်းဖေယ်ပြထားသော (.deb) file များကို တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

>> unicode-font.deb
>> unicode-keyboard.deb
>> wootylab-mmkeyboard_1.0-2_iphoneos-arm.deb
>> wootylab-zawgyihardware_0.9-1_iphoneos-arm.deb
>> zawgyi-font-iOS-Uninstaller.deb
>> zawgyi-font-iOS.deb
>> zawgyi-font-old.deb
>> zawgyi-font.deb
>> zawgyi-iOS43-font.deb
>> zawgyi-iPadkeyboard.deb
>> zawgyi-iPhone43kb.deb
>> zawgyi-keyboard-4.1.deb
>> zawgyi-keyboard.deb
>> zawgyiiPadkeyboard.deb

Update:deb for iOS 5.1


>> wootylab-mmkeyboard_1.1-1_iphoneos-arm.deb
>> wootylab-zawgyihardware_0.9-1_iphoneos-arm.deb
>> zawgyi-iOS43-font.deb

Credit to : Saturngod မူရင်း site သို့  >>