Saturday, March 2, 2013

iOS 5.1.1 နှင့် ဇော်ဂျီလက်ကွက်


iOS 5.1.1 နှင့် ဇော်ဂျီလက်ကွက်


မနေ့ ညကပဲ iPad 2 iOS 5.1.1 ကို လွယ်ကူ အောင်မြင်စွာ jailbreak လုပ်နိုင်ခဲ့ပါပြီ။
Jailbreak လုပ်ဆောင်ပြီးနောက် မြန်မာဖောင့်များ ကီးဘုတ်များ ကို iOS 5.1 တုန်းကအတိုင်း Font for iOS 4.3 ကို အရင် သွင်းပြီးမှ MM Keyboard for iOS 5 ကို သွင်းပေးလိုက်ရုံပါပဲ။

ပြဿနာက သွင်းလို့  ရပေမယ့် အချို့  ကီးများ shift နဲ့  လက်ကွက် လှန်လိုက်သောအခါ ပြန်ပေါ်မလာတော့တာ တွေ့ ရပါတယ်။ လက်ကွက်ကို အလွတ်ရနေသူများ အတွက်တော့ ကိစ္စသိပ်မရှိပါဘူး၊ လက်ကွက်လှန်လိုက်လို့  Keyboard display မှာ မဖော်ပြနိုင်သော်လည်း ကီးမှာ အလုပ် လုပ်နေပါသေးသည်။

ကျွန်တော် တွေ့ ရှိထားသလောက် (က) စသည်ဖြင့်တို့  မှာ Shift ကီးနှိပ်သော်လည်း လက်ကွက် display လိုက်ပါ မပြောင်းလဲသောကြောင့် လက်ကွက် ပျောက်သွားတာတွေ့ ရပါသည်။

ဥပမာ shift မြှားကို ပထမအကြိမ် လက်ကွက်ချိန်းပြီးနောက် နောက်တစ်ခေါက် မူလ လက်ကွက်သို့  ပြန်လည် ပြောင်းလိုက်စဉ် "က" နေရာမှာ မပြောင်းလဲသွားပဲ "၏" အဖြစ်သာ တွေ့  မြင်ရပါမည်၊ သို့ သော် ယင်း "" ကို ရိုက်ပါက "က" ပေါ်လာပါမည်။
အထက်တွင် ဖော်ပြထားသော အခြားကီးများမှာလည် ထိုနည်း၎င်း အတိုင်းပင် အလုပ်လုပ်ပါသည်။




iOS 5.1.1 ၏ Jailbreak မှာလည်း အခုမှ ထွက်ရှိလာသည့် အားလျှော်စွာ iOS 5.1.1 တွင် မြန်မာကီးဘုတ် ကောင်းမွန် မှန်ကန်စွာ အလုပ်လုပ်နိုင်ရန် အတွက် ကျွန်တော်တို့  ၏ မြန်မာ Developer များကို အချိန်ပေးရန် လိုအပ်ပါသည်။

ထို့ ကြောင့် ကျွန်တော်တို့  အတူတူ မြန်မာကီးဘုတ် Update ကို စောင့်စားကြပါစို့ ...။

>> Myanmar Font and Keyboard Installation Guide

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

No comments:

Post a Comment