Saturday, March 2, 2013

iOS 4.3 အထက် အဆင်ပြေဆုံး မြန်မာဖောင့်သွင်းနည်း


iOS 4.3 အထက် အဆင်ပြေဆုံး မြန်မာဖောင့်သွင်းနည်း

iOS4.3.3/ 4.3.4 /4.3.5 တို့ မှာ မြန်မာဇော်ဂျီဖောင့် ထည့်သွင်းရာတွင် iPhone,iPod အတွက် အသစ်ထွက်ရှိလာသော New Keyboard နှင့် အဆင်မပြေ နေကြတယ်လို့  မကြာခဏ ကြားသိရပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့  နည်းလမ်းဟောင်း လေးကိုပဲ ပေါင်းစပ်သုံးပြီး ဖြေရှင်းလို့  ရနိုင်ပါတယ်။
Jailbreak လုပ်သူများ အနေနဲ့  မြန်မာ ဇော်ဂျီဖောင့် ထည့်သွင်းတာ အလွန်ကျွမ်းကျင်ပြီးသား ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်၊ ဒါပေမယ့် ယခုမှ စပြီး ထည့်သွင်းမယ့် သူများ အတွက်ပါ စာမျက်နှာ မကူးရအောင် စ/ဆုံး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၁) Home screen ရှိ Cydia ဖွင့်ပါ။

၂) Cydia --> Manage --> Sources --> Edit --> Add

၃) Add တွင် "cydia.macforus.com" ဟုရိုက်ထည့်ပေးလိုက်ပြီး Add Source ကိုနှိပ်ပါ။ ပြီးရင် Done ကိုနှိပ်ပါ။

၎) cydia.macforus.com --> Zawgyi Keyboard iPad 4.2 ဆိုတာကို Install လုပ်ပါ။

၅) ပြီးရင် zawgyi font package for >= 3.2 ကိုပါ ထပ်မံ Install လုပ်ပါ။

၆) Home screen ရှိ Settings ကိုသွားပါ။

၇) Settings --> General --> Keyboard --> International Keyboards -->Add New Keyboard --> Myanmar ကိုရွေးပေးလိုက် ရင်ရပါပြီ။

အခုဆိုရင်တော့ မြန်မာဖောင့် အတွက် စိတ်အနှောင့်ယှက် ဖြစ်ရန် မလိုတော့ပါဘူး။

No comments:

Post a Comment