အပိုင်း(၁)
(က)ရခိုင်ပြည်နယ်၏ ပထ၀ီအနေထားနှင့် နောက်ခံသမိုင်း
မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သောရခိုင်ပြည်နယ်သည် မြောက်လတ္တီတွဒ် ၁၇ံ- ၁၅' နှင့် ၂၁ံ- ၁၁'၊ အရှေ့လောင်ဂျီတွဒ် ၉၂ံ- ၁၁' နှင့်၉၄ံ-၅၅' တို့ကြားတွင်တည်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၂၀၀ ရှိသည်။ ၂၀၀၈ ခုနှစ်စာရင်းအရ လူဦးရေ (၃) သန်းနီးပါးရှိသည်ကို တွေ့ရသည်။
ဓည၀တီ(စစ်တွေခရိုင်)၊ ရမ္မ၀တီ (ကျောက်ဖြူခရိုင်) ၊ နှင့်မေဃ၀တီ(မာန်အောင်ခရိုင်)၊ ဒွါရာဝတီ( သံတွဲ) စသည့်ဝတီလေးရပ်နှင့်ပေါင်းစည်းအပ်သော ရခိုင်ပြည်တွင် ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ် ၊ မြောက်ဦးခေတ်ဟူ၍ ခေတ်လေးခေတ် ထွန်းကားခဲ့သည်။ ရခိုင်သမိုင်မှတ်တမ်းများအရ ဓည၀တီခေတ်သည် ဘီစီ ၃၃၂၅ မှ အေဒီ ၃၂၇ အထိရှည် ကြာခဲ့သည်ဟု ဆိုသည်။ အထောက်ထားများအဖြစ် ဓည၀တီမြို့ဟောင်း၏ မြို့ရိုးများ ၊ နန်းရာများကို ယနေ့တိုင် တူးဖော်တွေ့ရှိ နေရခြင်းက သက်သေပင်ဖြစ်သည်။ ဓည၀တီခေတ်သည် ပထမဓည၀တီ ၊ ဒုတိယဓည၀တီ၊တတိယဓည၀တီ၊ ဟု၍ ထွန်းကားခဲ့ရာ ဘီစီ ၅၈၀ တွင် နန်းတက်သော စန္ဒသူရိမင်းသည်တတိယ ဓည၀တီ၊ တည်ထောင်၍ မြို့တော်ကို တောင်တင်းခိုင်မာအောင် လုပ်ပြီး သူရိယမင်းဆက် ကိုတည်ထောင်ခဲ့သည်။ ဓည၀တီမြို့သည် အေဒီ ၃၂၇ အထိ မြို့တော်အဖြစ် ဆက်လက်တည်ရှိခဲ့ရာ နောက်ဆုံးမင်းမှာ သူရိယကေတု ဖြစ်သည်။ ၎င်း လက်ထက်တွင် ဝေသာလီ အရပ်သို့ပြောင်းရွှေ့ခဲ့သည်။ ရခိုင်ရာဇ၀င်အရ ဝေသာလီသည် အေဒီ ၉၅၇ တွင် ရှမ်းတို့ဝင်ရောက် တိုက်ခိုက်သဖြင့်ပျက်စီးသည်ဟု ဆိုသည်။ ဝေသာလီမြို့တော် ဟောင်းနေရာ သည် ယနေ့တိုင်ရှိနေပြီး ရှေးစဟောင်းသုတေသနမှ တူးဖော်သုတေသန ပြုနေသည်ကို တွေ့ရှိရသည်။
ဝေသာလီအပျက်တွင် ငမင်းငတုံးခေါင်ဆောင် သော သက်လူမျိုးတို့ အင်အားကြီး ထွားလာပြီ အေဒီ ၇၉၄ တွင်နန်းတတ်သည်။ မြို့တော်ကိုလည်း ဝေသာလီမှ စမ္ပ၀က်သို့ ပြောင်းရွှေ့ခဲ့ပြီး နောင်အခါ လေးမြို့ ခေတ်ဟု ထင်ရှားလာမည့်ခေတ် တစ်ခေတ် စတင်ခဲ့သည်။ လေးမြို့ခေတ်တွင် စမ္ပ၀က်မြို့ မှ စမ္ပာမြို့ ၊ ပရိန်မြို့ ၊ ခြိတ်မြို့ ၊ တောင်ငူရဉ္စရာ၊ လောင်းကြက် မြို့များသို့ အဆင့်ဆင့် ပြောင်းလဲ နန်းစိုက်ခဲ့ကြသည်။ လောင်းကြက်မြို့တွင် နောက်ဆုံးမင်းမှာ အေဒီ ၁၄၀၄ တွင် နန်းစံ သည့် မင်းစောမွန် ဖြစ်သည်။ မင်းစောမွန် နန်းတက်ပြီး (၂) နှစ်အကြာတွင်အင်းဝ-ရန်စစ်ကြောင့် ထွက်ပြေး ပုန်းအောင်းနေခဲ့ရသည်။ အေဒီ ၁၄၃၀ တွင် မင်းစောမွန်သည် ပြန်လည်သိမ်းယူခဲ့သည်။ သို့သော် မင်းစောမွန်သည် စစ်ဘေးဒဏ် မကြာခဏ ကျ သည့် လောင်းကြက်မြို့ ကို စွန့်လွှတ်ကာ မြောက်ဦးမြို့ တော်ကို ထိုနှစ်မှာပင် ပြောင်းရွှေ့ တည်ထောင်ခဲ့သည်။
ခေတ်ဦးရခိုင်တွင် တည်ထောင်ခဲ့သော ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ခေတ်များတွင် ကိုးကွယ်သော ဘာသာမှာ ဟိန္ဒူ ဘာသာ နှင့် ဗုဒ္ဓ ဘာသာတို့ဖြစ်သည်။ဗုဒ္ဓဘာသာ ထွန်းကားမှု့ ကို ဒုတိယ ဓည၀တီ နိုင်ငံတည်ထောင်ပြီး နောက် စန္ဒသူရိယ လက်ထက် ထင်ရှားသည့် မဟာ မုနိသွင်း လုပ်မှု့က သက်သေတည်ခဲ့လေသည်။ ဝေသာလီ ကျောက်လှေကားမြို့ တွင် မဟာ တိုင်းစန္ဒြားမင်း လက်ထက် သီလဂုဏ်ရှိသော မထေရ်ကြီးများ၊ ရဟန်းသံဃာများ သောင်းသိန်းမက ရှိခဲ့သည်ဟု ဆိုသည်။ မဟာတိုင်းမင်းလွန်၍ သားတော် သူရိယစန္ဒြားမင်း လကင်ထက်တွင် မဟာမုနိဘုရား၌ သိမ်ဆောက် လှူဒါန်းသည့်ပွဲတွင် သီရီလင်္ကာနိုင်ငံမှ သံဃာတော်များအား ပင့်ဖိတ်လှူဒါန်းခဲ့ခြင်းကြောင့် ဝေသာလီ ခေတ်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားခဲ့သည် ကို လေ့လာ တွေ့ရှိနိုင်သည်။
(ခ) မြောက်ဦးခေတ်တွင် မွတ်ဆလင်များ စတင်ရောက်ရှိလာခြင်း
ရခိုင်သမိုင်းတွင် မြောက်ဦးခေတ် သည် နောက်ဆုံး ပဒေသရာဇ်ခေတ် ဖြစ်ပြီး အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၅ အထိအုပ် ချုပ်ခဲ့သည်။ အင်အားကြီးသည့် ရခိုင် မင်းများလက်ထက် တွင် ဘင်္ဂေါ ၁၂ နယ် အထိ သိမ်းပိုက် အုပ် ချုပ် နိုင်ခဲ့ရာ စစ်တကောင်း သည် ၁၆၆၆ ခုနှစ်တွင် မဂိုတို့ မသိမ်းပိုက်မီ ကာလအထိ ရခိုင်ဘုရင်များ ပိုင်နက်ထဲတွင် ရှိခဲ့သည်။ ထို့ကြောင့် မြောက်ဦးခေတ် အစောပိုင်း မင်းများသည် ဘင်္ဂေါနယ်ကို ပိုင်ဆိုင်ထားသဖြင့် ဘုရင်ဘွဲ့ကို မြန်မာဘွဲ့အမည်အပြင် မွတ်ဆလင် ဘွဲ့အမည်ကို ခံယူခဲ့ကြသည်။ တနည်းအားဖြင့် မွတ်ဆလင်ဘွဲ့အမည်များ အသုံးပြုခြင်းဖြင့် သိမ်းပိုက်ထားသော ဘင်္ဂေါနယ်များကို စည်းရုံးရေး အသွင်ဆောင်ရန် ဖန်တီးခြင်းဖြစ်သည်ကို တွေ့ရသည်။ ထိုအတူ မိမိသိမ်းပိုက်နိုင်ခဲ့သည့် နယ်ပယ်၏ ယုံကြည်မှု့ ကို ရယူနိုင်ရန် ဒင်္ဂါးတွင် ရခိုင်ဘုရင်တို့၏ ဘွဲ့အမည်သာမက မွတ်ဆလင်ဘွဲ့အမည် ကိုပါ ထည့်သွင်း သွန်းလုပ်လေ့ရှိသည်ကို တွေ့ရ သည်။ ဒင်္ဂါး သွန်းလုပ်သည့် ရခိုင်ဘုရင်တိုင်းသည် ထိုဒေသ ကို စစ်နိုင်သော ဘုရင်များသာ ဖြစ်သည်ကို တွေ့ရသဖြင့် မိမိအုပ်ချုပ် ရာနယ်မြေနဒေသတွင် သြဇာလွှမ်းမိုးလိုသည်သဘောဖြစ်သည့်ကို တွေ့ရသည်။ ပါမောက္ခဆာရာဂျူဒင်က ရေးသားထားသည့်မှာ ရခိုင်ဘုရင် မင်းစောမွန် ဘင်္ဂေါသို့ ထွက်ပြေးခိုလုံသည် ဟုသော အထောက်ထားများ ဘင်္ဂေါ သမိုင်းတွင် မရှိကြောင်း ၊ ရခိုင်ပြည်သူတို့က မင်းစောမွန် ပြန်လာ ပြီးနောက် မွတ်ဆလင် ယဉ်ကျေးမှု့ ကို လက်ခံသည်လည်း မဖြစ်နိုင်ကြောင်း ၊ ရခိုင်ဘုရင်များက မွတ်ဆလင်စာပေယဉ်ကျေးမှုကို အားပေးလက်ခံသည်ဆို သည်မှာလည်း ခိုင်မာသည့် အထောက်အထားမရှိ ကြောင်း၊ ရေးသားခဲ့သည်။
ထိုအပြင်ရခိုင်ဘုရင်အချို့ မွတ်ဆလင်ဘွဲ့ခံခြင်း၊ ဒင်္ဂါးတွင်၎င်းတို့အမည်ကို အာရေဗျ စာဖြင့်ရေးသားခြင်းများရှိသည်ဆိုသော်လည်း မင်းစောမွန်ကို ဆက်ခံသည့် ဘုရင်များသည် အေဒီ ၁၄၃၀ မှ ဗဒုံမင်း တိုက်ခိုက် သိမ်းပိုက်သည့် အေဒီ ၁၇၈၄ အထိ မည်သူမျှ မွတ်ဆလင်များမဟုတ်ခဲ့ကြောင်း ၊ ရခိုင်တွင် ဘုရင် ၄၈ ဦးနန်းတက်ခဲ့ရာ ၉ ဦးသာ မွတ်ဆလင်အမည် ဖြင့် ဒင်္ဂါးသွန်းခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်း ၉ဦးသည် စစ်တကောင် ကို သိမ်းပိုက်အောင်နိုင်ခဲ့သည့် ဘုရင်များဖြစ်သဖြင့် လက်အောက်ခံဒေသတွင် ရှိသည့် ပြည်သူတို့၏ ယုံကြည့်မှု့ ရရှိအောင် ဆောင်ရွက်ခြင်းသာဖြစ် နိုင်ကြောင်း ထောက်ပြ ဝေဖန် ထားသည် ကို တွေ့ရသည်။
ရခိုင်ဘုရင်လက်အောက် ရှိစဉ်က သုံးပန်းအဖြစ် ဖမ်းစီးခေါ်ယူ လာသော မွတ်ဆလင် များကို လယ်ယာလုပ်ငန်းတွင်၎င်း၊ အခြားအမှု့ ထမ်းလုပ်ငန်းများတွင် ၎င်း ၊ ခိုင်းစေခြင်းဖြင့် ဘင်္ဂေါနယ်မှ အခြေချနေထိုင်လာသော မွတ် ဆလင် များ ရခိုင်ဒေသတွင် ၁၅ ရာစု တွင် စတငင်ရောက်ရှိလာခဲ့သည်။ ၁၇ ရာစု တွင် ပေါ်တူဂီ နှင့် ရခိုင်တို့ ကျွန်အရောင်းအ၀ယ် လုပ်ကိုင်ကြသဖြင့် ကျွန်ဈေးကွက်တွင် ဖမ်းဆီးရောင်း ချခံရသော ဘင်္ဂေါနယ်မှ မွတ်ဆလင်များရှိ ခဲ၊့ရာ ထိုကျွန်များကို လယ်ယာလုပ်ငန်း တွင် ၎င်း၊ လက်မှု့ လုပ်ငန်းများတွင်၎င်း၊ အမှု့ထမ်းအဖြစ်၎င်း အသုံးပြုခြင်းဖြင့် ရခိုင်ဒေသသို့ မွတ်ဆလင် အချို့ စတင်ရောက်ရှိ လာခဲ့သည်ဟု ဆိုသည်။ ရခိုင်သို့ ရောက်ရှိ လာသော မွတ်ဆလင်များသည် စစ်အတွင်း ရခိုင်ဗမာ များ ဖမ်းလာသည့်ကျွန်များမှ ဆင်းသက်လာသူများ ဖြစ်နိုင်သည်ဟု ဆိုသည်။
ဦးမြင့်သိန်း( ညွှန်ကြားရေးမှူး ၊ သမိုင်းသုတေသနဦးစီးဌာန)
၂၁ မတ် ၂၀၀၉ ခုနှစ်
( မျက်မှောက်ခေတ်နိုင်ငံတကာဆက်ဆံရေးနှင့် မြန်မာနိုင်ငံသုတေသနစာတမ်းဖတ်ပွဲ) မှ ပြန်လည်ရေးသားခြင်းဖြစ်သည်။
င်္

No comments:
Post a Comment