Monday, November 5, 2012

ဒုတိယကမ္ဘာစစ်ကာလ ကုလား-ရခိုင်ပဋိပက္ခ


                              ဒုတိယကမ္ဘာစစ်ကာလ ကုလား-ရခိုင်ပဋိပက္ခ
             ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခါနီး ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတပ်များစတင်ဆုတ်ခွာလေသည်။ ၎င်းတို့ဆုတ်ခွာချိန် တွင်စုံစမ်းရေးကော်မရှင်က အစီရင်ခံထားသည့် အတိုင်းပင် ကုလား-ရခိုင် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ အခြေခံအကြောင်းအရင်းမှာ ဗြိတိသျှအစိုးရ၏ရခိုင်သို့အိန္ဒိယကုလားများဝင်ထွက်ခွင့်ပြုခဲ့ခြင်းကြောင့်ပင်  ဖြစ်သည်။
            နိုင်ငံခြားမှ ရာပေါင်းများစွာသော  ကုလားများကို  ရခိုင်သို့  ခေါ်သွင်းလာပြီး မြေယာများကို ပေးခဲ့ခြင်းနှင့်အတူ ကုလားမြေပိုင်ရှင်  အများအပြားပေါ်ပေါက်လာခဲ့သည်။ ရခိုင်တို့၏ လယ်မြေများမှာလည်း တဖြည်းဖြည်းဆုံးရှုံးလာကာ  ရခိုင်လယ်ယာမဲ့များ၏  ပဋိပက္ခသည်  နှစ်ပေါင်းစွာ  အမြစ်တွယ်လာရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
  အခြားအကြောင်းရင်းတစ်ရပ်မှာဗြိတိသျှအစိုးရသွေးခွဲအုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်သည်အရေးပါသောအကြောင်းရင်းတစ်ခုမှာလည်း  ဗြိတိသျှတို့က ၁၃၀၀ ပြည့်အရေးတော်ပုံကို  အာရုံလွှဲရန်  ၊ရည်ရွယ်ဆောင်ရွက်ခဲ၊့သော ကုလား-ဗမာအဓိကရုဏ်းကြောင့် ဖြစ်သည်။        ထိုအဓိကရုဏ်း၏ဂယက်သည်ရခိုင်သို့ဆဖြည်းဖြည်းပျံ့နှံ့လာ ချိန်တွင်   ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာရာ  စစ်ကြောင့်  ဗြိတိသျှတို့နှင့်အတူ  ပြေးလာကုငလားများနှင့် ရခိုင်တို့ ဆက်လက်ထိပ်တိုက်ရင်ဆိုင် လာရသည်။ ဗြိတိသျှတို့အနေဖြင့်  ၎င်းတို့ကို အောင်မြင်စွာ ဆုတ်ခွာနိုင်ရန်  စစ်ပြေးဘက်တော်သားများက  အချင်းချင်းတိုက်ခိုက် ပေးသည့်အနေဖြင့်  မြန်မာနိုင်ငံသားမဟုတ်သူများကို  ကိုယ့်ကိုယ်ကို
ကာကွယ်နိုင်ရန်ဟုအကြောင်းပြကာ  လက်နက်များပေးခဲ့သည်။ ထိုအချိန်တွင်  အင်္ဂလိပ်စစ်တပ်မှ  ကုလားစစ်သည်များ ကို  ဒေသခံကုလားများနှင့်ပေါင်းကာ  ရခိုင်အမျိုးသားကို  သတ်ဖြတ်မှု့များစတင်ခဲ့သည်။      ကုလားရခိုင်အဓိကရုဏ်းတရက်ဖြစ်ရခြင်းသည် မြေပုံမြို့နယ်၊ ချောင်းကြီးရွာသူကြီးညီအကိုနှစ်ဦးကို  ရက်ချောင်းရွာမှ  ကုလားများကသတ်ဖြတ်ခြင်းမှ စတင်ခဲ့သည်။ ကုလားများက  ရခိုင်ရွာသူကြီးအုပ်ချုပ်သည်ကို မနှစ်မြို့သဖြင့်  စစ်အတွင်း  အခွင့်သာသည့်ကာလတွင် သတ်ဖြတ်ခြင်းဖြစ်သည်။ ထိုအရေးခင်းကို အကြောင်းပြု၍  သိန်းကျော်အောင်ကျော်ယအစရှိသော  ရခိုင်တိုင်းရင်းသားတို့ကဒေါသထွက်ကာဧည့်သည်ရက်ချောင်းကုလားတိုကို  လက်စားချေသတ်ဖြတ်သည်တွင် ကုလားရခိုင်အဓိကရုဏ်းစတင်ခဲ့ခြင်း  ဖြစ်သည်။
        ထိုမှတဆင့်  မြောက်ဦး၊ ကျောက်တော်မြို့နယ်  သို့ကူးစက်သွားခဲ့သည်။ ထိုနယ်များမှ  ထွက်ပြေးလာသော  ကုလားများသည်  ဘူးသီးတောင်၊ မောင်တောမြို့များသို့ ရောက်ရှိလာပြီး  ယင်းမြို့နယ်ရှိကုလားများနှင့်  ပူးပေါင်းကာ ဒေသတွင်းရှိ  ရခိုင်လူမျိုးတို့ကို  လက်စားချေပြန်သဖြင့်  မောင်တောမြို့နယ်  အရှေ့ဘက်ခြမ်း  ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင်မြို့နယ်ရှိ   ရခိုင်ရွာများကို  မီးရှိုးဖျက်ဆီးခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ကြောင့်  ရခိုင်များထွက်ပြေးကြရသည်။  ရခိုင်လူမျိုးများ အသက်ဆုံးရှုံးရပြီး  ရွာပေါင်းများစွာ  ပျက်စီးသွားသည်။ ယင်းသို့ ပျက်စီးသွားခြင်းကြောင့်  ယနေ့အထိ  နာလန်မထူနိုင်ဘဲ  ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်  ရခိုင်ရွာအနည်းငယ်သာ  ကျန်တောသည်။
               ထိုအဓိကရုဏ်းကြောင့် ရခိုင်လူမျိုး ၂၀၀၀၀ခန့် အသက်ဆုံးရှုံးရပြီး  ဘူးသီးတောင်၊ မောင်တောမှ  ရခိုင်အားလုံး  မီးရှိုးဖျက်ဆီးခံရသည့်အပြင်  ရသေ့တောင်မြို့နယ်မှ  ရခိုင်အချို့ မီးရှို့ဖျက်ဆီးခံရသည်။ စစ်တွေဖက်သို့  ပြန်လည်ထွက်ပြေးသူများကို  မူဆလင်များက  သတ်ဖြတ်နေကြောင်းကြားသိကြသည့် မောင်တောနယ်မှ  ရခိုင်တိုင်းရင်းသားများသည်  နောက်ဆုံးတွင်  အင်္ဂလိပ်အစိုးရဘက်မှ  တာဝန်ခံအရ ရခိုင်အရာရှိအကူညီဖြင့်  ဒိန္နာစပူရ်စစ်ပြေးစခန်းသို့  ထွက်ပြေးခဲ့ရသည်။
          ဘူးသီးတောင်၊ မောင်တောနယ်တွင် ဒုတိယကမ္ဘာစစ်အတွင်း   ဘင်္ဂါလီတို့၏  ရက်စက်သတ်ဖြတ်မှု့ကြောင့်  သေဆုံးကြရခြင်း၊ ထွက်ပြေးကြရခြင်းနှင့် ပက်သက်၍  အသက်ရှင်ကျန်ရစ်သူတို့၏  ပြောကြားချက်အရ  မွတ်ဆလင်ကုလားတို့၏  အစီစဥသည်  ၎င်းဒေသအတွင်းအခွင့်ရေးကြုံခိုက်ရခိုင်တစ်ဦးတစ်ယောက်မှမကျန်ရစ် အောင်အပြတ်ရှင်းရန်စီစဉ်ကြခြင်းပင်ဖြစ်သည်။
ေ မာင်တောနယ်တောင်ပိုင်းတွင်  အလယ်သံကျော်၊ တပ်တိုးပြင်၊ စပ်ချကုန်း၊ ရှောက်ကိန်း၊ မြို့ချောင်းစသည့်ရွာများသည်  မွတ်ဆလင်ဒဏ်ကို  အကြီးအကျယ်ခံရကြောင်း  သိရှိရသည်။ ထိုရွာများမှ  ရွာသားများသည်  ဒိန္နာစပူးရ်စစ်ပြေးစခန်းသို့  တစ်ဦးမှရောက်ရှိခဲ့ခြင်း  မရှိခဲ့ချေ။ ရခိုင်တိုင်းရင်းသားက  အိန္ဒိယဘက်သို့  ထွက်ပြေးကြသော်လည်း   မွတ်ဆလင်ကုလားများမှာ  ထွက်ပြေးသွားခြင်းမရှိဘဲ  ရခိုင်တို့ပိုင်ဆိုင်ခဲ့သည့်  လယ်မြေများ၊ ကျွဲနွားများကို  ၀င်ရောက်သိမ်းပိုက်လုပ်ကိုင်ကြသည်။
                   ထိုအချိန်တွင် မောင်တောမြို့တွင်  ကျန်ရစ်ခဲ့သောမွတ်ဆလင်များ  က ငြိမ်းချမ်းရေးအဖွဲ့ (peace comitte)ဖွဲ့စည်းကာအုံးမော်များကဥက္ကဌအဖြစ်ဆောင်ရွက်စီမံအုပ်ချုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ် အောက်တိုဘာလတွင် ဂျပန်တို့ရောက်လာသည့်  အချိန်တွင်(peace comitte)ကို ဘာသာရေးအသင်းဖြစ်   အသွင်းပြောင်းကာ  ကာဂျေမေတူအူလမားအသင်းအမည်ဖြင့်  စတင်လှုပ်ရှားခဲ့သည်။
            အိန္ဒိယနိုင်ငံရှိ  ဗြိတိသျှတို့အနေဖြင့် ဂျပန်ကို  ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် ( v.force )ဟုခေါ်သော အပျော်တမ်းတပ်ဖွဲ့ကို  ၁၉၄၂ ခုနှစ်တွင်  ဖွဲ့စည်းခဲ့သည်။ တပ်ဖွဲ့ဝင်များသည်  ဘင်္ဂေါလီကုလားများဖြစ်ပြီး  ၎င်းတို့၏ အဓိကတာဝန်မှာဂျပန်တို့အားပျောက်ကျားစစ်ဆင်ရေးနှင့် တိုက်ခိုက်ရန်၊ ရန်သူလှုပ်ရှားမှု့များကို  သတင်းစုဆောင်း
ရန်နှင့်စကားပြန်အဖြစ်ဆောင်ရွက်ရန်ဖြစ်သည်။သို့သော် ဂျပန်တို့အရေးနိမ့်၍  ဗြိတိသျှတပ်များ   ပြန်လည်ဝင်ရောက်လာသည့်အခါ  လိုက်ပါလာသည့် ဘင်္ဂါလီစစ်သည်များအနေဖြင့်  ဂျပန်ကိုတိုက်ခိုက်ရမည့်အစား  ရခိုင်တိုကို  လက်စားချေတိုက်ခိုက်မှု့များ  ပြုလုပ်လာသည်။စစ်အတွင်း  ဗြိတိသျှအစိုးရ၏  အစီရင်ခံစာတွင်-
ရသေ့တောင်ဒေသရှိ   ရခိုင်ကျေးရွာများတွင်  ဆိုးရွားပြင်းထန်သော  ဖြစ်ရက်များနှင့် ၎င်းတို့ခံစားရသောာ  ပျက်စီးဆုံးရှုံးမှုများကြောင်း ကြာားသိရသည်။ မေယုမြစ်အနောက်ဘက်ကမ်းရှိ  ကျေးရွာအများစုမှာ  စစ်တကောင်းအပျော်တမ်းတပ်ဖွဲ့၏  မီးရှို့ခြင်းနှင့်  ဖျက်စီးခြင်းကို  ခံခဲ့ရသည်။၎င်းတို့သည်   ဘိုးဘွားပိုင်မြေများမှ  နှင်ထုတ်ခဲရသော ရခိုင်လူမျိုးများဖြစ်ပြီး  ၎င်းတို့အား  ကယ်ဆယ်ရန်အတွက်   မျှော်လင့်ချက်မရှိကြောင်း  ရေးသားထားသည်။
             ရခိုင်တို့က မွတ်ဆလင်ရန်ကြောင့်   စစ်ပြေးစခန်းသို့  ထွက်ပြေးခဲ့ရသော်လည်း  မွတ်ဆလင်ကုလားအများစုမှာ  ကျန်နေခဲ့သဖြင့်  ရခိုင်ရွာများတွင်  ၀င်ရောက်နေခြင်း၊ ရခိုင်တိုင်းရင်းသားများပိုင် လယ်မြေများကို  ၀င်ရောက်လုပ်ကိုင်ခြင်းတို့ဖြင့် နေရာယူထားပြီးဖြစ်သည်။ တစ်ဖက်နိုင်ငံသို့  စစ်အတွင်းထွက်ပြေးခိုလှုံခဲ့သည့်  ရခိုင်များသည် မိမိနေရပ်သို့ပြန်လာသောအခါအိုးအိမ်များမီးလောင်ပျက်စီးဆုံးရှုံးနေခြင်း၊ မွတ်ဆလင်များက ရွာတည်၍  နေထိုင်ခြင်းတို့ကြောင့် အခြားမြို့များသို့သွားရောက်နေထိုင်ကြရသညပြန်လည်ထူထောင်သောကျေးရွာများမှာ  မြောက်ပိုင်းတွင်  အသင့်တင့်ပေါ်လာသော်လည်း  တောင်ပိုင်းဒေသတွင်  ရွာလုံးကျွတ်  သေကြေပျက်စီးမှု့ကြောင့်လည်း  ပြန်လည်ထူထောင်နိုင်ခြင်း  မရှိတော့သည်ကို  တွေ့ရသည်။
      အင်္ဂလိပ်အစိုးရကရခိုင်ရွာပြန်လည်ထူထောင်ရေးပြုလုပ်သော်လည်း  မွတ်ဆလင်ကုလားများက  မလိုလားခြင်း၊ လူအင်အားကွာခြားခြင်း၊ မူဂျာဟစ်များက ခြိမ်းခြောက်ခြင်းကြောင့်  ရခိုင်တို့ မကြာခဏထွက်ပြေးနေရကြရသဖြင့် ရွာတည်၍မရ  နိုင်တော့သည့်အခြေနေသို့ ရောက်ရှိခဲ့ရသည်။၁၉၄၆ခုနှစ်တွင် ပြန်ဝင်လာသော  မွတ်ဆလင်များသည် ဘူးသီးတောင်မြို့နှင့် နီးကပ်သော  ကကျဘက်၊ကံကြီးပြင်၊မောင်နီရွာ၊အလယ်ချောင်းစသော ရွာများပင်လျှင် အိမ်ခြေ ၃၀ ထက်မကျော်သေးချေ။ထိုရွာများတွင် ၁၉၄၈ ခုနှစ်က မွတ်ဆလင်ဦးရေ တစ်သိန်းနှစ်သောင်းကျော်လာရာမှာ  မည်သို့ဝင်လာသည်ကို စဉ်းစားနိုင်ပေသည်။ ရပ်ရွာသားများမှာ  ရခိုင်မရှိဘဲ  မွတ်ဆလင်သက်သက်ဖြစ်ပြီး သူကြီးမှာလည်းမွတ်ဆလင်သူကြီးဖြစ်နေပြန်ရာ စစ်တကောင်းနယ်မှ  မွတ်ဆလင်များ  စိတ်ကြိုက်ဝင်ထွက်နိုင်လာခြင်းဖြစ်သည်။ဘူးသီးတောင်၊ မောင်တောနယ်များတွင်  စစ်အတွင်းက  ထွက်ပြေးသော ရခိုင်ရွာအားလုံးကို  စစ်အပြီးတွင်  စစ်တကောင်းနယ်မှမွတ်ဆလင်အများအပြားဝင်ရောက်နေရာယူလာ
ကြသည်။
(မျက်မှောက်ခေတ်နိုင်ငံတကာဆက်ဆံရေးနှင့်မြန်မာနိုင်ငံသုတေသနစာတမ်းဖတ်ပွဲ)ကို  ပြန်လည်ရေးသားခြင်းဖြစ်သည်။  ဆက်လက်ရေးရန် မျှော်....




                  

No comments:

Post a Comment