အပိုင်း(၂)
(ဂ)ဗြိတိသျှကိုလိုနီခေတ်ဘင်္ဂါလီမွတ်ဆလင်အများအပြား ၀င်ရောက်လာခြင်း
၁၇၈၅ ခုနှစ်တွင် ဗဒုံးမင်းက ရခိုင်ပဒေသရာဇ်နယ်ကို သိမ်းပိုက်ပြီး နောက် အင်္ဂလိပ်တို့သိမ်းပိုက်ထားသော ဘင်္ဂေါနယ် နှင့်ဆက်စပ်လာရာ အင်္ဂလိပ်-မြန်မာဆက်ဆံရေးမှာ တင်းမာမှု့ဖြစ်လာသည်။ ၁၈၂၄ တွင်ရှင်မဖြူကျွန်းကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာ စစ်ဖြစ်ပွားခဲ့ရာ ရ န္တပိုစာချုပ်ဖြင့် စစ်ရပ်စဲခဲ့ရသည်။ ထိုစာချုပ်အရ ရခိုင်နှင့် တနင်္သာရီသည် အင်္ဂလိပ်တို့ လက်အောက်သို့ ရောက်သွားရာ ရခိုင်သည် အင်္ဂလိပ်တို့ သိမ်းပိုက်ထား ဖြစ်သော ဘင်္ဂလားနယ်များနှင့် တစ်ပေါင်းတည်း တည်ရှိလာခဲ့သည်။ ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ပထမတွင် စီးပွားရေးအကျိုးအမြတ် မရှိသဖြင့် ဘင်္ဂလားဘုရင်ခံ၏ အုပ်ချုပ်မှု့အောက်တွင် ထားရှိခဲ့သည်။ မောင်းတောမြို့နယ်၊ ဘူးသီးတောင်မြိုနယ်တို့သည် ကျယ်ပြန့်၍ မြေသြဇာ ကောင်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ပိုင်ဆိုင်ထားရာ မောင်းတော မြို့နယ် တစ်ခုတည်းမှာ ပင် စိုက်ပျိုးနိုင်သောမြေ ၈၀၀၀ ကျော်ရှိခဲ့သည်။ ထိုစဉ်ကလူဦးရေမှာ ၆၅၄၈၇ ဦးရှိပြီး တိုင်းရင်းသားများဖြစ်သော ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို ၊ ခမွီးတို့နေထိုင်သော ကျေးရွာပေါင်း ၁၇၂ ရွာရှိခဲ့သည်။ ၎င်းတို့စီးပွားရေးပုံစံသည် ၀မ်းစာပွားရေးစနစ်မှာပင် တည်ရှိခဲ့သည်။
၁၈၃၉ ခုနှစ်တွင် မြေရိုင်များ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဂရံကြီးဥပေးတရပ် ထုတ်ပြန်ခဲ့ရာ ထိုဥပဒေချမှတ်ထား သည့်နယ်မြေအမြောက်အများ ပေါ်ထွက်လာခဲ့သည်။ မြေပိုင်ရှင်များအနေဖြင့် မြေအများအပြားပိုင်ဆိုင် လာသဖြင့် အလုပ်သမားအများအပြားလိုအပ်လာရာ စစ်တကောင်းမှ ဘင်္ဂါလီးများ၊ မဒရပ်မှဆူရတီများအများအပြား ရောက်လာသည်။ ၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြေင်`ဖောက်လုပ်ြပီးနော်က ဆန်စပါးလုပ်ငန်း တိုးတက်လာရာ အုပ်ချုပ်သူ အင်္ဂလိပ်ကိုလိုနီ အစိုးရအနေဖြင့် ပက်တာဂရံစနစ်(ဂရံကြီးစနစ်)ဖြင့် တိုင်းရင်းသားနှင့် နိုင်ငံခြားသား အရင်းရှင်များအား မြေလွတ်မြေရိုင်းတိုးချဲ့ လုပ်ကိုင်ခွင့် ပေးခဲ့သည့်အပြင် သုံးနှစ်အတွင်း အစိုးရသိုမြေခွန်ပေးရန်မလိုကြောင်း၊ သတ်မှတ်ပေးသဖြင့် တိုင်းရင်းသားများနှင့် နိုင်ငံခြားသား အရင်းရှင်များသည် မြေဧက ၃၀၀၀ အထိ တိုးချဲ့စိုက်ပျိုးလာခဲ့သည်။ ထိုကြောင့် အင်္ဂလိပ်ပိုင်နက်ဖြစ်သော ဘင်္ဂလားမှ စစ်တကောင်း၊ မွတ်ဆလင် နှင့် ဘင်္ဂါလီများသည် ဗြိတိသျှတို့၏ စီးပွားစရေးမင၀ါဒအရ လယ်ယာလုပ်ငန်းတိုးလုပ် ကိုင် ရန်ရခိုင်ဒေသအတွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခဲ့သည်။
ယခင်လူအနည်းစုနေထိုင်သော စစ်တွေခရိုင်တွင် နောက်ပိုင်း၌ အများအပြားတိုးလာသည့်ကို တွေ့ရသည်။ ၁၈၇၂ခုနှစ် သန်းခေါင်စာရင်းအရ စစ်တွေခရိုင်တွင် မွတ်ဆလင် ဦးရေ ၅၈၂၃၅ ရှိရာမှ ၁၉၀၁ ခုနှစ် သန်းခေါင်စာရင်းအရ ၁၇၈၆၄၂ ဦးရေရှိ လာသည်ကို တွေ့ရသည်။ အစပိုင်းတွင် စပါးစိုက်ပျိုးရာသီ၊ ရိတ်သိမ်းရာသီတို့တွင် လာရောက်လုပ်ကိုင်ပြီး ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် အခြေချနေထိုင်လာသည်ကို တွေ့ရသည်။ ထိုကြောင့် လူဦးရေစရင်းတွင် အလျင်အမြန် တိုးပွားလာသော အခြေအနေကို တွေ့ရသည်။ ဘင်္ဂေါဒေသတွင် လူဦးရေ ထူပြောပြီး လုပ်ကိုင် စားသောက်ရန် မြေနည်းပါး သဖြင့် မြန်မာနိုင်ငံအတွင်း ရခိုင်ဒေသသို့ တဖြည်းဖြည်း တိုးဝင်လာမှု့သည် ကိုလိုနီခေတ်တွင် အများဆုံးဖြစ်သည်ကို တွေ့ရသည်။
ပြည်သူ့ကျန်မာရေး၉န်း၏ ၁၉၃၀- ၃၁ ခုနှစ် အစီရင်ခံစာအရ သာမန်အားဖြင့် တစ်နှစ်လျှင် စစ်တကောင်းကူလီအပေါင်း ၄၀၀၀ကျော်ဝင်လေ့ ရှိကြောင်း၊ ၁၉၃၁ သန်ခေါင်းစာရင်းအရ စစ်တွေခရိုင် အတွင်း အိန္ဒိယတိုင်းရင်းယောက်ျားပေါင်း ၂၅၀၀၀၀ကျော်ရှိကြောင်း သိရသည်။ စစ်တွေခရိုင်တွင် နေထိုင်သော အိန္ဒိယများအနက် ၈၈ရာခိုင်နှုန်းမှာ စစ်တကောင်း ကုလားများဖြစ်သည်။
၁၉၃၄ တွင်ရခိုင်ဒေသ သို့ဝင်ရောက်လာသော စစ်တကောင်း ကုလားဦးရေမှာ ၂၀၀၀၀ဖြစ်သည်။ မောင်တောမြို့ နယ်တွင် ၁၉၂၁ ခုနှစ်က လူဦးရေစာရင်းအရ ဘင်္ဂေါနယ်မှ မွတ်ဆလင် ၆၈၀၃၅ ယောက်ရှိပြီး တိုင်းရင်းသားမှာ ၂၂၆၀၉ ယောက်ရှိခဲ့သည်။ ခုနှစ်အလိုက် မွတ်ဆလင်များ မောင်တောမြို့နယ် တွင်တိုးပွားလာပုံမှာ-
ခုနှစ် လူဦးရေ
၁၉၂၁ ၆၈၀၃၅
၁၉၃၁ ၁၀၄၃၀၈
၁၉၄၁-၄၂ ၁၂၄၄၅၂
၁၉၅၆ ၁၈၇၇၉၂
၁၉၇၈ ၂၃၅၀၆၇
၁၉၈၁ ၂၄၁၉၉၃
၁၉၈၆ ၂၆၄၅၀၇
ဖြစ်သည်ကို တွေ့ရသည်။ မောင်တောမြို့နယ်တစ်ခု တည်းမှာပင် ၁၉၈၆ ခုနှစ် လူဦးရေသည် ၁၉၂၁ ခုနှစ်က လူဦးရေထက် နှစ် သိန်းနီးပါးမျှ တိုးလာသည်ကို တွေ့ရသည်။ သို့ရာတွင် တိုင်းရင်းသား လူဦးရေသည် ကိုလိုနီခေတ်က ၂၅ ရာခိုင်နှုန်းရှိရာမှ ပါလီမန်ခေတ်တွင် သုံးရာခိုင်နှုန်း အထိ ကျဆင်းသွားသည်ဟု သိရှိရသည်။ တိုင်းရင်းသားတိုသည် မွတ်ဆလင်တို့၏ ခြိမ်းခြောက်ခံ ရမှု့ ကြောင့် တဖြည်းဖြည်း ဆုတ်ယုတ်လာသည်ကို တွေ့ရသည်။ မောင်တောမြို့နယ် တစ်ခုတည်းမှာပင် ကျေးရွာပေါင်း ၉၈ ရွာသည် စစ်အပြီးတွင် ပြန်လည်ထူထောင်နိုင်ခြင်း မရှိတောချေ။ ဘူးသီးတောင် မြို့နယ်တွင် ဒုတိယကမ္ဘာစစ်အထိ မွတဆလင်ရွာ ၇၅ ရွာရှိခဲ့ပြီး ယခုအခါ မွတဆလင်ရွာ ၁၃၈ ရွာရှိလာသည်ကို တွေ့ဆုံမေးမြန်းချက်အရ သိရှိရသည်။ ဘူးသီးတောင်မြို့ တွင် ၁၉၄၂ ခုနှစ်အထိ မွတ်ဆလင်အိမ် ၁၇ အိမ်သာရှိပြီး လူဦးရေအားဖြင့် ၁၀၀ကျော်သာရှိခဲ့ရာ ၂၀၀၉ ခုနှစ်တွင် မွတ်ဆလင် ဦးရေ ၂၈၀၀၀၀ ကျော်ရှိလာပြီး ရခိုင်လူဦးရေမှာ ၅၁၀၀၀ကျော်သာရှိသည်ကို တွေ့ရသည်။
ထိုသို့ဘင်္ဂေါနယ်မှ မွတ်ဆလင်များနှစ်စဉ်တိုးလာရခြင်းသည် ဒေသခံရခိုင်တိုအတွက် နောင်ကာလတွင် အန္တာရာယ်ကြီး ဖြစ်လာစေနိုင် သည့်ဟု ဗြိတိသျှ အာဏာပိုင်တို့က ယခင်ကပင် သတိပေးခဲ့သည်ကို တွေ့ရသည်။ ၁၉၃၉ ခုနှစ်တွင် စုံစမ်းရေးကော်ဖွဲ့ကာ စုံစမ်းခဲ့ပြီး ထိုကော်မရှင်တွင် မင်းကြီး မစ္စတာ ဂျိမ်းအက်စ်တာက ဥက္ကဌအဖြစ် ဆောင၉်ရွက်၍ ဦးတင်ထွဋ် နှင့်မစ္စတာဒေးဆိုင်း(ရန်ကုန်တက္ကသိုလ်) တို့အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြသည်။ ၎င်းကောင်မရှင်း၏ အစီရင်ခံစာတွင် ခရိုင်အလိုက် ပျံနှံနေသော အိန္ဒိယလူမျိုးများ စာရင်းတွင် စစ်တွေခရိုင်၌ ၂၁၀၉၉၀၊ ရခိုင်တောင်တန်းဒေသတွင် ၅၀၀၊ ကျောက်ဖြူခရိုင် ၄၃၂၁ ၊ သံတွဲခရိုင်တွင် ၁၉၉၀၊ တို့ဖြစ်ရာ စုစုပေါင်း ၂၁၇၈၀၁ဦးဖြစ်သည်ကို တွေ့ရသည်။
ယင်းအစီရင်ခံစာတွင် ရခိုင်သို့ နှစ်စဉ်နှစ်တိုင်း စစ်တကောင်းမှ အများအပြားဝင်ရောက်လာခြင်းကို ရခိုင်လူမျိုးများသာမက ရခိုင်တွင်နေထိုင်လျက်ရှိသော မွတ်ဆလင်များပင် မနှစ်သက်ကြောင်း တင်ပြခဲ့သည်။ ယခုကဲ့သို ရခိုင်သို့ စစ်တကောင်းမွတ်ဆလင်များ အဆက်မပျက် ၀င်လာနေခြင်းကို မတားဆီးနိုင်ခဲ့လျှင် နောင်အနာဂတ်တွင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားမည် ဆိုးရိမ်ရကြောင်း၊ သက်သေများအားလုံးက စစ်တကောင်းမွတ်ဆလင်များ ၀င်ရောက်မှု
ကို တားဆီးသင့်ကြောင်း အကြံပြုကြသည်။
စစ်တကောင်းသားများ အများအပြားဝင်ရောက်လာခြင်းသည်၁၉၃၇ ခွဲရေး တွဲရေးနိုင်ငံရေးအပြောင်းလဲကြောင့်လည်း ဖြစ်သည်ဟုဆိုသည်။ ၁၉၃၅ခုနှစ်မြန်မာနိုင်ငံအက်ဥပဒေအရ မြန်မာ နိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ရန် ဆုံးဖြတ်ချက်အရ အိန္ဒိယမှ ခေါင်းဆောင် ဆာကာနှင့် မြန်မာနိုင်ငံအစိုးရဘက်မှ ဂဠုန်ဦးစောတို့ လူဝင်လူထွက် စာချုပ်တစ် ခု ကို ကြိုတင်ချုပ်ဆိုခဲ့ကြ သည်။ ထိုဥပဒေအရ ဖြစ်လာမည့်မြန်မာ နိုင်ငံ လူဝင်လူထွက် ဥပဒေများအရ လိုက်နာဆောင်ရွက်ခြင်းများကို စာချုပ်ချုပ်သောနေ့မှစ၍ သုံးနှစ်အတွင်း ရပ်တန့်ထားရန်ရှိပါသည်။ အဆိုပါခွဲထွက်ရေးကို စတင်ဆွေးနွေးလိုက်သည်နှင့် စစ်တကောင်း နယ်ဘက်မှ ကုလားများ နောင်တွင် အခွင့်မရတော့မည်ကို စိုးရိမ်းကာ အလုံးအရင်းဖြင့် ၀င်ရောက်လာကြရာ မောင်တောနှင့် ဘူးသီးတောင် တစ်လျှောက် လမ်းများပေါ်တွင် ၀င်လာသည့် ကုလားများ မြင်မကောင်းလောက်အောင် များပြားလှသည်ဟု ဆိုသည်။ ဦးစော-ဆာကာစာချုပ်ကို အကာကွယ်ယူကာ အမြဲတမ်းနေထိုင်ရန် ရည်ရွယ်ချက်ဖြင့် သုံးနှစ်သုံးမိုးကာလအတွင်း အများအပြားဝင်လာရာ ရှိရင်းရွာများထက် နှစ်ဆသုံးဆ ပိုမိုးများပြား ပြီး အိမ်ခြေနည်းပါးသော ရခိုင်ရွာတွင် ပါဝင်ရောက်နေထိုင်လာကြသည်ကို တွေ့ရသည်။ စစ်တကောင်းသားများ ၀င်ရောက်လာမှု့ကို စိုးရိမ်ရသည့်အခြေနေတွင် ဒုတိယကမ္ဘာစစ်စတင်လာသဖြင့် မည်သို့မျှ အကောင်အထည်မဖော်နိုင်ခဲ့ချေ။

No comments:
Post a Comment