စတော်ဘယ်ရီသီး ( Strawberry)
စတော်ဘယ်ရီသီး နီနီရဲရဲလေးတွေဟာ စားချင်စရာဆွဲဆောင်နေပြီး အရသာလည်း ရှိလှသလို အာဟာရလည်း ပြည့်ဝပါတယ်။ ဒါကြောင့် အခုလို စတော်ဘယ်ရီသီးတွေ ပေါများတဲ့ ရာသီမှာ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ စတော်ဘယ်ရီသီးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင်စနစ်တကျ သိမ်းဆည်းနည်းတွေကို ဖော်ပြလိုက်ပါတယ်..။
- စတော်ဘယ်ရီသီးမှာ သင့်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကို အကျိုးပြုမယ့် ဗီတာမင်
စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။
- ဒါ့အပြင် ဓာတ်တိုးပစ္စည်း (Free radicals) တွေကို ဆန့်ကျင်တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေနဲ့ Phytonutrient တွေလည်း ပါဝင်ပါတယ်။ Free radicals တွေဟာ ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး ကင်ဆာရောဂါ အပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
စတော်ဘယ်ရီသီးမှာ ဗီတာမင်ကေ၊ မန်းဂနိစ်၊ ဖောလစ်အက်စစ်၊ ပိုတက်စီယမ်၊ ဗီတာမင် B2၊ B6၊ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေ လည်း ပါဝင်ပါတယ်။
- စတော်ဘယ်ရီသီးတွေဟာ အလွန်ပျက်စီးလွယ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ကြာကြာထားလို့ မရဘဲ ရက်အနည်းငယ်အတွင်း စားဖို့လိုပါတယ်။
- စတော်ဘယ်ရီသီးတွေကို တစ်နှစ်ပတ်လုံး မရတဲ့အတွက် ပေါ်တဲ့ရာသီချိန်မှာသာ လတ်လတ်ဆတ်ဆတ်စားလို့ ရပါတယ်။ တခြားအချိန်မှာတော့ စတော်ဘယ်ရီသီးတွေကို တာရှည်ခံအောင် ပြုပြင်အေးခဲထားတာကိုသာ စားနိုင်ပြီးအာဟာရဓာတ် အားလုံး မဆုံးရှုံးရင်တောင် အများအပြား ဆုံးရှုံးသွားရပါတယ်။
စတော်ဘယ်ရီသီး ဝယ်တဲ့အခါ ပြည့်တင်းခိုင်မာပြီး မှိုကင်းစင်တာ အရောင်နီရဲနေတာကို ရွေးဝယ်ပါ။ တခြားအသီးတွေနဲ့ မတူတာက စတော်ဘယ်ရီသီးတွေ ခူးဆွတ်ပြီးတဲ့အခါ ဆက်ပြီးမှည့်သွားတာမျိုး မရှိပါဘူး။ ဒါကြောင့် အမှည့်လွန်တာ မဟုတ်ဘဲ အမှည့်ဆုံးနဲ့ အရောင်အနီဆုံးကို ရွေးဝယ်ရင် အရသာလည်းကောင်းပြီး အာဟာရပါဝင်မှုလည်း အများဆုံး ဖြစ်ပါမယ်။
- ယေဘုယျအားဖြင့် အလယ်အလတ် အရွယ်အစားရှိတဲ့ စတော်ဘယ်ရီသီးတွေဟာ အရွယ်ကြီးတာတွေထက် ပိုချိုပြီး အရသာပိုကောင်းတတ်ပါတယ်။
- ထုပ်ပိုးထားတဲ့ စတော်ဘယ်ရီသီးတွေကို ဝယ်တဲ့အခါ အလွန်တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားတာကို မဝယ်ပါနဲ့။ ကျပ်ကျပ်သိပ်သိပ် ထည့်ထားရင် စတော်ဘယ်ရီသီးတွေ ထိခိုက်ပျက်စီးနေတတ်တာကြောင့်ပါ။
- စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ဂရုစိုက်ကိုင်တွယ်ပြီး သေချာသိမ်းဆည်းပါ။ တခြားသစ်သီးတွေလိုပဲ စတော်ဘယ်ရီသီးတွေကို မစားခင် ဒါမှမဟုတ် မသိမ်းခင် သေသေချာချာ ရေဆေးသင့်ပါတယ်။
နာနေတဲ့ ဒါမှမဟုတ် မှိုတက်နေတဲ့ လက္ခဏာရှိတဲ့ စတော်ဘယ်ရီသီးတွေကို ချက်ချင်းလွှင့်ပစ်ပါ။
ချက်ချင်းမဖယ်မိရင် ဘေးနားက တခြားစတော်ဘယ်ရီသီးတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။
- စတော်ဘယ်ရီသီးတွေကို ခွက်တစ်ခုထဲမှာ ထည့်ပြီး ပလတ်စတစ်နဲ့ အုပ်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းသင့်ပါတယ်။
လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ကြာအောင် သိမ်းဆည်းထား နိုင်ပါတယ်။
- ဒါ့အပြင် ဓာတ်တိုးပစ္စည်း (Free radicals) တွေကို ဆန့်ကျင်တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေနဲ့ Phytonutrient တွေလည်း ပါဝင်ပါတယ်။ Free radicals တွေဟာ ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး ကင်ဆာရောဂါ အပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
စတော်ဘယ်ရီသီးမှာ ဗီတာမင်ကေ၊ မန်းဂနိစ်၊ ဖောလစ်အက်စစ်၊ ပိုတက်စီယမ်၊ ဗီတာမင် B2၊ B6၊ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေ
- စတော်ဘယ်ရီသီးတွေဟာ အလွန်ပျက်စီးလွယ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ကြာကြာထားလို့ မရဘဲ ရက်အနည်းငယ်အတွင်း စားဖို့လိုပါတယ်။
- စတော်ဘယ်ရီသီးတွေကို တစ်နှစ်ပတ်လုံး မရတဲ့အတွက် ပေါ်တဲ့ရာသီချိန်မှာသာ လတ်လတ်ဆတ်ဆတ်စားလို့ ရပါတယ်။ တခြားအချိန်မှာတော့ စတော်ဘယ်ရီသီးတွေကို တာရှည်ခံအောင် ပြုပြင်အေးခဲထားတာကိုသာ စားနိုင်ပြီးအာဟာရဓာတ် အားလုံး မဆုံးရှုံးရင်တောင် အများအပြား ဆုံးရှုံးသွားရပါတယ်။
စတော်ဘယ်ရီသီး ဝယ်တဲ့အခါ ပြည့်တင်းခိုင်မာပြီး မှိုကင်းစင်တာ အရောင်နီရဲနေတာကို ရွေးဝယ်ပါ။ တခြားအသီးတွေနဲ့ မတူတာက စတော်ဘယ်ရီသီးတွေ ခူးဆွတ်ပြီးတဲ့အခါ ဆက်ပြီးမှည့်သွားတာမျိုး မရှိပါဘူး။ ဒါကြောင့် အမှည့်လွန်တာ မဟုတ်ဘဲ အမှည့်ဆုံးနဲ့ အရောင်အနီဆုံးကို ရွေးဝယ်ရင် အရသာလည်းကောင်းပြီး အာဟာရပါဝင်မှုလည်း အများဆုံး ဖြစ်ပါမယ်။
- ယေဘုယျအားဖြင့် အလယ်အလတ် အရွယ်အစားရှိတဲ့ စတော်ဘယ်ရီသီးတွေဟာ အရွယ်ကြီးတာတွေထက် ပိုချိုပြီး အရသာပိုကောင်းတတ်ပါတယ်။
- ထုပ်ပိုးထားတဲ့ စတော်ဘယ်ရီသီးတွေကို ဝယ်တဲ့အခါ အလွန်တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားတာကို မဝယ်ပါနဲ့။ ကျပ်ကျပ်သိပ်သိပ် ထည့်ထားရင် စတော်ဘယ်ရီသီးတွေ ထိခိုက်ပျက်စီးနေတတ်တာကြောင
- စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ဂရုစိုက်ကိုင်တွယ်ပြီး သေချာသိမ်းဆည်းပါ။ တခြားသစ်သီးတွေလိုပဲ စတော်ဘယ်ရီသီးတွေကို မစားခင် ဒါမှမဟုတ် မသိမ်းခင် သေသေချာချာ ရေဆေးသင့်ပါတယ်။
နာနေတဲ့ ဒါမှမဟုတ် မှိုတက်နေတဲ့ လက္ခဏာရှိတဲ့ စတော်ဘယ်ရီသီးတွေကို ချက်ချင်းလွှင့်ပစ်ပါ။
ချက်ချင်းမဖယ်မိရင် ဘေးနားက တခြားစတော်ဘယ်ရီသီးတွေကိုပါ
- စတော်ဘယ်ရီသီးတွေကို ခွက်တစ်ခုထဲမှာ ထည့်ပြီး ပလတ်စတစ်နဲ့ အုပ်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းသင့်ပါတယ်။
လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ကြာအောင် သိမ်းဆည်းထား နိုင်ပါတယ်။
No comments:
Post a Comment