Sunday, February 10, 2013

Samsung Galaxy Tab 7.7 GT-P6800 ကို Official Jellybean (V4.0.4) တင်ပြီး Root ရအောင်

  Samsung Galaxy Tab 7.7 GT-P6800 ကို Official Jellybean (V4.0.4) တင်ပြီး Root ရအောင် 
images

ပထမဦးဆုံးအနေနဲ့ လိုအပ်တာလေးတွေဒေါင်းရအောင်ဗျာ နော့ :D
ှSamsung Driver(Kies) မရှိသေးဘူးဆိုရင် ဒီမှာဒေါင်းပါ — > Kies
Odin မရှိသေးဘူးဆိုရင်                          ဒီမှာဒေါင်းပါ — > Odin v3.04
– >Odin v1.85
Firmware                                          ဒီမှာဒေါင်းပါ  –> P6800 v4.0.4 

အဲဒါတွေဒေါင်းလို့ပြီးပြီဆိုရင်တော့လုပ်ငန်းစရအောင် :)
အဆင့်(1) Driver မရှိသေးပါက Kies ကို Install ထားလိုက်ပါ
အဆင့်(2) Odin ကို Run လိုက်ပါ…Odin ရဲ့ PDA လေးမှာ ဒေါင်းယူပြီး ဇစ်ဖြည်ထားတဲ့ Folder ထဲက ဒီကောင်လေးကို
– > P6800OXALQ1_P6800XXLQ1_HOME.tar.md5 < — သွင်းထည့်လိုက်ပါ

အဆင့်(3) မိမိရဲ့ Tab မှာ Unknown sources and USB Debugging Mode ၂ခုစလုံး ON ထားပေးပါ ..ထို့နောက် Power ပိတ်လိုက်ပါ
မိမိရဲ့ Tab ကို Download Mode ၀င်ပါမယ် == (Power+ Volume Down) key ၂ခုကို တွဲနှိပ်ထားလိုက်ပါ ပြီးရင် Volume Up တချက်နှိပ်လိုက်ပါ Downloading ပေါ်နေရင် အဆင်သင့်ဖြစ်ပါပြီ..USB ကြိုးထိုးလိုက်ပါ
အဆင့်(4) Odin ရဲ့ဘယ်ဘက်အခြမ်းလေးမှာ ခရမ်းနုရောင်လေး(Odin v3.04) / အ၀ါရောင် (Odin v1.85) ပေါ်နေပြီဆိုရင်မိမိရဲ့Tab ကို PC/Laptop ကသိနေပါပြီ။။ မပေါ်ဘူးဆိုရင်တော့ Driver ကိုပြန် Check ကြည့်ပါ..
မိမိရဲ့ Tab ကို Odin ကသိပြီဆိုရင်တော့ Start လေးကိုနှိပ်လိုက်ပါ..Firmware Install နေပါလိမ့်မယ် Odin မှာ PASSပြပြီဆိုရင်တော့ Firmware တင်ခြင်းလုပ်ငန်း ပြီးဆုံးပါပြီ :)
မိမိရဲ့ Tab လေးကိုဖွင့်ပြီး About Device ထဲဝင်ကြည့်လိုက်ပါ Android Version * 4.0.4 * လေးကိုတွေ့ရပါလိမ့်မယ် ဟိဟိ

***  Root  ထပ်လုပ်မယ်ဆိုရင်တော့ အဆင့်(5) ကို ဆက် Go မယ် ခိစ်ခိစ် ***

အဆင့်(5) Firmware တင်ပြီးသွားပြီဆိုရင်တော့ Root လုပ်ကြရအောင်
လိုအပ်တဲ့ Root file လေးကိုဒေါင်းရအောင် — > Root Zip

ဒေါင်းယူပြီးသွားရင်တော့ အဲဒီကောင်လေးကို  Tab ရဲ့ SD Card ထဲသွင်းထည့်ထားလိုက်ပါ
ပြီးရင်တော့ Tab ကိုပိတ်ပြီး Recovery Mode ၀င်ရအောင်… Volume Up  + Power ၂ခုကိုတွဲနှိပ်ပေးထားလိုက်ပါ.. တကယ်လို့ Tab ကပြန်ပွင့်သွားတယ်ဆိုရင် Power ခလုတ်ကိုလွှတ်လိုက်ပါ V Up Key ကိုနှိပ်ထားလိုက်ပါဦး…..
လုပ်ကြည့်နော် Recovery Mode ၀င်တာလောက်တော့ အေးဆေးပေါ့နော့ :D
Recovery Mode ၀င်သွားပြီဆိုရင်တော့ install update from EXTERNAL Storage ကနေပြီးတော့ အစောက ထည့်သိမ်းထားတဲ့ Root Zip လေးကို Install ပေးလိုက်ပါ ..ပြီးသွားရင်တော့ Reboot ပေါ့နော့် ….ပြီးရင်တော့ Super User လေးကိုရှာကြည့်လိုက်ပါ တွေ့ရပါလိမ့်မယ်..
သို့သော် …..သို့သော်  Super User ကို Update ပေးဖို့လိုပါသေးတယ်..Play Store ဖွင့်ရသူများကတော့ တိုက်ရိုက် Update လုပ်ပေးပါ
အဆင်မပြေဘူးဆိုရင်တော့ ဒီကဒေါင်းယူလိုက်ပါ  Down ပြီးရင် SUper User လေးကို install ဖို့ဖွင့်လိုက်တဲ့အခါမှာ update  ဆိုတာလေးကိုတွေ့ပါလိမ့်မယ် Update ပေးလိုက်ပါ….

              ————– > Super User Update <—————— 

ပြီးသွားရင်တော့ အဆင်ပြေပါပြီ… Busy Box သွင်းရအောင် — > Busy Box Pro
Busy Box ကို Install ပေးလိုက်ပါ..
တကယ်လို့ မိမိရဲ့ Tab မှာ Su Binary က out of date ဖြစ်နေတယ်ဆိုရင် Su Bin Zip လေးကိုဒေါင်းပြီး SD card ထဲထည့်လိုက်ပါ
Recovery Mode ထဲဝင်ပြီး install ပေးလိုက်ပါ
ထို့နောက် Super User အတွက် အထောက်အပံ့ပေးတဲ့  su binary လေးသွင်းရအောင် — > SU Bin Zip
ဒါဆိုရင်တော့Tab 7.7 P6800 ကို ICS  V 4.0.4 တင်ခြင်း နှင့် Root လုပ်ခြင်း ပြီးဆုံးပါပေသည် :D
—————————အဲလောက်နဲ့မကျေနပ်သေးဘူး CWM သွင်းချင်သေးတယ်ဂျာ  ဆိုသူများအတွက် :D —————
CWM —– > P6800 Recovery
အဲဒီဇစ်လေးကို Odin ရဲ့ PDA မှာသွင်း
Tab ကို Download Mode ၀င် ( V down + Home)
ထို့နောက် USB ကြိုးချိတ်
Odin ကသိပြီဆိုရင် START
Odin မှာ PASS ပြပြီဆိုရင်ပြီးပြီပေါ့ နော် :D

အားလုံးပဲအဆင်ပြေကြပါစေ

No comments:

Post a Comment