Saturday, February 23, 2013

iOS 6.1 ကို Jailbreak လုပ်နိုင်ရန် သတိပြုရမည့် အချက်..


iOS 6.1 ကို Jailbreak လုပ်နိုင်ရန် သတိပြုရမည့် အချက်..


Apple က iOS 6.1 final ကို ထုတ်ပေးလိုက်ပြီးတဲ့နောက် Jailbreak လုပ်ရန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရသူများ Jailbreak လုပ်ရန် စိတ်စောနေကြလောက်ပါပြီ။

ဒါပေမယ့် iOS 6.1 ကို Jailbreak လုပ်နိုင်ဖို့  "Evad3rd" Dev-Team က ကြေငြာထားပြီး သတိပြုရမယ့် အချက်လေးကိုတော့ လက်မလွန်ခင် ခပ်မြန်မြန်လေး အသိပေးလိုက်ပါတယ်...


"Evad3rd" Dev-Team ၏ ကြေငြာအသိပေးချက်မှာ..

"iOS 6.1 ကို Jailbreak လုပ်ရန် ရည်ရွယ်ထားသူများ ယခု Apple က ထုတ်ပေးထားသော iOS 6.1 ကို update လုပ်ရာတွင် iTunes ကိုသာ အသုံးပြု၍ Update လုပ်သင့်ပါတယ်"

မကြာသေးမီကပဲ "Planetbeing" က Apple iOS 6.1 final ကို Untether Jailbreak အောင်မြင်စွာ လုပ်နိုင်ကြောင်း အတည်ပြုသွားပါတယ်။ iOS 6.1 Jailbreak ကို အခုလာမယ့် Sunday မှာ ထုတ်ပေးနိုင်ပါလိမ့်မယ်။

iOS 6.1 Jailbreak ကို ကြိုးပမ်းခဲ့တဲ့ "Evad3rs" အဖွဲ့ က ယခုထွက်လာမယ့် iOS 6.1 အတွက် Jailbreak ဟာ Apple TV က လွဲ၍ တစ်ခုနှင့်တစ်ခု မတူညီတဲ့ iDevice 22 မျိုးမှာ သုံးလို့ ရမယ်လို့  ထုတ်ဖော်ပြောခဲ့ပါတယ်။

@MuscleNerd
is every other device supported?

@unicornhacker
yes, every other 6.1 device variation will be supported. All TWENTY-TWO of them (omg!). Plus atv2 if it's out in time.


No comments:

Post a Comment