Thursday, October 25, 2012

အမျိုးပျောက်မှာစိုးကြောက်စရာ(၃)


  ရှင်ရဟန်းမှာ ၊ ပြုပြင်ပါ
လူတို့ဘက်က စိတ်ဓာတ်များ ပြင်သင့်သလို ရဟန်းတော်တို့ဘက်ကလည်း ပြင်သင့်ပါ၏။ မြို့ရွာတိုင်းတွင် သြဇာအာဏာရှိသော ဆရာတော်တို့သည် ဘာသာတူသော ရဟန်းတော်ခြင်း တိုက် ခိုက်ခြင်း၊အပြစ်ပြောခြင်း၊ရာထူးလုခြင်းစသည်ဖြင့်မလုပ်သင့်တာများလုပ်နေကြ၍ ညီညွတ်မှု ပျက်ပြားစေသဖြင့် အဘယ်မှာလူမျိုးခြား၊ဘာသာခြားတို့ အန္တရာယ်မှ ကာကွယ်နိုင်မည်နည်း။ သုဓမ္မာ၊ ရွှေကျင် စသည့်ဂိုဏ်းစွဲမထားဘဲ ဘာသာသာသနာ၏ အန္တရာယ်ကို စုပေါင်းကာကွယ်သင့်ပါ၏။ ယခုအခါ ဂိုဏ်းစွဲ၊ဒေသစွဲ၊ဆရာစွဲ၊တိုင်းရင်းသား လူမျိုးတို့ခွဲကာနေကြ၍ ကြောက်စရာအကောင်းဆုံးအနီးကပ်ဆုံး မူဆလင်ကုလား အန္တရာယ်ကိုမေ့နေကြပေသည်။ ဒီလိုမေ့နေကြလျှင် ကျောချမှ ဓားပြမှန်းသိကြမည်ဖြစ် သည်။ အီရန်နိုင်ငံနှင့်အစ္စလာမ်ဘာသာ ရှေးက ပါရှားလို့တဲ့ အီရန်နိုင်ငံသားတို့ဟာ တောတောင်စသော သဘာဝတရား ကိုကိုးကွယ်ရာ ကနေ ကောင်းကင်ဘုရားကြီးကို ကိုးကွယ်ခဲ့ကြပါတယ်။ အစ္စလာမ်ဘာသာဝင် အာရပ်တို့ဟာ အီရန်ကို တိုက်ခိုက်သိမ်းယူပြီးနောက် တစ်မျိုးသားလုံးကို အစ္စလာမ်ဘာသာသို့ အဓမ္မသိမ်းသွင်းခဲ့ကြပါတယ်။ အီရန်တို့ မူဆလင်တို့ ညှင်းပန်းနှိပ်စက်မှုဒဏ်ကို မခံရပ်နိုင်ကြ၍ ရှေးခေတ် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သည့်ကြားမှပင် အိန္ဒိယပြည်ထဲသို့ ထွက်ပြေး ကြရာ အများအပြား သေဆုံးပြီး အနည်းငယ်သာ အိန္ဒိယပြည်ထဲတွင် ခိုလှုံခွင့်ရကြပါတယ်။ ယနေ့ထက်တိုင် ပါရစီလူမျိုးရယ်လို့ ဘုံဘေမြို့ပေါ်နဲ့ အနီးတဝိုက်တွင်ရှိပြီး လူဦးရေ (၁) သိန်း ကျော် လောက်သာရှိပါတော့တယ်။ လူဦးရေနည်းသော်လည်း စီးပွားရေး၊စစ်ရေး၊ရုပ်ရည်အားဖြင့် ကမ္ဘာကျော်အောင် အဆင့်တန်းမြင့်မားပါတယ်။ အဲဒီအချိန်ကစပြီး အီရန်နိုင်ငံမှာ မူဆလင်ဘာသာဟာ ညောင်ပင်လို အမြစ်ခိုင်မာစွာတွယ်ခဲ့ပါတယ်။ ဥရောပ၌အစ္စလာမ်ဘာသာရောက်ရှိပုံ မိုဟာမက်လွန်ပြီးနောက် နှစ်ပေါင်း(၁၀၀)အတွင်း မူဆလင်အာရပ် တို့ဟာနိုင်ငံပေါင်းများ စွာကို သိမ်းပိုက်မိကြပါတယ်။ အီရန်၊ ဆီးရီးယား၊အာရှ မိုင်းနားဒေသ၊အီဂျစ်၊အာဖရိကမြောက်ပိုင်း ၊စပိန်နိုင်ငံနှင့် ပြင်သစ်နယ်ပယ် အချို့တို့ကိုပင် အုပ်စီးမိကြပါတယ်။ ပြင်သစ်နိုင်ငံ ဂေါလ်နှယ်သို့ မူဆလင်များကျူးကျော်လာသောအခါ ခရစ်ယာန်တို့ ထိတ်လန့်တ ကြားဖြစ်ကြရပါတယ်။ထိုအခါက ခရစ်ယာန်သာသနာဟာ ဥရောပတစ်တိုက်လုံး သို့ပြန့်ပွားပြီးဖြစ်ပါတယ်။မူဆလင်နဲ့ ခရစ်ယာန်များဟာ ဂေါလ်နယ်အတွင်းပိုင်း တွင်ရှိသော “တူး“ လွင်ပြင်၌ အကြိတ် အနယ်စစ်တိုက်ကြပါတယ်။ သွေးချောင်းစီးတစ်မျှ တိုက်ခိုက်ကြပြီး မူဆလင်တို့အရေးနှိမ့်၍ ဆုတ်ခွာခဲ့ကြရပါတယ်။ကမ္ဘာကျော် ကရူးဆိတ်စစ်ပွဲဟာလည်း မူဆလင်နဲ့ ခရစ်ယာန်တို့ရဲ့ ကမ္ဘာကျော်ဘာသာရေးစစ်ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ ယင်းစစ်ပွဲမှာ နှစ်ပေါင်း၂၀၀ ကျော်ကြာအောင် ဆက်လက်ဖြစ်ပွား နေသဖြင့်
လူ့အသက်ပေါင်းများစွာ ဆုံးရှုံးပြီး ဂျေရုဆလင် လမ်းမကြီး အသွယ်သွယ်တွင် သွေးချောင်း စီးခဲ့ပါတယ်။ဒီအချက်ကိုကြည့်လျှင် မူဆလင်တွေရောက်တဲ့နေရာတိုင်းမှာ ဒေသခံတွေအတွက် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ စိတ်မချရတဲ့ သာဓကပါပဲ။
ထိုခေတ်အခါကခရစ်ယာန်တို့ကသာ စွမ်းစွမ်းတမံမကာကွယ်ခဲ့လျှင် ယနေ့ဥရောပတစ်တိုက်လုံးကိုမူဆလင်တို့ ဝါးမျိုပြီးဖြစ်ပါလိမ့်မယ်။ ဒါတောင် ဥရောပ နိုင်ငံတော်တော်များများတွင် အစ္စလာမ်တွေများပြားစွာရှိနေကြပြီ ဖြစ်ပါတယ်။ ဥရောပ ခရစယာန် တို့နယ်ပယ်များတွင်လည်းဗလီတွေမှိုလိုပေါက်နေပါပြီ။ခရစ်ယာန်သာသနာပြုရာတွင်ရဲရဲတောက်ဖြစ်တဲ့စပိန်နိုင်ငံသည်ပင်မူစလင်တို့ရဲ့
ဘာသာရေးနယ်ချဲ့မှုကိုခံလိုက်ရပါတယ်။ စပိန်နိုင်င“ကော်ဒိုးဗား“ဗလီကို ကမ္ဘာပေါ်တွင် စံတင်လောက်အောင်လက်ရာမြောက် တည်ဆောက်ခဲ့ကြပါ တယ်။ဘောလ်တစ်ပင်လယ် ကမ်းခြေရှိ ရိုမေးနီးယား၊အက်ခ်တိုးနီးယား၊လက်(တ)ဗီးယားစတဲ့ နိုင်ငံ
လေးတွေမှာ ရှေးရာစု နှစ်ပေါင်းများစွာက ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တဲ့ ဥရောပသား ဗုဒ္ဓဘာသာဝင်တွေကိုခရစ်ယာန်နည်းနဲ့ ဘာသာရေးကို ထိန်းချုပ်ခဲ့လို့ ချုပ်ငြိမ်းလုဆဲဖြစ်ခဲ့ပါတယ်။မူဆလင်တွေဟာ ရှေးကစစ်ချီတိုက်ခိုက်သိမ်းပိုက်ပြီး ဥရောပမှာသာသနာပြုခဲ့ကြသလိုယနေ့၂၀ရာစုမှာတော့တစ်နည်းတစ်ဖုံလှည့်ပြီးသာသနာပြုနေကြပါတယ်။ခေတ်သစ်ကမ္ဘာ၂၀ရာစုနောက်ပိုင်းဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ အနောက်နိုင်ငံတွေရဲ့ ဘာသာရေး၊ လူမှုရေးဖိုမဆက်ဆံရေးစသည်ဖြင့်အစစအရာရာလွတ်လပ်မှု တို့ကိုအခွင့်အရေးယူပြီး အဲဒီ ဥရောပနိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်ကိုင်ကြတဲ့အာရပ်နိုင်ငံပေါင်းစုံမှမူဆလင်များ၊တူရကီမူဆလင်များအရှေ့နိုင်ငံများမှပါကစ္စနီ၊ခေါ်တော၊အင်ဒိုနီးရှားမလေးရှားစတဲ့ဘာသာရေး ထက်သန်ကြတဲ့မူဆလင် တွေဟာမျက်နှဖြူမတွေကို အသေရရ၊အရှင်ရရဆိုသလို အဆင့်အတန်း မရွေး လူချင်း ပေါင်းဖော်ပြီင်္း ရရှိတဲ့ကလေးတွေကို သာသနာပြုကြ၊ရေနံသူဌေးတွေက ဗလီတွေဆောက်ပေးနဲ့ မျက်နာဖြူတွေလည်းမျက်နာဖြုဆိုက်ရမယ့် အခြေရောက်လာပြီဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံတစ်ဝန်းလုံးမှာ မူဆလင်ဦးရေ သန်းကျော် ရှိနေပါတယ်။ အင်္ဂလန်နိုင်ငံလန်ဒန်မြို့တော်ကမ္ဘာကျော်ရိချင်း(စ်)ပန်းဥယျာဉ်ကြီးရဲ့ မျက်နှာချင်းဆိုင်မှာ ဗလီကြီးတစ်ခုကို ဟိန်းနေ အောင်ဆောက်လုပ်ထားပါတယ်။ယင်းဗလီကြီးတွင် ပေ ၂၀၀ ကျော်မြင့်သော မျော်စင်ကြီးပါရှိပြီး အိန္ဒိယပြည် ဟိုက်ဒရပ် ဘတ်နယ်မူဆလင်စော်ဘွားများက အကုန်အကျအားလုံးကိုခံကာ အီဂျစ် ဗိသုကာတစ်ဦးနဲ့ ဂျေရုဆလင်မြို့ရှိ ကမ္ဘာကျော် အကွာဆာဗလီပုံစံ ကိုယူပြီး တည်ဆောက်ထားပါတယ်။ ၄င်း ဗလီဟာ တစ်ကြိမ်တည်းလူပေါင်း ၁၀၀၀ ချောင်ချောင်ကြီး ဝတ်ပြုနိုင် လောက်အောင် ကျယ်ဝန်းပါတယ်။အိန္ဒိယပြည်နဲ့ အစ္စလာမ်ဘာသာအိန္ဒိယပြည် တစ်ဝန်းလုံးကိုစုစည်း အုပ်ချုပ်နိုင်သောဘုန်းတန်ခိုးကြီးမားသည့်ဘုရင်ကြီးများဖြစ်ကြသော စန္ဒဂုတ္ထမောရိယ ၊သိရီဓမ္မာသောက၊ဟာသျှ၊ သမုဒြဂုတ္တ ကဲ့သို့သော ဘုရင်ကြီးများသည်
၇ရာစုမှ၁၃ရာစုတိုင်အောင်အိန္ဒိယနိုင်ငံ၌မပေါ်ပေါက်ခဲ့သေးပါ။ထိုကဲ့သို့ဘုန်းတန်ခိုးအင်အားချို့တဲ့နေစဉ်ကာလများမှာအစ္စလာမ်၊အာရပ်၊အာဖဂန်နှင့်မဂိုဘုရင်
များတို့က၄င်းတို့၏တန်ခိုးအာဏာတိုးချဲ့လို၍လည်းကောင်းအစ္စလာမဘာသာ ပြန့်ပွားလို၍လည်းကောင်းတစ်သုတ်ပြီး တစ်သုတ် ဖော်ပြပါရာစုများအတွင်းမှာ အိန္ဒိယနိုင်ငံကြီးသို့ အနောက်မြောက်ဖက်အရပ်မှဝင်ရောက်၍ သိမ်းပိုက်ခဲ့ကြပါတယ်။ အိန္ဒိယတိုက်ငယ် ဆင့်(ဒ်)ပြည်နယ်ကို ပထမဦးစွာ အောင်နိုင်သိမ်းပိုက်ခဲ့သူမူဆလင်စစ်သူကြီးအမည်မှာ“မိုဟာမက်ဗင်ကာဆင်“ဖြစ်ပါတယ်။ ပန်ဂျပ်ပြည်နယ်၊ဆင်းပြည်နယ်စသည်ဖြင့် ဟိန္ဒူမြစ်ဝှမ်းဒေသတွင် အထူးအားဖြင့် ခြေကုပ်ယူ၍ ဓါးမိုးအုပ်ချုပ်မင်း လုပ်ခဲ့တယ်။ပထမဦးစွာ အာရပ်တို့ကလည်းကောင်း၊နောင် အာရပ်တို့ တန်ခိုးမှိန်သောအခါ အာဖရန်တို့ကလည်းကောင်း ၊ နောက်ပိုင်း မဂိုတို့ကလည်းကောင်း အစ္စလာမ်ဘာသာပြန့်ပွားရေးကို လူသာလဲပြီးမူမလဲသောဝါဒဖြင့် ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့တွင် အိန္ဒိယ တိုက်ငယ်၌ ဘင်္ဂလားဒေရှ့် ၈၅ သန်းခန့်၊ပါကစတန် သန်း ၈၀ ခန့်နှင့် အိန္ဒိယ ပြည်ထဲမှပင် သန်းပေါင်း ၁၀၀ (၁၀ ကုဋေ)ခန့်ထိအောင်လူဦးရေများပြားစေခဲ့ပါတယ်။ကမ္ဘာ့သမိုင်းအခြေပြစာအုပ်တွင်အစ္စလာမ်ဘာသာပြန့်ပွားရေးကိုလက်နက်အားကိုဖြင့်ဆောင်ရွက်ခဲ့ကြသည်ဟုဖော်ပြပါရှိပါတယ်။မူဆလင်တွေဟာ အာရှေဗျ ကျွန်း ဆွယ်ကနေတစ်နိုင်ငံပြီးတစ်နိုင်ငံ ဘာသာရေးကို သိမ်းသွင်းပြီး ၀ါးမျိုးလာခဲ့ရာမှာ နိုင်ငံငယ်များဖြစ်ပြီးလူဦးရေးနည်းပါးတဲ့ဆီးရီးယား၊ အီရတ်၊ အီရန်၊ အာဖဂန်စတဲ့ နိုင်ငံငယ်များကို ၀ါးမျိုးရတဲ့အချိန်ဟာ သိပ်မကြာလှပေမယ့် အိန္ဒိယတိုက်ငယ်ကျတော့ ဟိန္ဒိုဘာသာ ဗုဒ္ဓဘာသာတို့က မူဆလင်တို့အရင် ရာစုနှစ်ပေါင်းများစွာ ကြာပြီး
အရိုးစွဲနေကြပြန်၊ လူဦးရေကလည်း ထူထပ်များပြားပြန် ဆိုတော့ ရုတ်တရက်မ၀ါးမျိုနိုင်ဘဲ ဆင်ခေါင်းခွေးချီသလိုရာစုနှစ်အတော်များများ ကြိုးစားအားထုတ်ကြရပါတယ်။ဒါကြောင့်လည်း အိန္ဒိယ ပြည်ကြီး ဗြိတိသျှထံမှ လွတ်လပ်ရေးရယူတဲ့အခါ မူဆလင် ဘာသာ ၀င်များပြားတဲ့ ယခု ပါကစ္စတန်ခေါ်တဲ့ အရပ်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ် ခေါ်တဲ့ အရပ်ဒေသတွေကို နိုင်ငံသီးခြား
ဖဲ့ပေးလိုက်ပါတယ်။ ဒီလို မူဆလင်များရာ အရပ်ဒေသတွေကို ဖဲ့ပေးပြီးတာတောင် ယနေ့ကမ္ဘာမှာ
မူဆလင်အများဆုံး မှီတင်းနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံ ကလွဲလျှင် အိန္ဒိယ ပြည်ထဲရှိ မူဆလင်တွေက ကမ္ဘာမှာအများဆုံးဖြစ်ပါတယ်။ ကမ္ဘာမှာ တတိယနှင့်စတုတ္တနိုင်ငံတွေဟာလည်း အိန္ဒိယ တိုက်ငယ်ထဲက
စောစောကတင်ပြခဲ့တဲ့ ပါကစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပဲ ဖြစ်ပါတယ်။ အိန္ဒိယ ပြည်မှာခံရတာ
ဟိန္ဒူဘာသာဝင်တွေသာမကပါဘူး ဗုဒ္ဓဘာသာတွေကျတော့ အမြစ်ပါမကျန် ကျွတ်ကုန်ပါတော့တယ်။
ဗုဒ္ဓမြတ်စွာဘုရားပွင့်ပြီးနောက် နှစ်ပေါင်း (၃၀၀)ခန့် အကြာ ဗုဒ္ဓဘာသာကို သူ့အလိုအလျောက်
သက်ဝင်ယုံကြည် ကြည်ညိုပြီး ကူးပြောင်းလာခဲ့တဲ့ သိရိဓမ္မာသောကမင်းကြီးဟာ အများသိတော်မူတဲ့ အတိုင်းကိုးတိုင်း၊ကိုးဌာန သာသနာပြု စေလွှတ်ရုံနှင့် အားမရသေးဘဲ သားတော်သမီးတော်တို့ကို သာသနာ့ဘောင်သို့သွတ်သွင်းချီးမြုင့်ခြင်းပြုခဲ့ပါတယ်။ နောင် ဗုဒ္ဓဘာသာဝင်မင်းများ ကလည်း သာသနာတော်ကို ဆက်လက်၍အားပေးကြပါတယ်။ အိန္ဒိယပြည် နာလန္ဒဗုဒ္ဓတကသိုယ်ကြီးကို ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ လာရောက်၍ပညာဆည်းပူးနိုင်ရန် သာသနာ သက္ကရာဇ် ၁၀၀၀ ခန့်တွင် ကုမ္မာရဂုတ္ထမင်း တည်ထောင်ခဲ့ပါတယ်။ အခြားဗုဒ္ဓဘာသာဝင်မင်း တို့ကလည်း ၀ိက္ကမသီလာတက္ကသိုလ်, လေဘီ တက္ကသိုလ် , သြဒန္တပူရိ တက္ကသိုလ်, သောမရူပမ တက္ကသိုလ်, ဖဂန္ဒလ တက္ကသိုလ်, အစရှိတဲ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို တည်ဆောက်ခဲ့ပြီး စာသင်သားရဟန်းတော် ထောင်သောင်းချီ၍ရှိခဲ့ပါတယ်။ ဘာသာဝင် နိုင်ငံကြီးများ ဖြစ်ကြတဲ့ တရုတ်ပြည်၊ ဂျပန်ပြည်၊ အင်ဒိုနီးရှား ကျွန်းစုများ(ထိုစဉ်က သီရိဝိဇယ သုဝဏ္ဏဘုမိ နိုင်ငံတော်) စသည်တို့မှ စာသင်သား ရဟန်းတော်များ၏ ဗုဒ္ဓစာပေပညာဆည်းပူးရာ တက္ကသိုလ်ကြီးများ ဖြစ်ခဲ့ကြပါတယ်။ယင်း တက္ကသိုလ်ကြီးများအား မူဆလင် အာရပ် တို့သည် လည်းကောင်း၊ အာဖဂန် မူဆလင်တို့သည်လည်းကောင်း၊တူရကီ မူဆလင် တို့သည် လည်းကောင်း ခေတ်အဆက်ဆက် ဆိုသလို မီးတိုက်ဖျက်ဆီးခြင်း၊စာသင်သား ရဟန်းတော်များကို သတ်ဖြတ်ခြင်း စသည်ဖြင့်အပြီးတိုင်ကျေမှုန်းခြင်းခံရ၍ အိန္ဒိယမှာ
ဗုဒ္ဓဘာသာ တို့ နလန်မထူနိုင်အောင် ဖြစ်သွားကြပါတယ်။
မူဆလင်သမိုင်းသုတေသီ ဆရာမိန်ဟဇက်က “မူဆလင်မြင်းစစ်သည်တော်တွေဟာ နာလန္ဒတက္ကသိုလ်ကြီးကို မီးတိုက်ဖျက်ဆီးပြီး ရဟန်းတော်ပေါင်း သောင်းနှင့်ချီ၍ သတ်ဖြတ်ပါတယ်။ ရက်ရက်စက်စက် အရှင်လတ်လတ် မီးတိုက်ပြီး သတ်ဖြတ်ပါတယ်။ စာပေ၊ ပိဋိကတ်တော်ကြီးများကို မီးတိုက်ဖျက်ဆီးကြရာတွင် လနှင့်ချီပြီး မီးလောင်၍နေတယ်” လို့ မှတ်တမ်း တင်ထားပါတယ်။
အိန္ဒိယမှာ ဗုဒ္ဓဘာသာ လွယ်ပရခြင်း အကြောင်းတစ်ရပ်တွင် ဟိန္ဒူ တို့၏ ပယောဂနှင့်ရက်စက်မှု
တို့ပါဝင်သော်လည်း အပြီးတိုင် အမြစ်ပါမကျန် သုတ်သင်ခံရခြင်းမှာ မူဆလင်တို့ကြောင့် ဖြစ်ပါတယ်။
ဤကဲ့သို့ များပြားလှသော ရဟန်းတော်များနှင့် ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်ကြီးများကို အလွယ်
တကူ ဖျက်ဆီးနိုင်ရခြင်း အကြောင်းကတော့ ဗုဒ္ဓ ရဟန်းတော်များ အနေဖြင့် တုတ်၊ခါး၊ လက်နက်ဆိုလျှင်
လုံးဝမကိုင်ရလေတော့မြင်းစစ်သည်တစ်ထောင် မပြောနှင့် လက်နက်ကိုင် အနည်းငယ်ခန့် ဆိုလျှင်လည်း
ခံရမှာပါပဲ။ လက်နက်ရှိနဲ့ လက်နက်မဲ့တို့၏ ဓမ္မတာပါပဲ။ ဗုဒ္ဓဘာသာရဟန်းတော်တို့က ၀ိနည်းတော်နဲ့
အညီကျောင်းသီးခြား၊ ၀တ်ရုံသင်္ကန်းသီးခြားဆိုတော့ရှာဖွေသုတ်သင်ပြစ်ဖို့ လွယ်ပေမယ့် ဟိန္ဒူဘာသာကို
ဦးဆောင်ကြတဲ့ ဟိန္ဒူ ဗြဟ္မဏတွေ ကျတော့ ဃရာဝါသ နယ်ထဲမှာ ရှာဖွေရတာ သိပ်မလွယ်လှဘူး။ သူတို့
ခန္ဓာကိုယ်ထဲမှာသာ ၀ှက်ထားတဲ့ စလွယ်ကို အဓိကထားရှာဖွေပြီးမှ သတ်ဖြတ်ရပါတယ်။
ဒါဟာလည်း ဟိန္ဒူဘာသာတို့ ဂျိန်းဘာသာတို့ဟာ အိန္ဒိယမှာ ကြွင်းကျန်တဲ့ ရပ်တည် နိုင်ခဲ့တဲ့
အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ မဂိုဘုရင် အော်ရန်စစ် လက်ထက်မှာ ဟိန္ဒူတို့ရဲ့ဘာသာရေး ဦးစီးဦးဆောင်ဗြဟ္မဏများကို ရှာဖွေ၍ ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ ဟိန္ဒူ ဗြဟ္မဏတွေဟာ ယရာဝါသ နယ် မှာလူတွေနဲ့ရောနှောပြီး ရုတ်တရက် ရှာဖွေရ မလွယ်ပေမယ့် မဂိုဘုရင်အော်ရန်ဇစ်ဟာ တစ်နေ့ တစ်နေ့ ဟိန္ဒူ ဗြဟ္မဏစလွယ်(၅) ပိဿာရမှ မျက်နှာတော်ကြည်ပြီး ပွဲတော်တည်တယ် လို့ဆိုပါတယ်။
ဒါကြောင့် နေ့စဉ် နေတိုင်း ဟိန္ဒူ ဗြဟ္မဏစလွယ်( ၅ )ပိဿာ ရအောင် မူဆလင်စစ်သားတွေက ရှာဖွေ
ကြရပါတယ်။ သူတို့ရှာဖွေကြပုံက ဘယ်လိုလဲဆိုတော့ သူတို့ရှာဖွေစုံစမ်းလို့ ဟိန္ဒူ ဗြဟ္မဏ တစ်ယောက်
ယောက်ကို ဖမ်းမိလျှင် သင်ဘာအယူလဲလို့ ပထမမေးပါတယ်။ အမေးခံရသူက ကျွန်တော် အစ္စလာမ်ပါ လို့
ပြန်လည်ဖြေကြားလျှင် အေး အစ္စလမ်ဆိုလျှင် ဒီစလွယ်ကို မလွယ်ရဘူး။ နောက်တစ်ခါထပ်ပြီးတွေ့ရင်
သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး စလွယ်ကို ဓားဖြင့်ဖြတ်ယူ ပါတယ်။ ဒါပေမယ့် အမေးခံရသူက အယူပြင်းထန်လို့ကျွန်တော်ဟိန္ဒူဘာသာ လို့ဖြေခဲ့လျှင် ဦးခေါင်းကို ဖြတ်ပြီး ဒီစလွယ်ကို ဖြုတ်ယူပါတယ်။
အော်ရန်ဇစ် ရက်စက်မှုကြောင့် သူလည်းသေရော ဟိန္ဒူ မဟာရတ်သာတို့၊ ဂုဂျရတ်တို့၊
ဆစ်(ခ)တို့အားလုံးက တော်လှန်ပုန်ကန်ကြပါတယ်။ ဗုဒ္ဓဘာသာတွေမှာတော့ ရဟန်းတော်တွေ ဆိတ်သုဉ်းသွားပြီးမို့နာလန်မထူနိုင်တော့ပဲ နောင်နှစ်တော်တော်ကြာတော့ အပြီးအပိုင် အိန္ဒိယနိုင်ငံမှ ပျောက်ကွယ်သွားရ ပါတယ်။အထက်က တင်ပြခဲ့တာတွေဟာ အိန္ဒိယတိုက်နယ်မှာ ဘာသာရေး နယ်ချဲ့ အဓ္ဓမခံရပုံ သမိုင်းကြောင်းအကျဉ်းပါပဲ။ အိန္ဒိယပြည်ဟာ ခဲမှန်ဘူးတဲ့စာသူငယ်လို နောက်ဆုံး ၁၉၄၉ ခုနှစ် အင်္ဂလိပ်ထံမှလွတ်လပ်ရေးရယူတဲ့အချိန်မှာ ၄င်းပိုင်နယ်မြေထဲက မူဆလင် အများစုနယ်မြေကို မချိတင်ကဲ ဖဲ့ပေးလိုက်ရပါတယ်။ အဲဒီတုန်းက အိန္ဒိယအမျိုးသား ခေါင်းဆောင်ကြီး များ ဖြစ်ကြတဲ့ မဟတ္တမဂန္ဒီတို့ နေရူးတို့ကမူဆလင်တွေ သီးခြားခွဲမထွက်စေချင်ဘူး။ သူတို့ကို အထူးဦးစားပေးပြီး ဥပဒေတစ်ရပ်ပြဌာန်းပြီး ဟိန္ဒူနဲ့တန်းတူရည်တူလက်တွဲပြီး နေစေချင်ပါတယ်။ ဒါပင်မယ့် မူဆလင်ထုကြီးနဲ့ သူတို့ ခေါင်းဆောင်
ဒေါက်တာဂျင်းနားတို့က ဖိအားပေးပြီးခွဲထွက်ဖို့ ဆောင်ရွက်ကြပါတယ်။
ဟိန္ဒူတွေက ဘုရားကြည်ညိုတဲ့ မဟတ္တမဂန္ဒီကလည်း မူဆလင်တွေ ဘယ်လိုရန်စစ ရန်စွာစွာ သည်းခံဖို့
အလျှော့ပေးပြီး ပေါင်းဖို့ဆောင်ရွက်နေတော့ သီးခြားနိုင်ငံခွဲထွက်လိုတဲ့ မူဆလင်တွေရော ခံနေရတဲ့ ဟိန္ဒူတွေကပါအခက်တွေ့နေကြပါတယ်။
အဲဒီလိုနဲ့ ၁၉၄၇ ခုနှစ်ရက်တရက်မှာ လက်တွေ့အကောင်အထည်ဖော်ရမယ့်နေ့လို့ သတ်မှတ်ပြီး
မူဆလင်တွေဟာ အချိန်းအချက်ပြုပြီး ဂျလီဝါနာဘတ်(ဂ်)ခေါ်တဲ့ ခရိုင်အတွင်းမှာ ဟိန္ဒူထောင်ပေါင်းများစွာကိုသတ်ဖြတ်ခဲ့ပါတယ်။ နောက်ပြီးတော့လည်း စစ်တကောင်း န၀ခါလီခရိုင်မှာ ဟိန္ဒူရာဂျာ မိသားစုများမှ အစဟိန္ဒူထောင်ပေါင်းများစွာကို သွေးအေးအေးနဲ့ ဆိတ်များ၊သိုးများ သတ်သလို ၀ိုင်းဝန်းပြီးတော့ သတ်ဖြတ်ခဲ့ကြပါတယ်။
မူဆလင်တွေက လက်ဦးမှုရတော့ ဟိန္ဒူတွေခံလိုက်ရပါတယ်။ ဒါပင်မယ့် သူတို့က ပါးကြလျှင် ကြတယ်။
သတ်လို့ပြီးတော့ အိန္ဒိယပြည်မှ ခွဲထွက်ရေးကို မလိုးလားတဲ့ ဟိန္ဒူတို့ ဘုရားလိုကိုးကွယ်တဲ့ မဟတ္တမဂန္ဒီကြီးထံချဉ်းကပ်ကြပါတယ်။ ‘ ပြီးတာတော့ပြီးခဲ့ပါပြီ ‘ နောက်ထပ် ဟိန္ဒူ မူဆလင် မကွဲရအောင် ဆိုပြီး‘ လိမ္မာပါးနပ်တယ်ခေါ်မလား၊ ကောက်ကျစ်ယုတ်မာတယ် ‘ ခေါ်မလား ချဉ်းကပ်တော့ မဟတ္တဂန္ဒီကလည်းခန္တီပါရမီဦးထိပ်ထားသူပီပီ ဟိန္ဒူများတဲ့ ဒေသတွေမှာ ပြန်ပြီး လက်စားမချေဖို့ လက်တုန့်မပြန်ဖို့သူ့စကားနားမထောင်လျှင် သူအစာငတ်ခံမယ်လို့ အားလုံးကို ခြိမ်းခြောက်ပါတယ်။
ဟိန္ဒူခေါင်းဆောင်တွေကလည်း အခံရခက်၊အနေခက်နဲ့ အခက်တွေ့နေဆဲမှာ ဟိန္ဒူအယူသည်း
အဖွဲ့အစည်းထဲက ဂေါ့(ဒ်)ဆေးအမည်ရှိသူတစ်ဦးက နာကျည်းပြီးတော့ မဟတ္ထဂန္ဒီကို သတ်လိုက်ပါ တယ်။ ဒါနဲ့ဟိန္ဒူတွေလည်း မိအေးနှစ်ခါနာလိုက်ရပါတယ်။ မြွေပါလည်းဆုံး သားလည်းဆုံး ဆိုသလိုပေါ့။
ဒါနဲ့ အိန္ဒိယတိုက်ငယ်ရဲ့ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တဲ့ ခေါင်းမြီးခြုံဓလေ့ဟာ မူလက အိန္ဒိယမှာ မရှိပါ။
မူဆလင်ဘုရင်အသီးသီးတို့ အိန္ဒိယနိုင်ငံအတွင်း ၀င်ရောက်၍ နယ်မချဲ့မီက ဟိန္ဒူမိန်းမတွေဟာ
လွတ်လွတ်လပ်လပ်သွားလာခဲ့ကြပါတယ်။ မူဆလင်တွေ ၀င်ရောက်ပြီးမှ ဟိန္ဒူအမျိုးသမီးတွေက မူဆလင်များနည်းတူအိမ်တွင်းပုန်းဓလေ့ကို လိုက်နာကြပြီး နောင်အခါအမှာ ထုံးစံတစ်ရပ်ဖြစ်လာပါ တယ်။
နောက်ပြီး ဘာသာရပ်စကားအသစ်ဖြစ်တဲ့ အုရဒူဘာသာဟာလည်း မူဆလင်တွေ ၀င်ရောက် လာပြီး
နောက်ပိုင်းမှ အုရဒူဘာသာစကားရပ်ရယ်လို့ ပါရှင်း,အာရပ်,ဟင်ဒီဘာသာ စကားသုံးစုရော နှောပြီး ပေါ်ပေါက်လာပါတယ်။ကျွဲနွားများကို ဟိန္ဒူဘာသာဝင်တွေဟာ လူတို့ရဲ့အသက် ဆန်စပါးစိုက်ပျိုးရာတွင် လည်းကောင်း၊ နို့ ၊ ဒိန်ခဲ၊ ထောပတ် အစရှိသော အာဟာရကိုလည်းကောင်း၊ ရရှိကြလို့ အလွန်ချစ်မြတ်နိုးကြပါတယ်။ ဒါပင်မယ့်မူဆလင်တွေကျတော့ နှစ်စဉ်တွန်ဘာနီအစ်နေ့များမှာ နွား၏ လည်မျိုကို ဓါးဖြင့်လှီးဖြတ်၍ သတ်စားခြင်းအားဖြင့်ဘာသာရေးအထိမ်းအမှတ်ပြုကြလို့ အိန္ဒိယနိုင်ငံမှာ ပင်ရင်းဒေသခံဟိန္ဒူတွေ အတွက် ကြိမ်မီးအုံးသကဲ့သို့နှစ်စဉ်ခံစားကြရပါတယ်။ဤမျှနဲ့ပဲ အိန္ဒိယတိုက်ငယ်နှင့် အစ္စလာမ်ဘာသာရေးအကြောင်းကို အကျဉ်းရုံးပြီး တင်ပြ လိုက်ရပါတယ်။
အတွက်မှားက ရတက်ပွားရရှေးတုန်းက အိန္ဒိယနိုင်ငံဟာ ဒီနေ့မြန်မာနိုင်ငံထက် ဗုဒ္ဓသာသနာရောင်ဝါ ပိုမိုထွန်းကားခဲ့တာကိုလေ့လာသိရှိရပါတယ်။ ဘယ်လောက်ထွန်းကားသလဲဆိုတော့ (၁)ဒီနေ့ မြန်မာနိုင်ငံမှာ ရဟန်းတော်တွေသုံးသိန်းသာရှိပေမယ့် အိန္ဒိယမှာတော့ (၁၀)သန်းကျော်အောင် ရှိခဲ့ခြင်း၊(၂) ဒီနေ့ မြန်မာနိုင်ငံမှာ ရန်ကုန်,မန္တလေးပရိယတ္ထိတက္ကသိုလ်ကြီးတွေ နှစ်ခုသာရှိပင်မဲ့ အိန္ဒိယမှာ (၁၀)ခု အထိရှိခြင်း၊ (၃)မြန်မာနိုင်ငံ တက္ကသိုလ်တစ်ခုတစ်ခုမှာ စာသင်သား (၄၀၀)ကျော်သာ ရှိပေမယ့် အိန္ဒိယ တက္ကသိုလ်တိုင်းမှာ နှစ်သောင်း ကျော်တောင်ရှိခဲ့ခြင်းစတဲ့ အချက်(၃)ချက် ကိုကြည့်လျှင် သိနိုင်ပါတယ်။သို့သော်လည်း ဒီနေ့ ဒီအချိန်အခါမှာ အိန္ဒိယရောက်ရင် ဗုဒ္ဓဘာသာဝင် တစ်ယောက်တွေ့ဘို့ရာ ရေဒါတိုကွန်ပြူတာတို့နှင့် ရှာတောင် တွေ့ဘို့ခဲယဉ်းတဲ့ အခြေအနေကို ဆိုက်ရောက်နေပါပြီ။ ဒါကြောင့် တို့နိုင်ငံကိုတော့မ၀ါးမျိုနိုင်ပါဘူးလို့ ကိုယ့်ဟာကိုယ်အထင်ကြီးပြီး အတွက်မှားလို့ကတော့ ရတက်ပွား ပါလိမ့်မယ်။ ယခုလည်းမြန်မာတိုင်းရင်းသူတွေ တစ်စတစ်စ၀ါးမျိုးခံနေရတာတွေ့ကြရမှာပါ။

No comments:

Post a Comment