Friday, August 10, 2012

Blog လုပ်ထားသမျှ ပိတ်ထားသမျှကို ကျော်ဖြတ်မယ်

ဒီ web page လေးကိုတော်တော်များများတွေ့ဖူးမှာပါ။

ဒါက ကျွန်တော်တို့ နိုင်ငံက ပိတ်ထားတာပါ။ porn site တော်တော်များများနဲ့ နိုင်ငံရေး site တစ်ချို့ကိုပိတ်ထားတာပါ။
ဒီ web page ကို တစ်ချို့ တွေ့ဖူးပါလိမ့်မယ်။

ဒီ site ကတော့ သူတို့နိုင်ငံက ပိတ်ထားတာပါ။ online ငွေလွှဲတဲ့ site ပါ။
ကျွန်တော်တို့နိုင်ငံမှာက ကိုယ့်နိုင်ငံက ပိတ်လိုက် သူတို့နိုင်ငံက ပိတ်လိုက်နဲ့ တော်တော်ဆိုးပါတယ်။တစ်ချို့ အသုံးဝင်တဲ့ ဆိုဒ်တွေကိုပိတ်တာတော့ ပညာရှာတဲ့ လူတွေကိုတော်တော်နစ်နာစေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကျော်ပြီး သုံးပါတယ်။ ကောင်းတဲ့ နေရာမှာ သုံးဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။
ကျော်ဖို့အတွက် yourfreedom ဆိုတဲ့ software ကိုသုံးထားပါတယ်။သူရဲ့သဘောတရားကတော့ ကမ္ဘာ တစ်ဝှမ်းမှာ yourfreedom ဆာဗာ တွေ အများကြီး လုပ်ထားပါတယ်။ yourfreedom ကိုသုံးပြီး ကျော်ပြီး website တစ်ခုကိုရှာတယ်ဆိုရင် ရှာလိုက်တဲ့ address ကိုတိုက်ရိုက်မသွားပါဘူး။ yourfreedom ဆာဗာ ကိုအရင်သွားပါတယ်။ ဒါကြောင့် ဒီကထွက်သွားတဲ့ address သည် ကျွန်တော်တို့ ရှာတဲ့ address မပေါ်ပါဘူး။ တစ်ခြား ဆာဗာ တစ်ခုကိုသွားတယ်လို့ ပဲပေါ်နေမှာပါ။ တစ်ခြားဖုံးကွယ် ပုံဖျက်တာတွေပါပါသေးတယ်။ yourfreedom နဲ့သုံးရင် သုံးတဲ့ IP address ကို ပြန်ပြီး လိုက်လို့မရဘူး လို့နာမည်ကြီးပါတယ်။

မူရင်းဆိုဒ်မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။
http://peacevisor.site40.net/?p=153
www.minkhamaung.blogpots.com

No comments:

Post a Comment