Showing posts with label Windows 7. Show all posts
Showing posts with label Windows 7. Show all posts

Friday, November 16, 2012

computer သုံးပြုရင်းနဲ ပိတ်မရတဲ files တွေကြုံရင် မြန်ပိတ်နည်းလေး


အားလုံးမင်္ဂလာပါနော် ဘာမဆို မသိရသေးသောသူအတွက်ရည်ရွယ်ပါတယ်နော်....
သိပြီးသား သူတွေက ကျော်ချင်ကျော် သွားနော်
အခု ကျတော် ပြောမယ် နည်းလေးက
computer သုံးပြုရင်းနဲ ရုပ်တရက် ပိတ်မရတဲ program တွေ files
တွေ ဆော့ဝဲတွေ ကို desktop မှာပိတ်မရလို ကြာနေတယ် ဆိုရင်
မြန်ပိတ်မယ်နည်းလေးပါ။
start task manager မှာ သွားပိတ်မှာဖြစ်ပါတယ်
Start Task manager ကိုသွားရန် window taskbar မှာ right clik နှပ်ပါ
ပေါ်လာတဲစာကြောင်ထဲက Start Task manager နှိပ်လိုက်ပါ။

ရောက်သွားပါပြီး windows task manager ကို
windows task manager ထဲက application ကိုနှိပ်လိုက်ပါ
ဒီမှာ ကိုယ်ဖွင့်ထားတဲ အရာအားလုံးပြနေပါတယ် ပိတ်မယ်အရာကို
တချက်နှိပ်ပြီး end task နှိပ်ပေးလိုက်ရုံပါ

ဒီမှာ ကျတော် ကြုံတုန်း နဲနဲ ပြောလိုက်အုန်းမယ်
windows task manager ထဲက performance နှိပ်လိုက်ပါ
ram mewory / cpu / အလုပ် လုပ်ပုံပြနေပါတယ် computer
အစဖွင့်ထားတဲအချိန်ကိုလည်းပြနေပါတယ်။


ပုံမှာ ပြထားတဲ (၁) နေရာက CPU သုံးပြုနေတဲ ရာခိုင်နှုန်း ကိုပြနေပါတယ်
(၂) နေရာက RAM memory သုံးပြုနေတဲ ပုံလေးပြနေပ်တယ်

(၃)နေရောက computer အစဖွင့်ထားတဲ အချိန်တည့်ကျပြနေတယ်
လက်တော့ တချို့ကတော့ cpu သုံးပြုနှုန်းများရင်တော့ လေပူတွေ တအားမှုတ်တာပဲ
လက်တောင်မခံနိုင်ဘူးး
ram memory သုံးများရင်တော့ စက်ရပ်ချင် သလို လေးချင် သလို ဖြစ်တက်ပါတယ်။
ram memory 1GB နဲ ဝင်းဒိုး ၇ တင်သုံး သူများတော့စက်လေးမှာသေချာပဲ

ဖျက်လို့မရတဲ့ဖိုင်ကို ဖျက်ပေးတဲ့ဆော်ဝဲလေး


ဖျက်လို့မရတဲ့ဖိုင်ကို ဖျက်ပေးတဲ့ဆော်ဝဲလေး

ကွန်ပျူတာမှာ ဖျက်လို့မရတဲ့ဖိုင်တွေ ဒီUnlocker1.9.1ဆော်ဝဲလ်နဲ့ဖျက်မယ် အရင်ကကျနော် xp သုံးတာ ဖျက်လို့ရတယ် တော်တော်လေးအဆင်ပြေတယ် ၀င်ဒိုး7 တော့ မစမ်းကြည့်ရသေးဘူး ၀င်ဒိုး 7 အတွက်ရော xp အတွက်ရော တင်ပေးထားပါတယ်။။ ဖျက်မလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေ အဆင်ပြေကြပါစေ။။။
ဝင်ဒိုးXP ဒီမှာဒေါင်းရန်
ဝင်ဒိုး7 ဒီမှာဒေါင်းရန်
ဝင်ဒိုး 7 ဒီမှာဒေါင်းရန်

ဝင်ဒိုး 7 အတွက်နှစ်ခုတင်းထားပေးပါတယ် အဆင်ပြေတဲ့တစ်ခုခုပေါနော်....

Sunday, November 11, 2012

Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်


Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်

Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်Windows 7 ကို အသုံးပြုနေသူများအတွက် Windows 7 ကို လျင်မြန် သော လုပ်ဆောင်ချက်များ ရရှိနိုင်စေရန်အတွက် အွန်လိုင်းတွင် ဝေမျှထားသည့် အချက် ခုနစ်ချက်ကို ဖော်ပြ ပေးလိုက်ပါသည်။
Window 7 ကို လျင်မြန်စွာ ပြောင်းလဲအသုံးပြုခြင်း
Window 7 ကိုလျင်မြန်စွာ ပြောင်းလဲ အသုံးပြုနိုင်ရန်အတွက် minimize- maximize Animation များကို disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ Disable ပြုလုပ်နည်းမှာ Run Box ကနေ System Properties Performance ဟု ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ်ကာ OK နှိပ်ရမည် ဖြစ်ပါသည်။
Windows 7 boot time ကို မြှင့်တင်ခြင်း
Windows 7 သည် စတင် အလုပ်လုပ်စဉ်တွင် core တစ်လုံးတည်းကိုသာ အသုံးပြုပါသည်။ ဒါကြောင့် boot time ကို မြှင့်တင်ရန်အတွက် အသုံးပြုမည့် core များကို တိုးမြှင့်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ပြုလုပ်နည်းမှာ Start မှ Run ကိုနှိပ်ပြီး Run Box မှာ msconfig လို့ ရိုက်ထည့်ပြီးလျှင် boot tab ရှိ Advanced options... ကို click လုပ်ရပါမည်။ ထို့နောက် Number of processors တွင် မိမိကွန်ပျူတာရှိ processors ၏ core အရေအတွက်ကို ရိုက်ထည့်ရမည် ဖြစ်သည်။ မလိုအပ်သည့် font များကို ဖယ်ရှားရမည် ဖြစ်ပြီး ဖယ်ရှားခြင်း အားဖြင့် System ၏ လုပ်ဆောင်ချက် များကို မြှင့်တင် ပေးနိုင်ပါသည်။ ပြုလုပ်နည်းမှာ Control Panel ၏ Font Folder ရှိ အသုံးမပြုသော Font များကို ဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ထို့အပြင် Run Box မှတစ်ဆင့် Control Fonts ကို ရိုက်ထည့်ကာ ပြုလုပ်နိုင်ပါသည်။
Windows 7 Shutdown Time ကိုမြှင့်တင်ခြင်း
Window 7 က Shutdown ပြုလုပ်ခြင်းသည် Window XP, Window Vista တို့ထက် ပိုမြန်ပါသည်။ သို့သော် Registry အတွင်း အနည်းငယ် အပြောင်းအလဲ လုပ်ရန် လိုအပ်ပါသည်။ ပြောင်းလဲပုံမှာ Run Box ထဲတွင် Regedit ဟုရိုက်နှိပ်ပြီး Enter လုပ်ရမည်။ ထို့နောက် HKEY- LOCAL- MACHINE မှ SYSTEM တွင် Current Control Set Control ကို Right- Click နှိပ်ပြီး Wait To Kill Service TimeOut ကိုရိုက်ထည့်ကာ Value 12000 (12 Seconds) ကို default အဖြစ် ထားရမည် ဖြစ်သည်။ ထို့နောက် OK အလုပ်ပြီး PC ကို Restart လုပ်ရမည် ဖြစ်သည်။
Search Indexing Feature ကို disable လုပ်ခြင်း
မိမိ သိမ်းဆည်းထားသည့် ဖိုင်များကို အလွယ်တကူ ပြန်ရှာဖွေနိုင်ရန်အတွက် Search Indexing Feature ကို ပိတ်ထားသင့်ပါသည်။ ပြုလုပ်နည်းမှာ Run Box တွင် Service. msc ဟု ရိုက်ထည့်ပြီး Window Search ကို Right- Click လုပ်ကာ disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။
Taskbar Thumbnail ရဲ့ဖော်ပြချိန်ကို လျှော့ချခြင်း
Taskbar များကို thumbnail အဖြစ် ဖော်ပြခြင်းသည် Windows 7 ၏ အကောင်းဆုံး Feature ဖြစ်ပါသည်။ သို့သော် System ကို နှေးကွေးစေသောကြောင့် ၎င်း Thumbnail များ၏ ဖော်ပြချိန်ကို လျှော့ချပေးခြင်းဖြင့် System ၏ လုပ်ဆောင်ချက်ကို မြှင့်တင် ပေးနိုင်ပါသည်။ ပြုလုပ်နည်းမှာ Run Box တွင် regedit ဟု ရိုက်ထည့်ပြီး HKEY- CURRENT- USER> Software> Microsoft> Window> Current Version> Exploer> Advance တွင် Right Click နှိပ်ပြီး New ကို ကလစ်ထောက်ကာ DWORD (or) DWORD Value ကို ရွေးကာ Thumbnail Live Preview Hover Time ဟု ရိုက်ထည့်ရမည် ဖြစ်သည်။ ထို့နောက် ရိုက်ထည့်လိုက်သည့် စာသားပေါ်တွင် Right- Click လုပ်ပြီး Modify လုပ်ရပါသည်။ ပြီးလျှင် Decimal Base တွင် 200 (0. 2 Seconds) ဟု ရိုက်ထည့်ပြီး OK ကိုနှိပ်ကာ Restart လုပ်ရပါမည်။ System Sounds ကိုလည်း မလိုအပ်လျှင် ပိတ်ပစ်သင့်ပါသည်။
Windows 7 ၏ System Sound ကို မလိုအပ်လျှင် ပိတ်ထားသင့်
ပိတ်ထားလိုသူများ အနေဖြင့် Run Box တွင် mmsys. cpl ဟု ရိုက်ထည့်ပြီး Sound Tab တွင် No Sounds ကို ရွေးကာ ပြုလုပ်နိုင်ပါသည်။ မလိုအပ်သည့် Startup ပရိုဂရမ်များကို ပိတ်ပါ။ အချို့ ပရိုဂရမ်များသည် Windows စတင် အလုပ်လုပ်ချိန်မှာ အလိုအလျောက် အလုပ်လုပ်ပါသည်။ အလိုအလျောက် အလုပ်လုပ်သည့် ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java စသည့်တို့ ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် System ကို လျင်မြန်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ပြုလုပ်နည်းမှာ Run Box တွင် msconfig ဟု ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်သည့် ပရိုဂရမ်များကို uncheak လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။
Aero Theme ကို Disable လုပ်ထားသင့်
Windows 7 ၏ Aero Theme သည် နှစ်သက်ဖွယ် ကောင်းပေမယ့် System လုပ်ဆောင်ချက်များကို နှေးကွေးစေပါသည်။ Aero Theme ကို disable လုပ်လိုသူများအတွက် desktop တွင် Right Cilck နှိပ်ပြီး Personalise ကိုရွေးကာ Window Color Tab ကို ကလစ်လုပ်ပြီး Enable Transparency box ကို uncheak လုပ်ရမည် ဖြစ်သည်။ ထို့နောက် Open Classic appearance properties for more color options တွင် standard (okdY) Basic theme ကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါသည်။ ဤသို့ဖြင့် Windows 7 အသုံးပြုသူများကို မိမိတို့၏ Windows များကို မြန်မြန်ဆန်ဆန်နှင့် အသုံးပြုနိုင်အောင် အထက်ပါ အချက် ခုနစ်ချက်ကို ဖော်ပြပေးလိုက် ပါသည်။ 

Wednesday, November 7, 2012

Activators For Window Xp,Vista & 7


Activators For Window Xp,Vista & 7

Activators လင့်ခ်လေးတွေ အဆင်မပြေဘူးလို့ ပြောတာနဲ့ ကျွန်တော်ထပ်တင်ပေးလိုက်ပါတယ်။ အရှေ့ပိုင်းမှာရှိတဲ့ လင့်ခ်လေးတွေကတော့ နည်းနည်းသေ နေနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကို ကျွန်တော် Update လေးတွေကိုပဲရွေးပြီးရှာတင်ပေးပါ့မယ်။ အခုလည်း  Activators လေးသုံးမျိုးပါပါတယ်။ XP, Vista နဲ့ Window 7 အတွက်ပါ.။ သုံးခုခွဲပြီးထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 7.24 MB ရှိပါတယ်။ အောက်က အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာနှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။

Activators For Window Xp,Vista & 7



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။။



Cloudy Mac Theme For Windows 7


Cloudy Mac Theme For Windows 7


ကျွန်တော် Themes လေးတွေလည်း မတင်ပေးဖြစ်တာကြာပါပြီ။ ကျွန်တော်လည်းအခုရက်ပိုင်း ပရဟိတဘက်လေးကို နည်းနည်းလေး အားထည့်နေမိတယ်။ အခုတော့ဒီကောင်လေးကို မြင်တာနဲ့ သိလိမ့်မယ်လို့ ထင်ပါတယ်။ File Size ကတော့ 6.54 MB ရှိပါတယ်။ အောက်က အဆင်ပြေမယ့်လင့်ခ် လေးမှာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။

Cloudy Mac Theme For Windows 7



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ.။။

A Thin White Line Theme For Windows 7


A Thin White Line Theme For Windows 7

ဒါလေးကလည်း Window 7 အတွက် နောက် Theme လေးတစ်ခုပါ ။ ဖိုင်ဆိုဒ်ကတော့ 18.7 MB ရှိပါတယ်။ အောက်ကအဆင်ပြေမယ့်လင့်ခ်လေးမှာ ယူသွားလိုက်ပါဗျာ.။

A Thin White Line Theme For Windows 7



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

Animated Screensaver Maker 3.1 Full Crack Posted: Fri, 17 Aug 2012 14:22:54 PDT


Animated Screensaver Maker 3.1 Full Crack

Posted: Fri, 17 Aug 2012 14:22:54 PDT
ဒီကောင်လေးကတော့ ကျွန်တော်တို့ အသုံးပြုလိုတဲ့ Background တွေ animation လေးတွေနဲ့စိတ်ကြိုက်ပြုပြင် ပေးနိုင်ပါတယ်။ ကျွန်တော်တို့ screensavers လေးတွေကို မိမိတို့ စိတ်ကြိုက်ပြုပြင်ဖန်တီးယူ နိုင်တဲ့အတွက် အဆင်ပြေပါတယ်။ အထဲမှာ Full Version လေးအသုံးပြုနိုင်အောင် Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 11.1 MB ရှိပါတယ်။အောက်မှာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။

Animated Screensaver Maker 3.1 Full Crack



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ.။

Windows 7 SP 1 တွင် Language Pack ချိန်းပြီး သုံးချင်သူများ အတွက်


Windows 7 SP 1 တွင် Language Pack ချိန်းပြီး သုံးချင်သူများ အတွက်

ကျွန်တော် ဒီနေ့တော့ Windows 7 SP1 ကို Language Pack ချိန်းပြီး အသုံးပြုချင် သူများအတွက် နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားမှာ ဖြစ်ပါတယ် .. အရင်တုန်းကတော့ ရေးပေး ထားတာ ရှိပါတယ် .. အခု SP 1 အတွက် Language Pack ချိန်းလို့ရသွားပြီ ဖြစ်တဲ့အတွက် အသစ်ထပ်ရေးပေး သွားမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ နိုင်ငံ ရပ်ခြားမှာ ရောက်နေတဲ့ အခါမှာ အများစု Laptop တွေဝယ် ကြတဲ့ အခါမှာ သူတို့ နိုင်ငံတွေရဲ့ Language တွေနဲ့ Windows တွေကို တင်ပေးလိုက်ကြပါတယ် .. အင်္ဂလိပ်လို အသုံးပြုတဲ့ နိုင်ငံတွေက ၀ယ်လိုက်တာ ဆိုရင်တော့ ပြသနာ မရှိပေမယ့် ဥပမာ ၊   ဂျပန်တို့ ၊ တရုတ်တို့ ၊ ရုရှားတို့ ကနေ ၀ယ်မယ်ဆိုရင် သူတို့ရဲ့ Language နဲ့ Windows ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ Orginal Windows ကိုလည်း မဖြုတ်ချင်ဘူး English လိုလည်း အသုံးပြုချင်တယ် ဆိုရင် အခု ကျွန်တော် ရေးပေးသွားမဲ့ နည်းလမ်းလေး အတိုင်း Language Pack ချိန်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. 

ကျွန်တော် တို့ Vistalizator   ဆိုတဲ့ ကောင်လေးကို သုံးပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ် .. Vistalizator  ကို ဒီအောက်မှာ ပေးထားတဲ့ ဆိုဒ်လေးမှာ သွားပြီးတော့ လည်း ဒေါင်းလော့ ချနိုင်ပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာလည်း တင်ပေးထားတာ ရှိပါတယ် .. 

Vistalizor လေးကို ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Language Pack ချိန်းချင်တဲ့ Language အတွက် Language Pack ကို Windows 7 SP 1 အတွက် ဒီအောက်ကလင့်မှာ တင်ပေးထားပါတယ် .. သွားပြီးတော့ ဒေါင်းလော့ချလိုက်ပါ .. ဒေါင်းလော့ချတဲ့ အခါမှာ မိမိတို့ရဲ့ Windows Version အလိုက် 32 Bits နဲ့ 64 Bits ဆိုပြီး ခွဲတင်ပေးထားတာ ဖြစ်ပါတယ် .. မိမိတို့ အသုံးပြုနေတဲ့ Windows Version အောက်မှာ တင်ပေးထားတဲ့ Language Pack ကို ဒေါင်းလော့ ချလိုက်ပါ  ..
ကျွန်တော် အောက်မှာတော့  Windows 7 English Language Pack ( 64 Bits ) ကိုတင်ပေးထားပါတယ်  .. 
Vistalizator  ရော Language Pack ရော ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ Language Pack စပြီးချိန်း ကြရအောင်ဗျာ .. ဒီအဆင့်မှာ အများစု ကြုံရတာလေး တစ်ခုကို ပြောပြ ချင်ပါတယ် .. Vistalizator   ကို ဖွင့်လိုက်တဲ့ အခါမှာ အောက်က ပုံမှာ ပြထားသလို Error Code လေး တက်လာတာကို ကြုံဖူးတဲ့ သူများ ရှိပါလိမ့်မယ် .. 
 
အပေါ်က ပြထားတဲ့ Error   မျိုး ကြုံလာရပြီ ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း Vistalizator  ကို  Compatiblity မှာ  အမြင့်ဆုံး OS ကို ပြောင်းပေးလိုက်ပါ .. မိမိတို့စက်မှာ Windows 7 ကအမြင့်ဆုံး ဆိုရင် Windows 7 ကိုပြောင်းလိုက်ပါ .. ပြီးရင်တော့  Apply >> OK ပေးလိုက်ယုံပါပဲ .. 
အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပြီးသွားလို့ Error မတက်တော့ ဘူးဆိုရင်  Vistalizator  ကို Run လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ ချိန်းချင်တဲ့  Language Pack ကိုယူလိုက်ပါ ..
 အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း  Add Languages  မှတစ်ဆင့် မိမိတို့  အသုံးပြုချင်တဲ့  Language  Patch  File  ကိုရွေးချယ်လိုက်ပါ .. ဒါဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Run နေပါလိမ့်မယ် .. ခဏ စောင့်ပေးလိုက်ပါ ..
အပ်ါက အဆင့်တွေ အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာပါလိမ့်မယ် ..  အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့  မိမိတို့ ပြောင်းချင်တဲ့ Language Pack File ကို  Double Click ပေးလိုက်ပါ   
ဒါဆိုရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း  Waring Box လေး ပေါ်လာပါလိမ့်မယ် .. OK ပေးလိုက်ပါ .. ပြီးရင်တော့ မိမိတို့ အသုံးပြုချင်တဲ့  Language Pack  File ကို စတင်ပြီး  Install လုပ်နေပါလိမ့်မယ် ..
အပေါ်က အဆင့်အတိုင်း ပေါ်လာပြီးလို့  OK  ပေးပြီးသွားပြီ ဆိုရင်တော့ အောက်ပုံမှာ ပြထားတဲ့အတိုင်း  Change Language  ကိုနှိပ်ပြီး  မိမိတို့ အသုံးပြုချင်တဲ့  Language Pack ကို ချိန်းပေးလိုက်ပါ ..
အပေါ်က ပေါ်မှာ ပြထားတဲ့ အတိုင်း  Information Box လေးပေါ်လာပြီ ဆိုရင်တော့ OK ပေးလိုက်ပြီး အောက်မှာ ပြထားတဲ့ အတိုင်း  Vistalizator လေးကို  Exit ပေးလိုက်ပါ .. 
အောက်ကပုံအတိုင်း  Confirm Box လေးပေါ်လာပြီ ဆိုရင်တော့ Yes  ကိုပေးလိုက်ပါ .. ဒါဆိုရင်  Restart ကျသွားပါလိမ့်မယ် .. Windows ပြန်တက်လာပြီ ဆိုရင်တော့ မိမိတို့  Windows က Language Pack ချိန်းပြီးသွားတာ တွေ့ရပါလိမ့်မယ် .. 
ဒီလောက် ဆိုရင်တော့ အားလုံးပဲ  Windows 7 SP 1 မှာ  Language Pack ချိန်းတက်သွားမယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF FILE ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..
 အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..