Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Monday, November 19, 2012

အလုပ်များသူတွေအတွက် Desktop ပေါ်မှာ Note ထားနည်း(၁၅-၁၁-၁၂)


အလုပ်များသူတွေအတွက် Desktop ပေါ်မှာ Note ထားနည်း(၁၅-၁၁-၁၂)


အထူးသတိပြုစရာတစ်ချက်ကတော့ Window default Font ကနေပြောင်း မရပါ

ဒီလင့်မှာ သွားပြီးဖတ်ကြည့်- http://.answers.microsoft.com မရဘူးပြောတယ်

Window 7 Forums မှာလည်း မရလို့ ပြဿနာ တက်နေသူတွေရဲ့ အကြောင်းကို

http://www.sevenforums.com မှာ ဖတ် လေ့လာနိုင်ပါတယ်။ မြန်မာတွေအဖို့ 

အဆင်ပြေဆုံးနည်းကတော့ Wordpad ကို သုံးပါ Window တိုင်းမှာ ပါလာတယ်

Notepad ကနေ ရေးရင်မရပါဘူး Wordpad ဖွင့်ပါ။ မြန်မာလိုရေးပီး ကော်ပီယူပါ

Desktop ပေါ်က Sticky Note ပေါ်ချလိုက် မြန်မာလို ပေါ်ပါလိမ့်မယ် ခင်ဗျာ....။

Wordpad ကိုလည်း အောက်ပါနည်းဖြင့် ရှာနိုင်ပါတယ် အတူတူပါပဲ...............။

Start => All Programs =>Accessorie မှာရှိတယ် ။Serch box မှာလည်း ရှိတယ်


ဒီနည်းကလည်း Window 7 မှာပါလာတဲ့ Sticky Notes စနစ်တစ်ခုပါ ။အလုပ်အရမ်း

များသူတွေအတွက် နေ့ စဉ်နဲ့ အမျှလုပ်စရာရှိတာတွေကိုမှတ်မိလွယ်အောင် အလွယ်

လုပ်ထားချင်တယ်ဆိုရင် မိမိကွန်ပျုတာ Desktop ပေါ်မှာမှတ်စုတို လေးတစ်ခုအဖြစ်

ရေးမှတ်ထားနိုင်ပါတယ် အလုပ်ကပြန်ခါနီး နောက်ရက် အလုပ်လာရင် အရေးတကြီး

လုပ်စရာရှိရင် ဒီနည်းလေးနဲ့ မှတ်ထား နောက်တစ်နေ့ ကွန်ပျုတာဖွင့်တာနဲ့ Desktop

ပေါ်မှာပေါ်နေမှာဖြစ်ပါတယ်။မန်နေဂျာ ကွန်ပျုတာမှာ ရေးထားတာတွေ့ လို့  သုံးချင်

တဲ့သူတွေ သုံးရအောင် မျှဝေလိုက်ပါတယ်(Window 7 သမားတွေအတွက်ပါ).....။

Start => All Programs =>Accessorie မှာရှိတယ် ။Serch box မှာလည်း ရှိတယ်

Tuesday, September 25, 2012

ကြွက်ဘာကြောင့်တက်ရလည်း-ဘယ်လိုကာကွယ်ကုသရမလည်း.......



ကြွက်ဘာကြောင့်တက်ရလည်း-ဘယ်လိုကာကွယ်ကုသရမလည်း.......
လူတိုင်းတချိန်ချိန်မှာကြွက်တက်ဖူးမှာပါ ဘာကြောင့် ကြွက်တက်ရတယ်ဆိုတာရယ် ကြွက်တက်လာရင် ဘယ်လိုလုပ်
ကြမလည်း ...? ဘယ်လိုကာကွယ်နိုင်လည်းဆိုတာ ဖတ်ကြည့်ကြရအောင်။
ဘောလုံး ကန်ဘူးတဲ့သူတွေတင် မကဘူး၊ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။
ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အ၀လွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။
ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင် ကောင်းမယ်ဆိုတာ ပိုသိတယ်။ “နေရာတကာ ဆရာ-ဆရာဝန် မလုပ်ချင်နဲ့”။ ခိုင်းတာသာ လုပ်ပေးပါ။ ဒါပေမဲ့ ခိုင်းတာလုပ်တဲ့အကျင့် ဒါကလွဲရင် မကျင့်ချင်နဲ့။ “တပည့်ကြီးများ တိုင်းပြည်” ဖြစ်သွားလိမ့်မယ်။ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲရင်၊ ချွေးထွက်များရင် နာတတ်တာတွေကလည်း ဒီသဘောမျိုးဘဲ။ ၀မ်းလျောလို့၊ (ပိုဆက်ဆီယမ်) နဲ့ (ကယ်လ်စီယမ်) နည်းလို့ ဖြစ်တာကို Tetany ခေါ်တယ်။ အူ၊ အစာအိမ်၊ သားအိမ်၊ ဆီးအိမ်၊ သည်းခြေအိတ်တွေမှာ အဲလိုဖြစ်လို့ နာတာကို Colicky pain လို့ခေါ်တယ်။ ရာသီလာတုံး နာတာကို Dysmenorrhea ခေါ်တယ်။ အခေါ်မတူပေမဲ့ အနာသက်သာဆေးတွေပေးတာ တူပါတယ်။ Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်တာကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးတွေနဲ့လည်း ကုနိုင်တယ်။သွေးတိုးကြောင့်ဖြစ်ဖြစ်၊ နှလုံးရောဂါကြောင့်ဖြစ်ဖြစ်၊ ကိုယ်ရောင်လို့ဖြစ်ဖြစ် ဆီးဆေး (ဆီးအောင့်တာ ပျောက်တဲ့ဆေး မဟုတ်၊ ဆီးအတင်း သွားစေတဲ့ဆေး) ကို မကြာခဏ သောက်ရသူများ၊ သောက်တိုင်း (ပိုဆက်ဆီယမ်) ဆေးသောက်ပါ။ ၀ယ်ရတာ ခက်တတ်တယ်။ ကောင်းတာက အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။
Vitamin B complex, Calcium, Potassium ကို ပုံမှန်သောက်ပါ။ Calcium gluconate ကို IV သွေးပြန်ကြောထဲ ထိုးပေး နိုင်တယ်။ ဒီဆေး သုံးမျိုးထဲက (ကယ်လစီယမ်) တခုဘဲ ဆီးကျောက်ရောဂါအတွက် သတိထားဘို့ လိုတယ်။ ကြာကြာ သောက်တာ ကိစ္စမရှိပါ။ အနာအကိုက် ပျောက်ဆေးတွေကတော့ အစာနဲ့ တွဲသောက်ရတယ်။ ဆေးတခုချင်းအကြောင်း သိချင်ရင် သပ်သပ် ရှာဖတ်ပါ။ ရေးတင်ထားတာ ရှိပါတယ်။ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။ဓါတ်ဆားတွေ ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။အိပ်ရာထဲမှာ နိုးတာနဲ့ ပျင်းကြောမဆန့်လိုက်ပါနဲ့ ရုတ်တရက် ကြွက်တက်တတ်ပါတယ်..။
ကြွက်ခဏခဏတက်တတ်တဲ့ အကျင့်ရှိသူဟာ ရေကူးတာရှောင်သင့်ပါတယ်
ရေကူးနေစဉ်ကြွက်တက်လာရင် ရေနစ်ပြီးသေတတ်ပါတယ် ကဲ..ဒီလောက်ဆိုရင် ကြွက်တက်ရတဲ့အကြောင်းနဲ့
ကြွက်ဘယ်လိုတက်တတ်တယ်ဆိုတာရယ် ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိလောက်ပါပြီ.။
မှီငြမ်း........Dr....တင့်ဆွေ

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင်.သည်.အချက်များ



ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင်.သည်.အချက်များ
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။
(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း
(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိအူကိုခေါက်စေသည်။
(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။

မိန်းမတို့ရဲ့စိတ်သဘောထား





။ မနှိုင်းပါနဲ့
သူ့မိန်းမကအိမ်ထောင်မူဘယ်လောက်ထိန်းနိုင်တယ်။သူ့ချစ်သူကဘယ်လောက်ကြင်နာတတ်တယ်။လို့ကိုယ့်မိန်းမ ၊ကိုယ့်ချစ်သူကိုတခြားမိန်းခလေးတွေနဲ့မနှိုင်းပါနဲ့။ ကိုယ်ချစ်တဲ့သူနဲ့အတူနေခွင့်ရတာမင်္ဂလာတစ်ပါးပါ။မိန်းမခလေးအများကကိုယ်ချစ်တဲ့သူဆီကကြားရတဲ့ချီးကျူးစကားတစ်ခွန်းကိုအခြားလူတွေဆီတွေကကြားရတဲ့ချီးကျူးစကားတွေထက်ပိုတန်းဖိုးရှိပါတယ်။
၂။လျစ်လျူမရူနဲ့။
မိန်းခလေးတွေရဲ့ခံစားမူအာရုံကလှုပ်ရှားလွယ်တယ်။ကိုယ်

ချစ်တဲ့လူနဲ့ပတ်သက်လာရင်မကောင်းတဲ့ဘက်ကတွေးမြင်လွယ်တယ်။သ၀န်တို၊အူတိုလွယ်တယ်။ ကိုယ်အခက်အခဲကြုံတဲ့အခါသူ့ 
 ကိုမျှဝေခံစားမယ်။သူဝမ်းနည်းအားငယ်တဲ့အခါလက်ကိုတင်းတင်းဆုတ်ကိုင်ပြီးအကြင်နာငွေ့တွေနဲ့ကူညီအားပေးမယ်။အလုပ်မ
သွားခင်ပုစဉ်းရေနားအနမ်းလေးနဲ့နှုတ်ဆက်မယ်။အိမ်ရောက်ရင်လည်းပြန်ရောက်ကြောင်းပွေ့ဖက်နှုတ်ဆက်မယ်။အဲဒီလိုကိုယ့်အတွက်အပန်းမကြီးတဲ့နှုတ်ဆက်ခြင်းတွေ၊အပြုအမူတွေကမိန်းခလေးတွေအတွက်တစ်သက်လုံးတွေးတိုင်းကြည်နူးစေနိုင်ပါတယ်။
၃။မျက်နှာထားမပြနဲ့။
မိန်းခလေးတယောက်ကိုဒေါသမျက်နှာနဲ့တင်းပြတတ်တဲ့ယောကျာ်းလောက်ကြည့်ရဆိုးတာမရှိဘူး။ကိုယ်ကအပြင်မှာမအားမလပ်စီးပွားရှာနေသလိုသူလည်းအိမ်မူကိစ္စကလေးတွေနဲ့အလုပ်ရှုပ်နေတယ်ဆိုသတိရပေးပါ။နောက်ကနေလိုသမျှဖြည့်ဆည်းပေးတဲ့သူရှိလို့အပြင်မှာကိုယ်စိတ်ချလက်ချအလုပ်
လုပ်နိုင်တယ်ဆိုတာသတိရပေးပါ။ကိုယ်အလုပ်ကပြန်ရောက်ရင် မိန်းမရေပင်ပန်းနေပြီလားနဲ့  မပင်ပန်းပါဘူးအပြင်ထွက်အ
လုပ်လုပ်ရတဲ့ယောကျာ်းကပိုပင်ပန်းတာပေါ့ဆိုတဲ့အပြန်အလှန်စကားပုံ
 ရိပ်တွေကလှပတဲ့ပန်းချီကားတစ်ချပ်လိုပါပဲလူကိုကြည်နူးစေပါတယ်။
။ပြိုင်ကြတယ်
ယောကျာ်းတွေကအလုပ်ပြိုင်၊ရာထူးပြိုင်သလိုမိန်းခလေးတွေကလည်းကိုယ့်ယောကျာ်း၊ကိုယ့်ကလေးအကြောင်းပြိုင်တတ်ကြတယ်။ဒါကြောင့်လူတွေရှေ့ မှာမိန်းခလေးတွေကိုမပောာက်၊မအော်ပဲအကြင်နာတွေ၊ဂရုစိုက်မူတွေပေးပါ။တခြားမိန်းခလေးတွေမနာလိုဝန်တိုဖြစ်စေလောက်တဲ့အချစ်ကိုရထားတဲ့မင်းသမီးလေးလို့သူ့ကိုယ့်သူထင်မြင်အောင်ကြင်နာပြပါ။သူပာာထက်မြက်တဲ့မိန်းခလေးဖြစ်ခဲ့ရင်ကိုယ့်အပေါင်းအသင်းရှေ့မှာလည်းကိုယ်ပာာမိန်းမကိုဂရုစိုက်ကြင်နာသူအဖြစ် သူမျက်နှာသာပြန်ပေးပါလိမ့်

ယ်။
၅။ကြည့်တတ်တယ်။
မိန်းမလှလေးတွေမြင်ရင်ယော
ကျာ်းလေးတွေကြည့်တတ်ကြသလိုယောကျာ်းလေးချောချောတွေကိုမြင်ရင်လည်းမိန်းခလေးတွေကြည့်တတ်ပါတယ်။ဒါကိုသ၀န်တို၊စိတ်တိုနိုင်ပေမယ့်ချောတဲ့ယောကျာ်းကိုကြည့်တဲ့မိန်းခလေးရဲ့အကြည့်ကချောတဲ့မိန်းခလေးကိုကြည့်တဲ့ကိုယ့်အကြည့်ထက်ရိုးသားပါတယ်။
မိန်း ခလေးတွေကြည့်တဲ့အကြည့်ကလှတဲ့ပစ္စည်းတစ်ခု၊ပန်းချီကားတစ်ချပ်ကိုကြည့်ရူခံစားသလိုပဲ
ယောကျာ်းလေးတွေလိုကြည့်ပြီးစိတ်ကူယဉ်တာမပါပါဘူး။
၆။မရိုက်နဲ့
မိန်းခလေးတစ်ယောက်ကိုရိုက်တဲ့ယောကျာ်းလောက်အောက်တန်းကျတာမရှိဘူး။သူ့ကိုတစ်ကယ်ချစ်ရင်အပြန်အလှန်လေးစားမူရှိသင့်တယ်။လက်မပါသင့်ဘူး။သူ့ကိုမချစ်တော့ရင်ကိုယ့်နှလုံးသားကိုပြန်ေ
မးကြည့်ပါ။သူ့ကိုပျော်အောင်ဆက်ထားနိုင်မလား။တကယ်လို့မထားနိုင်ရင်ဆုပ်ကိုင်မထားပါနဲ့။လက်လွှတ်လိုက်ပါ။သူလွတ်လပ်ပါစေ။
။နူးညံ့ပါ
မိန်းခလေးတစ်ယောက်ကဘယ်လောက်ပဲထက်မြက်နေပါစေယောကျာ်းတစ်ဦးရဲ့ဦးဆောင်ဆုံးဖြတ်မူကိုပိုအလေးထားကြတယ်။ဒါမှကိုယ့်အတွက်ဘေးကင်းလုံခြုံတယ်လိုထင်တတ်ကြတယ်။မိန်းမတွေပာာယောကျာ်းတွေရဲ့နူးညံ့သိမ်မွေ့တာကိုမလွန်ဆန်နိုင်ဘူး။တကယ်လို့မိန်းမတယောက်ရဲ့နူးညံ့သိမ်မွေမူကယောကျာ်းတစ်ယောက်ကိုရင်ဆိုင်ဖို့လက်နက်ဖြစ်ခဲ့တယ်ဆိုရင်ယောကျာ်းတစ်ယောက်ရဲ့နူးညံ့မူကမိန်းခလေးအတွက်အဏုမြူပဲဖြစ်တယ်။ဒါပေမဲ့မိန်းခလေးတွေမှာမွေးရာပါမိခင်စိတ်ရှိတာကြောင့်တခါတလေကိုယ့်ကိုကလေးလေးတစ်ယောက်လိုအစစအရာရာစိုးရိမ်စိတ်တွေပိုပြီးဗျစ်တောက်ဗျစ်တောက်လိုက်ပြောမယ်။အလိုလိုက်တတ်သလို၊ပိာုပာာမလုပ်နဲ့ဒီပာာမလုပ်နဲ့ဒီလိုလုပ်လို့လိုက်စွက်ဖက်မယ်။ဒါတွေကိုအပြစ်မမြင်ဗွေမယူ၊ဒေါသမထွက်ပဲနူးညံ့ပေးပါ။သူပာာမိခင်စိတ်ရှိတဲ့မိန်းမသားဖြစ်နေလို့ပါပဲ။
၈။မိသားစုပထမ

ယောကျာ်းတွေပာာအလုပ်ကိုတာဝန်ယူရတယ်။အလုပ်အတွက်စာရိတ္ထ္ထကောင်းရတယ်။အလုပ်ထဲမှာ
ပျော်ရွှင်အောင်နေတတ်ဖို့နဲ့အလုပ်ရဲ့ကျေးကျွန်မဖြစ်အောင်နေတတ်ရမယ်။အလုပ်လုပ်တာပာာမိသားစုပျော်ရွှင်ဖို့အတွက်၊မိသားစုစားဝတ်နေရေးအတွက်ဆိုရင်ကိုယ်ချစ်တဲ့သူနဲ့ကိုယ့်သားသမီးတွေပျော်ရွှင်ဖို့အတွက်ကိုယ်နဲ့အတူနေခွင့်အချိန်ကိုမကြာခဏပေးပါ။
၉။ယောက္ခမဆိုတာလည်းမိဘပဲ။
မိန်းမကိုတကယ်ချစ်ရင်သူ့မိဘတွေကိုလည်းချစ်ပါ။စိတ်ထဲမှာကိုယ့်မိဘလိုပဲထည့်ထားပါ။ယောက္ခမ

တွေကိုကိုယ့်မိဘအရင်းလိုသဘောထားနိုင်ရင်သူတို့ကလည်းကိုယ့်ကိုသားအရင်းလိုသဘောထားကြပါလိမ့်မယ်။လူတွေကအသက်အိုမင်းလာရင်ကလေးလေးနဲ့တူသွားတတ်သတဲ့။ဒါကြောင့်တနေ့တခြားအိုမင်းလာတဲ့ယောက္ခမ၊ မိဘတွေကိုကလေးတစ်ယောက်လိုသဘောထား ပြီးဂရုစိုက်ပါ။ပြုစုပါ။
 သူတို့ပျော်ရွှင်အောင်လုပ်ပေးပါ။ကိုယ်လဲတနေ့နေ့မှာအိုမင်းလာနိုင်တဲ့အတွက်ကြည့်မှန်တချပ်ကိုပြု

လုပ်နေသလိုပဲကိုယ့်သားသမီးတွေပါအတုယူနိုင်ဖို့လူအိုတွေကိုဘယ်လိုဂရုစိုက်လေးစားရမယ်ဆိုတာကိုသူတို့မြင်ပါစေ။ဒါမှနောင်တချိန်မှာကိုယ့်ကိုသူတို့ပြန်လေးစားပါလိမ့်မယ်။
၁၀။သစ္စာ၊ယုံကြည်ခြင်း၊ခွင့်လွှတ်ခြင်း၊နားလည်ခြင်း
လူနှစ်ယောက်ပေါင်းစပ်ဖို့ဒါတွေလိုအပ်ပါတယ်။ကိစ္စတိုင်းကိုဖွင့်ပြောတိုင်ပင်သင့်တယ်ဆိုပေမယ့်တခါတလေမတတ်သာတဲ့

အချိန်မှာမုသားကိုလည်းသုံးနိုင်ပါတယ်။ပြသာနာတခုခုရင်ဆိုင်ရပြီဆိုရင်မိန်းခလေးကိုအပြစ်မတင်ခင်ကိစ္စတစ်ခုရဲ့အတိမ်အနက်၊ကိုဝေဖန်ပိုင်းခြားတတ်ဖို့လိုပြီးရူထောင့်အဘက်
ဘက်ကနေအရင်ကြည့်ရူခံစားပေးပါ။မိန်းခလေးဘက်ကလည်းဝင်ရောက်ခံစားတတ်ဖို့လိုပါတယ်။
ကိုယ်ပာာသူ့ရဲ့အချစ်ဆုံးဖြစ်တဲ့အတွက်သူ့ကိုနားလည်ပေးပါ။အားပေးပါ။ခွင့်လွှတ်ပေးပါ။
အားလုံးပဲမှန်ကန်တဲ့နည်းလမ်းတွေနဲ့ချစ်တတ်ကြပါစေ။

အလွယ်ကူဆုံး ဝိတ်ချနည်းများ



ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဟာ အဓိက ကျလှပါတယ်။
ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ် အ လေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ် ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှု ပုံစံလို အပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေ ထိုင်မှုဖြစ်ဖို့လေ့ လာကြည့်ပါ။
ကောင်းမွန်သော နံနက်စာမနက်စာစားဖို့ပြောတာက လွယ်ပါ တယ်။ မစားမိတာက ပြဿနာပါ။ မနက် စာထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ တာကို စားသုံးပေး တာကြောင့်နောက် ထပ်တစ်နပ်စားသုံးဖို့ကို အရမ်းကြီး မစား မိအောင် အစားထိန်းသိမ်းမှု အကျင့်ကို ရစေတဲ့အပြင် သင့်ဦးနှောက် ကိုလည်း စွမ်းအင်ရရှိစေပါတယ်။ မနက်စာထဲမှာ အဆီထုတ် ထားတဲ့နို့ ရှစ်အောင်စနဲ့ သစ် သီးတချို့ကို ပါဝင်အောင် နေ့စဉ်မှီ ဝဲပေးတာကြောင့် သင့်ခန္ဓာကိုယ်အ တွက် ကောင်းမွန် တဲ့ အာဟာရ ကိုဖြစ်စေပါတယ်။
လေ့ကျင့်မှုတစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက် တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ၊ ကြိုးခုန် တာတွေ လိုလေ့ကျင့်မှုမျိုး ကိုပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်ကို တက်ကြွလန်း ဆန်းနေစေပါ တယ်။ ကိုယ်အလေးချိန် ကျချင်တာကြောင့် အချိန်ကြာ ကြာကြီး လေ့ကျင့် ခန်းတွေမ လုပ်ပါနဲ့။ လေ့ကျင့်ခန်း ကိုမိနစ် ၉၀ လောက်ပြုလုပ်ပေး ရင်လည်း အလွန်အကျွံဖြစ်သွားစေတာကြောင့် သင်ဟာခန္ဓာကိုယ် အလေးချိန် ကျအောင်လေ့ကျင့်ခန်းနဲ့ ချနေသူဆိုရင် လိုအပ်တဲ့ လေ့ကျင့် ချိန်ပမာဏကို သင့်ကျန်းမာရေး စံနှုန်းနဲ့တိုင်းတာဖို့ လေ့ကျင့်ရေးနည်းပြ ဆရာနဲ့တိုင်ပင်ပါ။
နည်းနည်းစားပါနေ့လယ်စာကို အဝစားထားလိုက်မယ် ဒါမှနောက်ထပ်ဗိုက်မဆာတော့မှာ လို့မတွေးပါနဲ့။ အစာကို နည်းနည်းနဲ့ မကြာခဏစားပေးတာဟာ ခန္ဓာကိုယ် လုပ်ဆောင်ချက်နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစားအစာနဲ့ မုန့်ပဲသရေစာတွေကို မျှတအောင်စားပေး တာကြောင့်ခန္ဓာကိုယ် တွင်းသကြားဓာတ် ကို ထိန်းချုပ်နိုင်ပါတယ်။
ကြွက်သားလေ့ကျင့်ခန်းလုပ်ပါကြွက်သားတွေသန်မာစေဖို့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုပါတယ်။ အလေးမလေ့ကျင့်ခန်းတွေကို ပုံမှန်ပြု လုပ်ပေးပါ။ အမေရိကန်မှ ဆီးချိုသွေးချို

ဆိုင်ရာလေ့လာသူတွေက တစ်ပတ်ကိုသုံး ကြိမ်အလေးမလေ့ကျင့်ခန်းပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်မှာ အင်ဆူလင်အ ဆင့် ကိုတိုးစေပြီး ခုခံအားလည်း တက်စေ တယ်လို့ဆိုပါတယ်။
ကယ်လိုရီကို လျှော့ပါခန္ဓာကိုယ်အလေးချိန်ချနေချိန်မှာ ကယ်လိုရီအနည်းဆုံးဖြစ်စေမယ့် အစားအစာတွေကို စားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စားနေကျ အစားအစာ တွေ ထဲက အရသာတူပြီး ကယ်လိုရီပါ ဝင်မှုနည်းတဲ့အစားအစာတွေကို အစား ထိုး စားသုံးပေးပါ။ ဟင်းရွက်တွေ ကို ကြော်စားမယ့် အစား ပြုပ် စားတာမျိုး၊ သုပ်စား တာမျိုးပြုလုပ်ပါ။
ပရိုတင်းလုံလောက်ပါစေခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုအ တွက်ပရိုတင်းဓာတ်လိုအပ်သလို၊ သင်က ကယ်လိုရီကို လျှော့စားနေတာဖြစ်တဲ့အ တွက်လည်း ပရိုတင်းဓာတ်ကို လုံ လောက်စွာစားသုံးပေးဖို့လိုအပ်ပါတယ်။ ပေါင် ၁၅၀ ရှိတဲ့အမျိုးသမီးတစ်ရောက် အတွက် တစ်နေ့ကို ပရိုတင်း ၅၅ ဂရမ်ရ ရှိဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ပရိုတင်း ဓာတ်ပါဝင်တဲ့အာဟာရ ၅-၆ အောင်စ လောက် တစ်နေ့ကို စားသုံးပေးသင့်ပါတယ်။
လေ့ကျင့်မှုအဆင့်မြှင့်တင်ပါလေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကိုတိုး ရတာမျိုးမဟုတ်ပါဘူး။ လေ့ကျင့်ခန်းပြု လုပ်ချိန် မိနစ် ၃၀ မှာ အရင်က သုံးမိုင် လောက်လမ်းလျှောက်နိုင်ခဲ့ တယ် ဆိုရင် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ မိနစ် ၃၀ မှာ လေးမိုင်၊ ငါးမိုင်လောက်ထိ တိုးလာ တာမျိုးကို လေ့ကျင့်ခန်း အဆင့်မြင့်လာ တယ်လို့ဆို ပါတယ် ။လေ့ကျင့်ခန်းပြုလုပ်လို့ ကုန်ဆုံးသွားတဲ့ချွေးတွေ အတွက်ရေအလုံအလောက်ပြန် လည်သောက်သုံးပြီးရေဓာတ် ခန်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးပါ။
အစာမဖြတ်ပါနဲ့ကိုယ်အလေးချိန်တက်မှာစိုးလို့ အစာလုံးဝမစားတော့ဘဲ ဖြတ်တောက် လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပုံ မှန်စားသင့်တဲ့ အာဟာရကိုတော့ စားသုံး ပေး ပါ။ ကိုယ်အလေးချိန်ကျစေတဲ့ ဆေး ဝါးတွေကို မသုံးဘဲ ကယ်လိုရီလျှော့ထား ပြီး

ကိုယ်အလေးချိန်ချချင်သူတွေအ တွက်အထူးပြုလုပ်ထားတဲ့ အစားအ စာ တွေကိုတော့ စားပေးလို့ရပါတယ်။
တက်ကြွစွာနေထိုင်ပါလုပ်ငန်းခွင်နဲ့ သင်နေထိုင်တဲ့ပတ် ဝန်းကျင်မှာ တက်ကြွတဲ့ဟန်ပန်နဲ့အတူ ပေါ့ပါးစွာနေထိုင်ပါ။ နေ့လယ်စာစားပြီး ချိန်မှာ ရုံးပတ်ဝန်းကျင်နားမျာ ခဏတာ လမ်းလျှောက်တာမျိုး၊ လှေကားသုံးပြီး တက်တာမျိုး၊ ဖုန်းရှိရာကို လမ်းလျှောက် ပြီး သွားပြောတာမျိုးတွေနဲ့ ကိုယ်လက် လှုပ်ရှားမှုရအောင်ယူပါ။ ထိုင်ခုံမှာ အ ထိုင်များနေပြီဆိုရင်လည်း အကြောဆန့် လေ့ကျင့်ခန်းလိုမျိုးတွေကို ပြုလုပ်လေ့ ကျင့်ပေးပါ။

by Health Articles

ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ



ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ
ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။ သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။
 ကြက်သွန်ဖြူ အကြောင်း သိနားလည်ပါ
ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။
 -အရင်ဆုံး အခွံခွာပါ
ကြက်သွန်ဖြူကို အခွံခွာပြီး အချိန် အနည်းငယ်ကြာမှ စားပါ။ ကြက်သွန်ဖြူက လေနဲ့ ထိတွေ့ပြီးမှ ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကို ပိုထွက်လာစေပါတယ်။
-ကြက်သွန်ဖြူကို လှီးဖြတ်ပြီး ၁၀ မိနစ်ခန့်ထားပါ
 ကြက်သွန်ဖြူကို လှီးဖြတ်ပြီးချိန်မှာ စဉ်းနှီတုံးပေါ်ကို ၁၀ မိနစ်လောက် ထားပေးပါ။ ကြက်သွန်ဖြူဟာ သွေးတိုးကို ကျစေတဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်




WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်
အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို
ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fiလှိုင်းများသည် DNAကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိ ဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်သည် အမျိုးသား တစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒို အဗန်ဒါနို ဦးဆောင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ အချက်အလက်တွေအရ WiFiကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုး မလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။
ယခင် သုတေသန ရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။

အိပ်ပျက်များခြင်း၏ နောက်ဆက်တွဲ



အိပ်ပျက်များခြင်း၏ နောက်ဆက်တွဲ
၁။ အဝလွန်လာနိုင်ခြင်း
အိပ်စက်ချိန် ပုံမမှန်တာကြောင့် သင်ရဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနေတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို မူမမှန် ဖြစ်စေပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေကို ပိုမို စားသုံးနိုင်ပါတယ်။ ၂- ၃ ရက်လောက် ဆက်တိုက် အိပ်ရေးပျက်ပါက အစာစားချင်တဲ့ ဂရီလင်(Ghrelin) ဟော်မုန်းကို များစေပြီး အစာစားချင်စိတ်ကို ဖိနှိပ်ပေးတဲ့ လက်ပ်တင် (Leptin) ကို နည်းစေတာကြောင့် ရေ
ှည်မှာ အဝလွန်လာနိုင်ပါတယ်။
၂။ ခုခံအား ကျဆင်းနိုင်ခြင်း
အိပ်ရေးဝဝ အိပ်စက်တာက သင့်ကို ခုခံအား မြှင့်တင်ပေးပါတယ်။ အိပ်ရေးပျက် များတာကြောင့် ခန္ဓာကိုယ် ခုခံအား ကျဆင်းစေပြီး တုပ်ကွေး အအေးမိ ရောဂါတွေကို ဖြစ်လွယ်စေပါတယ်။
၃။ သွေးတွင်း သကြားဓာတ် များခြင်း
အိပ်ရေးပျက် များတာကြောင့် ခန္ဓာကိုယ်က အင်ဆူလင် ခုခံမှု တိုးလာပါတယ်။ အင်ဆူလင်က ဆဲလ်တွေဆီကို သကြားဓာတ် ပို့ဆောင်ရာမှာ ကူညီပေးပါတယ်။ အိပ်ရေးပျက် များတဲ့အခါ အင်ဆူလင်ရဲ့ လုပ်ဆောင်မှုတွေ လျော့နည်းလာပြီး သွေးတွင်း သကြားဓာတ်တွေ များလာစေပါတယ်။
၎။ စိတ်ဖိစီးမှု များခြင်း
အိပ်မပျော်တာကြောင့် စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ ကော်တီဇော ဟော်မုန်းတွေ ထွက်လာစေပါတယ်။ ဒီဟော်မုန်းက သင့်ကို နှလုံးခုန် မြန်စေပြီး သွေးဖိအား တက်တာ၊ သွေးတွင်းသကြားဓာတ် တက်တာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ကော်တီဇောက သင့်ကို နိုးကြားနေစေတာကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
၅။ စွမ်းဆောင်ရည် ကျဆင်းခြင်း
ညစဉ်ရက်ဆက် အိပ်ရေးပျက်မှ မဟုတ်ပါဘူး။ တစ်ညတာ အိပ်ရေးပျက်ရင်တောင် နောက်တစ်နေ့မှာ စိတ်တွေ မကြည်မလင် ဖြစ်တတ်ပါတယ်။ ကြာရှည် အိပ်ရေးပျက်ရင်တော့ မောပန်းနွမ်းနယ်ကာ သင်ရဲ့ စွမ်းဆောင်ရည်တွေပါ ကျဆင်းလာနိုင်ပါတယ်။
၆။ အိုမင်းရင့်ရော်ခြင်း
အိပ်ရေးပျက်တာကြောင့် အရေပြားကို တင်းတင်းရင်းရင်းဖြစ်အောင် ကျားကန်ပေးထားတဲ့ ကော်လာဂျင်အမျှင်တွေ လျော့ပါး လာစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။
၇။ ကင်ဆာ ဖြစ်နိုင်ခြေ များခြင်း
သုတေသီတွေရဲ့ လေ့လာမှုတွေအရ ညစဉ် ခုနစ်နာရီထက် လျော့နည်းပြီး အိပ်စက်သူတွေက ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများတယ်ဆိုတာ တွေ့ရပါတယ်။

Thursday, August 2, 2012

အခြေခံဥပဒေနဲ့ ကိုင်ပေါက်ခြင်း

တရားဥပဒေစိုးမိုးရေး ဆိုတဲ့ စကားလုံးကို အခုတလော ဓာတ်ကျ နေသူတွေထဲမှာ ရွေးကောက်ပွဲ ကော်မရှင်လည်း ပါဝင်လာတာ ဒီကနေ့ တွေ့လိုက်ရပါတယ်။
ကော်မရှင်က ဒီကနေ့ သတင်းတပုဒ် ထုတ်ပြန်ရာမှာ နိုင်ငံအမည်ကို Myanmar လို့ ခေါ်ဖို့ လိုအပ်တယ်၊ ဒါမှ တရားဥပဒေ စိုးမိုးမယ်လို့ ဆိုထားပါတယ်။ ဒီလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်မိန့်ခွန်းတွေမှာ Burma လို့ပဲ ပြောပြော သွားတာဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် အလုပ် အရမ်းကြိုးစားပါလားလို့ ချီးကျူးခံရနိုင်သလို၊ Burma လို့ ဒေါ်အောင်ဆန်းစုကြည် ပြောနေတာ ကြာလှပြီဆိုတာ မသိဘူးလား၊ ဘယ်မှာသွား အိပ်ပျော်နေတာလဲ၊ ဘာကြောင့် အခုမှ ကန့်ကွက်ရတာလဲလို့ မေးခွန်းထုတ်ခံရဖွယ် ရှိပါတယ်။
Myanmar လို့ ခေါ်ဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ် လို့ ကော်မရှင်က ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးတွေကလည်း သူတို့ စိမ်ပြေနပြေ စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆိုတာကြီးနဲ့ ကိုင်ကိုင်ပေါက် ရတာကို အင်မတန် အရသာတွေ့ဟန် တူပါရဲ့။
အခြေခံဥပဒေ ဖတ်ဖူးသူတချို့ကလည်း “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” လို့ပဲ ပြဋ္ဌာန်းထားတာ မှန်တယ်၊ The Republic of the Union of Myanmar လို့ အင်္ဂလိပ် ဘာသာပြန်စာအုပ်မှာ ပြဋ္ဌာန်းထားတာလည်း မှန်တယ်၊ ဒါပေမယ့် အခန်း ၁၅ ဆိုတဲ့ နေရာမှာတော့ စကားလုံး တလုံးချင်းရဲ့အဓိပ္ပာယ်ကို “မြန်မာစာဖြင့် ရေးသား ထားချက်များ အပေါ်တွင်သာ အခြေပြုရမည်” လို့ ဆိုနေကြတယ်။
ဒီအတိုင်းဆိုရင်တော့ လွှတ်တော် အစည်းအဝေးတွေ မကြာခင် ပြန်အစပြုတဲ့အခါ အခြေခံဥပဒေထဲက အဲဒီအပိုဒ်ကို တိတိကျကျ ပြင်ဆင် ရေးသားဖို့ ဗိုလ်ချုပ်ကြီးတွေ ပြောဆိုကြတော့မယ့် ပုံပဲ။
နိုင်ငံအမည်ပြောင်းတာဟာ လူထု (သို့မဟုတ် လူထုကိုယ်စားလှယ်တွေ) နဲ့ တိုင်ပင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လက်ကိုင်ပြုထားတာ အစိုးရမင်းများလည်း သိမှာပါ။
၁၉၈၉ ခုနှစ်ကစပြီး နိုင်ငံအမည်ကို Myanmar လို့ ပြောင်းလဲခဲ့သူတွေဟာ နေရာတကာ ၀င်ပါပြီး လူတတ်ကြီးလုပ်လေ့ရှိတဲ့ စစ်ဗိုလ်ကြီးတွေပါပဲ။ မြန်မာ နဲ့ ဗမာ၊ Myanmar နဲ့ Burma ဆိုတဲ့ ဝေါဟာရတွေကို မြန်မာပြည်မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုံတာမျိုး မရှိခဲ့ဘဲ စစ်ဗိုလ်ကြီးတွေ သတ်မှတ်ပေးသလိုပဲ ပြောဆိုသုံးနှုန်းခဲ့ရတာ ကြာပါပြီ။
သူတို့ ပြောင်းထားတဲ့ နာမည်၊ သူတို့ သေနတ်နဲ့ချိန်ပြီးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဆိုတော့ ဒီလို ကာကွယ်ပြောဆို ရေးသားနေတာဟာ သဘာဝ ခပ်ကျကျပါပဲ။
ဟိုတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားပြောဆိုမှုတွေကို ကဏ္ဍကောစ လုပ်တာဟာ အစိုးရသတင်းစာတွေရဲ့ ဂျူတီပေါ့၊ အခု ဒီသတင်းစာများက ဒေါ်အောင်ဆန်းစုကြည်ကို မဝေဖန်တော့ဘူး ဆိုတော့ ဒီတာဝန်ကို ရွေးကောက်ပွဲ ကော်မရှင်ကပဲ ယူတော့မယ့် သဘောများလား၊ ဒီလိုလည်း မဟုတ်လောက်ပါဘူးလို့ ထင်ရတာပါပဲ။
ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ဖတ်ပြီး စဉ်းစားမိတာတွေ ရေးလိုက်တာပါ။ အလုပ်မရှိ အဝှာ သန်းရှာတယ်ပဲ ဆိုဆို ပေါ့လေ။ ဝေါဟာရ ပိုင်းဆိုင်ရာ ငြင်းခုန်လိုပေမယ့် ဒီလိုငြင်းခုန်ခွင့် ရှိမရှိ အခြေခံဥပဒေကို ဖင်ပြန်ခေါင်းပြန်၊ အထပ်ထပ်အခါခါ မွှေနှောက်ပြီး ပြန်လည်ဖတ်ရှု လိုက်ပါဦးမယ်။

အံ့မခန်း ဖြစ်လာသော မြန်မာပြည်

ကမ္ဘာမှာ အိုင်တီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာပြည်ကလည်း နောက်ကချန်မနေဘဲ အမီလိုက်နေတာကို တွေ့နေရပါတယ်။
အရင်ကဆို မြန်မာတွေဟာ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ ဘတ်စ်ကားပေါ်နဲ့ ငါးစိမ်းတန်းလို နေရာတွေမှာပဲ အော်ဟစ်ဆဲဆို ရန်ဖြစ်ကြပေမယ့် အခုဆိုရင် အဆင့်မြင့်မြင့် အင်တာနက်ပေါ်ကနေ ဆဲကြ၊ ရန်ဖြစ်ကြတာကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရပါပြီ။
ဒီလို ဆဲရာ၊ ရန်ဖြစ်ရာမှာလည်း အရင်လို တရပ်ကွက်လောက် ကြားရုံ ဟိုဘက်အိမ်ကနေ ဒီဘက်အိမ်၊ ဟိုဘက်လမ်းကနေ ဒီဘက်လမ်းနဲ့တင် ဖြစ်ကြတာ မဟုတ်တော့ဘဲ မြန်မာပြည်ကနေ အမေရိကန်၊ အင်္ဂလန်ကနေ စင်ကာပူ၊ မလေးရှားကနေ တောင်အာဖရိက၊ ထိုင်းနိုင်ငံကနေ ရုရှား စသည်ဖြင့် နိုင်ငံတကာလှည့်လည် ရန်ဖြစ်နေတာကို တွေ့ရတဲ့အတွက် ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဂုဏ်ယူမယ်ဆို ဂုဏ်ယူလို့ရတဲ့ အနေအထား တရပ်ဖြစ်နေပါတယ်။ ဒါဟာ ဖြစ်ပေါ်တိုးတက်လာတဲ့ နည်းပညာကို မြန်မာတွေလည်း အကျိုးရှိရှိ ပါဝင်အသုံးချနေကြတယ်လို့ ဆိုရမှာပါ။
အင်တာနက် လူမှုကွန်ရက်တွေနဲ့ အိုင်တီနည်းပညာတွေကို မြန်မာတွေ အကျိုးရှိရှိ အသုံးချရာမှာ နည်းပညာ ဖြန့်ဝေမှုတွေကိုလည်း သူ့ထက်ငါ ပြုလုပ်လာတာ တွေ့ရပါတယ်။ အဲဒီလို ဖြန့်ဝေတဲ့အတွက် နိုင်ငံတကာမှာ ဘယ်သူမှ မသုံးသေးတဲ့ ဆဲနည်းတွေဟာ ကျမ်းတစောင် ပြုစုနိုင်လောက်တဲ့အထိ ကမ္ဘာနဲ့အဝန်း ပြန့်နှံ့နေပါပြီ။ ဒီလို အမျိုးမျိုးအဖုံဖုံ ဆဲနေကြတာကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူတွေဟာ စိတ်ခံစားမှု အားကောင်းတယ်လို့ ကြံဖန်ဂုဏ်ယူလို့ရပါတယ်။ တချို့နိုင်ငံတွေဆို ခံစားမှုတွေမရှိတော့ဘဲ စက်ရုပ်ဆန်လာတဲ့အတွက် စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက သုံးသပ်ကြတာကိုး။
ဆွေးနွေးပွဲကြီးတွေ၊ ဖိုရမ်ကြီးတွေ၊ ဒီဘိတ်တွေဟာလည်း လူမှုဆက်သွယ်ရေး ကွန်ရက်တွေမှာ နင်ပဲငဆ အပြိုင်အဆိုင် ကျင်းပနေကြတာ အားရစရာ ကောင်းလှပါတယ်။
ဆက်ရရင် တိုးတက်လာတဲ့ နည်းပညာကို၊ လူမှုဆက်သွယ်ရေး ကွန်ရက်တွေကို အကျိုးရှိရှိ အသုံးချရာမှာ ကမ္ဘာမှာ မြန်မာဟေ့လို့ လက်သီးလက်မောင်းတန်း ကြွေးကြော်နိုင်တဲ့အထိကို တိုးတက်လာတာဟာ ဝမ်းမြောက်ဖွယ်လို့ ပြောလို့ ရနေပါတယ်။
ဥပမာအားဖြင့် လူမှုကွန်ရက်တခုမှာ သင်ဟာ “ခေါင်းကိုက်တယ်” လို့ တင်လိုက်တာနဲ့ အားလုံးဝိုင်းပြီး ဘာဆေးသောက်လို့ ညွှန်းကြပါလိမ့်မယ်။ “ဗိုက်ဆာလိုက်တာ” လို့ ရေးလိုက်ပြန်ရင်လည်း ချက်ချင်း စားသောက်ဖွယ်ရာ ဓာတ်ပုံတွေ သင့်ရှေ့ကို ရောက်လာပါလိမ့်မယ်။ “စိတ်ညစ်လိုက်တာ” လို့များ ပြောလိုက်လို့ကတော့ အားလုံး ဝိုင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်သွားတဲ့အထိ ပြောကြဆိုကြ၊ ဝေဖန်ကြ၊ ဖျောင်းဖြကြပါလိမ့်မယ်။
ဒါတင်ပဲလား ဆိုတော့ မကပါဘူး။ “ဘာဟင်းကို ဘယ်လိုချက်ရလဲဟင်” လို့ တခွန်းလောက် မေးလိုက်တာနဲ့ ဗားရှင်း အမျိုးမျိုးသော ချက်နည်းပြုတ်နည်းတွေဟာ သင့်ရှေ့ကို စက္ကန့်မဆိုင်းဘဲ ရောက်လာပါလိမ့်မယ်။
အခုဆို ရခိုင်ပြည်နယ် ပဋိပက္ခလို အရေးအခင်းတွေ ပေါ်လာတော့လည်း မနုဿဗေဒပညာရှင်တွေ၊ နိုင်ငံရေးဂုရုတွေ လက်မှိုင်ချရလောက်အောင် ဆွေးနွေးငြင်းခုန်၊ ရန်ဖြစ်၊ မနိုင်ရင် အုပ်စုဖွဲ့ပြီး ချနေတာကတော့ စစ်ပွဲတပွဲအလား အောက်မေ့ရပါတယ်။
အဲဒီလို စက္ကန့်နဲ့အမျှ နည်းပညာကို ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး မြန်မာပြည်သူတွေ အသုံးချနေ ကြတဲ့အချိန်မှာ နိုင်ငံတော်ကလည်း အားကျမခံ နည်းပညာအသစ်တွေကို ခေတ်မီအိုင်တီ ကွန်ရက်တွေ အသုံးမပြုနိုင်တဲ့ ပြည်သူပြည်သားတွေအတွက် ဖြန့်ဝေပေးနေတာ ကျေနပ်စရာ တွေ့နေရပါတယ်။ မြန်မာပြည်သူပြည်သားတိုင်း အင်တာနက် မသုံးနိုင်သေးပေမယ့် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ သတင်းစာတော့ ဖတ်ကြတယ်လို့ အတည်မပြုနိုင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းများအရ သိထားရပေတာကိုး။
လတ်တလောမှာပဲ နည်းပေးလမ်းညွှန်ချက် နှစ်ရပ်ကို နိုင်ငံတော်က စေတနာနဲ့ လျှို့ဝှက်မှုမရှိဘဲ အံ့မခန်း ပြောပြလိုက်တာ အင်တာနက်ထက် ထိရောက်တဲ့ သတင်းစာတွေထဲမှာ တွေ့ကြရမှာပါ။
အဲဒီ နည်းပညာတွေဟာ အရမ်းအရမ်းကို ခေတ်မီပြောင်မြောက်လွန်းတဲ့အတွက် အင်တာနက် အသုံးပြုသူတွေကလည်း မနေနိုင်ကြပါဘူး။ သူတို့ကနေတဆင့် ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့အောင် ဖြန့်ဝေလိုက်ကြပါပြီ။ အိမ်နီးချင်းနိုင်ငံတွေရော ကမ္ဘာ့နိုင်ငံ အရပ်ရပ်ကပါ ချီးကျူး အတုယူရလောက်တဲ့ ဒီနည်းပညာတွေကို ဖော်ပြချင်ပါတယ်။
ပထမတခုကတော့ လက်ကိုင်ဖုန်းကို အကျိုးရှိရှိ အသုံးချနည်းဖြစ်ပါတယ်။ ဒီနည်းဟာ ကမ္ဘာမှာ ဘယ်သူမှ မသုံးသေးတဲ့ နည်းဖြစ်ပါတယ်။ လက်ကိုင်ဖုန်း အသုံးပြုသူတွေ အနေနဲ့ စာအုပ်၊ ဘောလ်ပင်ဆောင်ထားပြီး လူတကာဆီကနေ ဖုန်းနံပါတ် လိုက်တောင်းရမယ်၊ ဖုန်းကို ကြွားဖို့အတွက် ကိုင်ရုံ ကိုင်မထားဘဲ များများဆက်ရမယ် ဆိုတာကို သတင်းစာကတဆင့် ပြည်သူတွေကို အသိပညာ ဖြန့်ဝေပေးလိုက်တာပါ။ အဲဒီ လမ်းညွှန်မှုကို စင်ကာပူအစိုးရက တွေ့သွားပြီး ဖုန်းသိပ်မဆက်ဘဲ SMS တွေပဲ ပို့ပို့နေတတ်တဲ့ သူတို့နိုင်ငံသားတွေကို လွှတ်တော်ကဆင့် ဖုန်းများများဆက်ကြဖို့၊ မြန်မာနိုင်ငံကို အတုယူဖို့ ပြောကြားလာဖွယ်ရှိကြောင်း ပညာရှင်တွေက သုံးသပ်နေကြပါတယ်။
နောက်တခုက ပိုအရေးကြီးပါတယ်။ အာဆီယံနိုင်ငံတွေနဲ့တကွ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတုယူရမယ့် ကိစ္စပါ။ အဲဒါကတော့ ကမ္ဘာနဲ့အဝန်း ပညာရှင်တွေ သိပ်ကို သိချင်နေကြတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး လျှို့ဝှက်ချက်ကြီး ဖြစ်ပါတယ်။ ဘယ်သူမှ မသိသေးတဲ့နည်းကို နိုင်ငံပိုင် သတင်းစာတွေကတဆင့် ဖော်ထုတ်ပေးလိုက်တဲ့အတွက် နောက်တကြိမ်ကျင်းပမယ့် ကမ္ဘာ့ အီကိုနောမစ် ဖိုရမ်က မြန်မာသမ္မတကို ဖိတ်ကြားပြီး စာတမ်းဖတ်ခိုင်းဖို့ အစီအစဉ်ရှိနေပါတယ်။ မကြာသေးခင်က ထိုင်းနိုင်ငံမှာ ကျင်းပသွားတဲ့ အီကိုနောမစ် ဖိုရမ်က ဒီနည်းပညာကို မမီလိုက်တဲ့အတွက် ပညာရှင်တွေ တောက် တခေါက်ခေါက် ဖြစ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းရပ်ကွက်က ကြားသိရပါတယ်။
နောက်တကြိမ်ကျင်းပမယ့် အီကိုနောမစ် ဖိုရမ်မှာ မြန်မာပညာရှင်တွေအစား သမ္မတကြီး ဖတ်ကြားမယ့် စာတမ်းခေါင်းစဉ်ကတော့ “ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အောင်ဘာလေထီ များများ ထိုးကြစို့” လို့ အမည်ရပါတယ်။
သမ္မတကြီး မဖတ်ကြားခင်မှာ ဒီစာတမ်းဟာ မြန်မာအင်တာနက် သုံးစွဲသူများ ကျေးဇူးကြောင့် ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့သွားပါပြီ။
နိုင်ငံတော်အစိုးရရဲ့ စေတနာနဲ့ နောက်ထပ် ဖြန့်ဝေမယ့် နည်းပညာသစ်တခုကတော့ “မီးမလာရင် ဖရောင်းတိုင်ထွန်းပါ” ဆိုတဲ့ နည်းပညာဖြစ်သင့်ပေမယ့် ဒီနည်းပညာကို သမ္မတ အကြံပေးတယောက်က သတင်းစာထက် ဦးအောင် ပြောပြီးသားမို့ သတင်းစာကနေ အကျယ်တဝင့် မဖော်ပြတော့ဘူးလို့ သိရပါတယ်။
(Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)

မျှော်သာမျှော်သည် မယုံကြည် …

ပြောပြန်ရင်လည်း အောင်မင်းတို့ လွန်ရာကျဦးမယ် … အဲ ဝန်မင်းရေ … ဆောရီးဗျာ … ဆောရီး … သူ့ဘာသာ တထိန်းထိန်း နဲ့ ငြိမ်းချမ်းရေး ဆင်နွှဲနေတဲ့ ရထားဝန်ကြီးကို ရွဲ့ချင်တဲ့ စိတ်နဲ့ ရေးတာမဟုတ်ပါဘူး။ ဘယ့်နှယ် မြန်မာစကားထဲ အောင်မင်း ဆိုတာကြီးက ပါလာသလဲ ဆိုတာ ကိုတာတေလည်း လင်ဂွစ်စတစ် သုတေသီ မဟုတ်လေတော့ ပြောတတ်ဘူးဗျား။ ကဲ … ကိုတာတေကနေ ကိုလျှာရှည် ဖြစ်တော့မယ်။ တော်ကြာ လွှတ်တော်ထဲ ဆဒ္ဒန်ဆင်မင်းဇာတ် ခင်းတဲ့ ဝန်မင်းကြီးလို အားလုံးက ဝိုင်းသမတာ ခံနေရမှဖြင့်။
အဟုတ်ကို … ပြောပြန်ရင်လည်း ကိုတာတေတို့ လွန်ရာကျဦးမယ်။ ကြည့်လေ … ဇွန်လ တလလုံး မိုးအေးအေးနဲ့ ကွေးမလား ဆို ရင်ထဲမှာ လှပ်လှပ်လှပ်လှပ်နဲ့ ကွေးလို့မရ၊ ထိုင်လို့မရ … ဆရာမကြီး ကြည်အေး ကဗျာလေး ငှားရွတ်ရရင် အိပ်ရာ တွေလည်း ကြေမွတွန့်လိပ် သိပ်စိတ်ညစ်တယ် … ပေါ့ … ဆရာမကြီးကတော့ တကယ်ညစ်မညစ် မသိဘူး၊ ကိုတာတေကတော့ ပျော်တာကို သူများ အမြင်ကတ်မစိုးလို့ ဟန်လုပ်ပြီး ညစ်ချင်ယောင် ဆောင်တာပါ။
မဒမ်တေက ကိုတာတေ့ မချိုမချဉ်မျက်နှာကို ကြည့်ပြီး “တော့်ငယ်ရည်းစားနဲ့ facebook ပေါ်မှာ ပြန်တွေ့ရလို့ ကြည်နူးနေတာ မဟုတ်လား” ဆိုတဲ့ မသင်္ကာမျက်လုံးတွေနဲ့ ရန်ရှာလို့ မနည်းကို ရှင်းပြထားရတာ။ “မဟုတ်ရပါဘူးကွယ် … ယူရို ၂၀၁၂ မှာ စပိန် ဖလားရသွားလို့ပါ” ဆိုပြီး သူနားမလည်တဲ့ ဘောလုံး ဝေါဟာရတွေနဲ့ ကြိတ်မှ ငြိမ်သွားတော့တာ။ ဒါတောင်မှ “ဒါဆို တော် ဘောပွဲနိုင်တယ် မဟုတ်လား၊ ပေး နိုင်တဲ့ ပိုက်ဆံ” ဆိုလို့ ခွကျရသေးတယ်။ စဉ်းစားကြည့်လေ ကိုတာတေက မီဒီယာသမားပါဆို ဘယ်နှယ့် ဘောပွဲလောင်းတတ်မှာတုန်း။ မသကာ ဘောဒိုင်ကိုင်တယ်ဆို တော်သေး။
တကယ်တော့ ဟုတ်သလေ … ဇွန်လကုန်ကစလို့ ကိုတာတေ့တသက် တရုတ်သိုင်းဝတ္ထု အတွဲ ၄၀ စာလောက် ခုတ်နေ ထစ်နေခဲ့တဲ့ စာပေစိစစ်ရေး ဆိုသဟာကြီး ပင်စင်ယူတော့မယ် ဆိုတာကိုး။ မပျော်ရှိမလား။ ကိုတာတေက ဒီမီဒီယာ ဆိုတဲ့ ဟာလေးနဲ့ပဲ လုပ်စားတတ်တဲ့ဟာ။ တချို့ တချို့တွေလို NGO လည်း လုပ်မစားတတ်ဘူးလေ။
အဲ … ပြောရင်းကကို ချော်တောငေါ့ပြန်ပြီ။ အဲသလို ဇွန်တလလုံး ကိုတာတေတို့ မီဒီယာသမားတွေ လည်ပင်း သစ်ကုလားအုပ် ဖြစ်ခဲ့ကြရတာကိုမှ မထောက် … ၊ တကယ်ဆိုရင်တော့ ကုန်းသတ္တဝါထဲမှာ အကြီးဆုံးသော သတ္တဝါကြီးရဲ့ တစုံတရာကို ဝုတ်ဝုတ်လို့ ဟောင်တဲ့အကောင် ခပ်ငယ်ငယ် တကောင်က မျှော်ခဲ့ရတာကိုမှ မထောက် ဆိုပြီး ရေးချင်တာ၊ ကိုတာတေတို့ အယ်ချုပ်ကြီးက ရိုင်းတယ်ဆိုပြီး ငေါက်မစိုးလို့ ရေးတော့ပါဘူး။
ဒီတော့ ကိုတာတေတို့ ဘဝများမှာ မျှော်သာမျှော်သည် မယုံကြည် … ရင်မှာ ဝေဒနာ ပွင့်ခက်အဝါအနီ ဆိုတဲ့ သီချင်းပဲ ညည်းရတော့မယ် ထင်ပါရဲ့။ ရင်မှာ ဝေဒနာကတော့ ပွင့်ခက် အဝါအနီတင်မကဘူး အစိမ်းတွေကော၊ အပြာတွေကော၊ လိမ္မော်၊ ခရမ်း သက်တံရောင်စုံ ကွန့်မြူးနေပြီ … သြော် ဝန်ကြီးရယ် … လုပ်ရက်တယ်။ ဝန်ကြီးတင်မကဘူး ပြန်ကြားရေး တဌာနလုံး လုပ်ရက်တယ်လို့ပဲ ပြောရတော့မှာပဲ။ အေးလေ … ခမျာများမလဲ အိမ်နီးချင်း နိုင်ငံတွေကော၊ ဥရောပတွေကော သူများနိုင်ငံတွေမှာ ဘယ့်နှယ် ခုတ်သလဲဆိုတာ လိုက်လေ့လာနေရတဲ့အတွက် ပေးထားတဲ့ ကတိ မတည်နိုင်သေးတာ ထင်ပါရဲ့လို့ အခုတလော မြန်မာပြည်မှာ ခေတ်စားနေတဲ့ အကောင်းမြင်သမား စတိုင်ဖမ်းပြီး ကိုတာတေ မြင်ကြည့်ချင်ပါတယ်။
သို့သော် …
ဒီသို့သော်က တော်တော့်ကို ခွကျတဲ့ သို့သော်ပဲ။ ကိုတာတေက ဘယ်လိုပဲ အကောင်းမြင်ချင်မြင်ချင် … ရှာကြံမြင်ချင်သော် ငြားလည်း အဲဒီအကောင်းဆိုတာကို ရှာမတွေ့တာ ခက်တယ်။
ကြည့်လိုက်လေ … သမ္မတကြီးကစလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးအလယ် … မိမိတို့ အဆုံး … အဲ အစိုးရမင်းတွေ လွှင့်တဲ့ မိန့်ခွန်းတွေ နားထောင်ရတာများလို့ ယောင်သွားတာပါ၊ ပြောချင်တာက ပြည်သူတွေ အဆုံး … တတိုင်းလုံး တပြည်လုံး ပြုပြင်ပြောင်းလဲရေး ဆိုတဲ့စကားကို တွင်တွင်ကြီး အသုံးပြုနေတဲ့အချိန်မှာ ဒီ ပြန်ကြာရေး တဌာနတည်း ဘယ့်နှယ် နှာစေးနေရသတုန်း။ ဇွန်လထဲမှာ မိုးမိတာ များသွားလို့လား၊ ဒါမှမဟုတ် ဥရောပရာသီဥတု ပြင်းပြင်းဒဏ် ခံလိုက်ရလို့လား၊ ဒါမှဟုတ် တချို့တချို့သော အရှေ့အာရှတွင်းမှာ လည်ကြတဲ့ ပြန်ကြားရေးမင်းတွေ ခမျာ ညလုံးပေါက် ကာရာအိုကေ ဆိုခဲ့ကြရလို့လား … အဲလေ နှာစေးရောဂါနဲ့တော့ မှားကုန်ပြီ။
ဒီလိုဆိုပြန်တော့ ကိုတာတေက တဘက်သက်ကြီး ပြောသလို ဖြစ်နေပါဦးမယ်။ သူတို့ ခမျာများမှာလည်း ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ ရေစီးထဲ စတိတော့ ဝင်မျောကြရှာပါတယ်။ ဘယ်သူမှ သေသေချာချာ မသိလိုက်တဲ့ သတင်းစာ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ်ပွဲဆိုလား တလောက ကျင်းပသွားတာ။ နောက်တခုသော ပြုပြင်ပြောင်းလဲရေးကလည်း ထူးဆန်းပါပေ့၊ မီဒီယာ သမား တွေကို ခေါ်သတိပေးတဲ့သူက ပြန်ကြားရေးဝန်မင်း မဟုတ်ဘဲ ရန်ကုန်တိုင်း ဒေသကြီး ဝန်ချုပ်တဲ့ဗျား၊ ပြောင်းတော့ ပြောင်းကြရှာသား။ အမယ် ညွှန်ချုပ်မင်းကြီး တပါးဆို မြန်မာပြည်တွင်းမှာ ပြောနေကျ စကားတွေ ဥရောပနိုင်ငံတခုကို ပြောင်းပြီး သွားပြောလို့ facebook ပေါ်မှာ ပါးစပ်သေနတ်၊ အဲ လက်သေနတ်တွေနဲ့ တရစပ် အပစ်ခံလိုက်ရပါရောလား။ ဒီတော့လည်း ပြန်ကြားရေးဌာန ပြုပြင်ပြောင်းလဲရေး စိတ်မဝင်စားဘူးလို့ ပြောရမှာ ခက်လှချည်ရဲ့။
သြော် … ခုတော့ ကိုတာတေတို့ဘဝ ဒုံရင်းက ဒုံရင်းပဲ … ဇွန်တလလုံး ပျော်နေခဲ့တဲ့သူက ဇူလိုင်လထဲကို ၂ ရက်ကနေ ၃ ရက် ဝင်တဲ့ထိ ဘာမှ ဖြစ်မလာတော့ မှိုင်ပြီပေါ့။ ဒီတော့လည်း မနေရပါဘူး။ မဒမ်တေက ရောက်လာပြန်တယ်။ “ဘာလဲ ကိုတာတေ … တော့်ကို facebook ထဲက ကောင်မလေးတွေက unfriend လုပ်လိုက်လို့လား” တဲ့။ ဒီမိန်းမနှယ် အိုင်တီခေတ်ထဲ ယောင်တောင်တောင် ဖြစ်လာတဲ့ မီဒီယာသမားရဲ့ မိန်းမ မပြောရဘူး တခုခုဆို ဒီ facebook နဲ့ပဲ ကိုင်ပေါက် နေတော့တာပဲ။ “စိစစ်ရေး မဖြုတ်သေးလို့ဟေ့” လို့ ဘုမှုတ်တော့လည်း သူက မယုံပြန်ဘူး … တဟားဟားရယ်ရင်း တော် စိတ်ကူးယဉ်မနေနဲ့ … တဲ့။ အင်းလေ ဟုတ်တော့လည်း ဟုတ်တာပဲ … ကိုတာတေတို့ မီဒီယာသမားတွေ စာပေစိစစ်ရေးနဲ့ နပန်းလုံး လာတာ တသက်လုံးပဲကို။ ခုမှ ဒင်းမဖြုတ်သေးလို့ ဆိုတဲ့စကားက ယုတ္တိမှ မရှိတာ၊ မဒမ်တေကလည်း ခေသူမှ မဟုတ်ပေဘဲ။
“လာရွှီးမနေနဲ့ … စာပေစိစစ်ရေးဆိုတာ ဘယ်တုန်းက ဖြုတ်ဘူးလို့လဲ၊ ရှင်ဖိန့်ဖိန့်တုန်အောင် ကြောက်တဲ့ ကျမအမေ ရှင့်ယောက္ခမကြီးသာ သေရာက ပြန်ရှင်ချင် ရှင်လာမယ် … အိပ်မက် မက်မနေနဲ့ … ကျမဟင်းချက်မလို့၊ ရှင် ကလေးထိန်း” ဆိုပြီး နှပ်တွဲလောင်းနဲ့ ဂျူနီယာတေကို လက်ထဲထည့်ရင်း တရစပ်ပြောသွားလေရဲ့။ အင်း သမ္မတကြီးကမှ လွတ်ငြိမ်းချမ်းသာခွင့်ကို နည်းနည်းချင်း၊ နည်းနည်းချင်း ပေးဖော်ရသေးတယ် … မဒမ်တေကတော့ ဘယ်လို အယူခံကိုမှ လက်ခံမယ့်ပုံမရဘူး။
ဒီတော့ ဘယ်ရမလဲ … ကိုတာတေတို့ကလည်း ခေသူမှ မဟုတ်ပေဘဲ။ မိန်းမက ကလေးထိန်းဆို … ထိန်းပြီးသား …၊ ငါးပိဟေ့ဆို ကျိုပြီးသား … အဲဒီလို မီးသေချက် ဆိုတော့ ဂျူနီယာတေကို သူ့ကစားစရာတွေ အလယ်မှာ ချထားရင်း ပိုက်ဆံမကုန်တဲ့ အတွေးကို ဆက်နယ်ချဲ့နေလိုက်တယ်။
စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေ ပေါ်လာပါပကောလား။ ဟေမာနေဝင်းသီချင်း မဟုတ်ရပါဘူး။ တကယ်ပါ … အခုများတော့ သူတို့ ပြန်ကြားရေးက ဟိုဂျာနယ်ကို တရားစွဲလိုက်၊ ဒီဂျာနယ်ကို ယာယီနားလိုက်၊ ဒီစာအုပ်တိုက်ကို ခဏ ပိတ်လိုက်နဲ့ … မင်းသား ခေါင်းဆောင်း ချွတ်ပြ နေကြတာ … ကြည့်ပါဦး။ အစကတော့ ကိုတာတေက တကယ့် ဆင်ဖြူတော်ထင်မိတာ၊ လတ်စသတ်တော့ ခရုသင်းစွဲနေတဲ့ ဆင်မည်းကြီးကိုး။ ကိုတာတေတို့သာ ပုံလာလာပြောတိုင်း ယုံမိနေတာပ။
ဘာတဲ့ ဆူပူလှုံ့ဆော်မှုကို ဖြစ်စေတဲ့ အရေးအသားတွေ၊ ပုံတွေ ကြောင့်ဆိုလား …။ တလောက အယ်ဒီတာမင်းကြီး တပါး တရားစွဲ ခံလိုက်ရ ပါရောလား။ ကိုတာတေ စဉ်းစားမိတယ်။ ဒီအယ်ဒီတာ မင်းကြီးနှယ် တရားရုံးမှာ မေးခွန်းလေး ဘာလေး မထုတ်ဘူးလား … လို့။ ကိုတာတေတော့ မေးကြည့်ချင်တယ်။ သူတို့ ပြန်ကြားရေးက ထုတ်တဲ့ သတင်းစာထဲ ခေါင်းမည်းမည်း ကြီးနဲ့ ရေးထည့်လိုက်လို့ လောင်နေတဲ့မီးခဲ ယပ်ခပ်သလို ဖြစ်ခဲ့ရတာကိုတော့ ဘယ်သူမှ တရားမစွဲကြဘူးလား ဆိုတဲ့ မေးခွန်းပါ။ တကယ်မေးရဲလို့တော့ မဟုတ်ဘူးလေ။ စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေ ပေါ်လာတာပါ ဆိုမှ။
ဟုတ်တော့လည်း ဟုတ်သား … သတင်းစာ နှစ်ပတ်ပိတ်တို့ … သတင်းစာ ယာယီထုတ်ဝေခွင့် ရပ်ဆိုင်းတို့ ဆိုတဲ့ ဝေါဟာရတွေ မြန်မာ အဘိဓာန်ထဲမှာမှ မရှိပေဘဲ။ ပြီးတော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး ဆိုပေမယ့် တချို့သော ဝန်မင်းတွေကတော့ နောက်ဖေးပေါက်ကနေ မီးသတ်လှေခါးလေး ထောင်ပြီး ဘယ်သူမှ မသိအောင် တက်ချင်လည်း တက်ကြပေမပေါ့ …။ အဲဒီတော့ ဒင်းတို့က အလျင် ဥပဒေဆိုတာကြီးရဲ့ အထက်ကို ရောက်ချင် ရောက်နေကြ ပေမပေါ့လေ။
မျှော်ရင်းမျှော်ရင်း … ဝေဒနာ ရင်မှာ အပွင့်အခက် ရောင်စုံနဲ့ ဟတ်ကော့ကြီးတွေ ဖြစ်ကြရတာကတော့ ကိုတာတေတို့ မီဒီယာသမား တွေသာပ။

Wednesday, July 25, 2012

***.. လက်ကိုင်ဖုံးတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေပါ ..***

*** သူငယ်ချင်းတို့ရေမင်္ဂလာပါဗျာ...
ကွှန်တော်တို့မြန်မာနိုင်ငံက လူငယ်တော်တော်များများက လက်ကိုင်ဖုန်းတွေကို communication လုပ်ဖို့ဆိုတာထက် Fashion သဘောအဖြစ်ကိုင်ကြတာကပိုများတယ်ခင်ဗျ။ လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။
အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို ကျွန်တော် ဖတ်ဖူးတာစုပေါင်းပြီးပြန်လည်တင်ပြလိုက်ပါတယ်။
(၁) အရေးပေါ် အတွက် သုံးလို့ရတယ်ဗျ
keypad ကို locked လုပ်ထားရင်တောင် လက်ကိုင်ဖုန်းတွေဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(မြန်မာပြည်ပါ မပါတော့ အသေအချာ မသိဘူးနော်။ ကမ္ဘာ့ နေရာအတော့်များများမှာတော့ အိုကေပါတယ်)
(၂) ဖွက်ထားတဲ့ အပို ဘတ္ထရီ ရှိတယ်နော်
တော်တော်များများမသိသေးတဲ့အချက်ဖြစ်ပြီးတော့ အရမ်းလည်း အသုံးဝင်တဲ့အချက်ပါ။
ကိုယ့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးအခါမှာတော့ ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် ကိုယ့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့ဗျာ။
၃) ကားထဲမှာ သော့တွေ ကျန်ခဲ့ရင်လည်း သုံးလို့ရတယ်
ဒီဟာကတော့ အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ကားတွေအတွက် ပြောတာပါ တနေ့… အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သူငယ်ချင်းတို့ ဘာလုပ်မလဲ ?။
1. လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို လက်ကိုင်ဖုန်းကနေ ခေါ်လိုက်ပါ။
2. တဖက်က ပြန်ထူးနေရင် ကိုယ့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားလိုက်ပါဦး။
3. နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းကြည့်ပါ။
ကားတံခါး ပွင့်သွားပါလိမ့်မယ်။
စမ်းကြည့်ရတာ နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့  မလိုတော့ဘူးပေါ့။ အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ လက်ကိုင်ဖုန်းကြောင့်ပါပဲ။
(၄) လက်ကိုင်ဖုန်းသာအခိုးခံရရင်လည်း ဖျက်ပစ်လို့ရတယ်ဗျ
ကိုယ့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ ကိုယ့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ ကိုယ့်ဖုန်း ပျောက်သွားတဲ့တစ်နေ့၊ ဒါမှမဟုတ် သူခိုးလက်ပါသွားပြီး အဖျောင်ခံရတဲ့တစ်နေ့ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး ကိုယ့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။
တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ ကိုယ့်ဖုန်းရဲ့  ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူများတွေ မသိအောင် ကာကွယ် နိုင်သလို ကိုယ့်အယောင် ဆောင်ပြီး များကို ကိုယ့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် …………….. ကိုယ် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ ကိုယ့်Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး ကိုယ်ဟာ ဖုန်းနံပါတ်တွေကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ရင်တော့ ကိုယ့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ နို့ပေမယ့် ကိုယ့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်လို့တော့ မရနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။
(ဟဲဟဲ..တစ်ခုရှိတာက မြန်မာ့ဆက်သွယ်ရေး ကချက်ချင်းပိတ်ပေးမပေးတော့မသိဘူးပေါ့)
ဒါတွေကတော့ ဖုန်းတွေအားလုံးအတွက်ပေါ့။ နောက်ပြီးတော့ အမျိုးအစားအလိုက် ဖုန်းတွေအတွက် သီးသန့် ကုဒ်တွေရှိသေးတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ Nokia ဖုန်းတွေက အသုံးအများဆုံးဆိုတော့ကာ Nokia ဖုန်း Code တွေလည်း ပြန်ဖော်ပြလိုက်တယ်နော်။
( Sony Ericsson ဖုန်းတွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့  Code တွေကတော့ တစ်ခုနဲ့ တစ်ခု မတူပါဘူး။)
Nokia ဖုန်းဝယ်တော့မယ်ဆိုရင် လည်း ဒီ Code တွေစမ်းကြည့်နိုင်သလို ၀ယ်ပြီးတဲ့အခါလည်း ကိုယ့်ဖုန်း ဘယ်လိုဖြစ်နေမယ်ဆိုတာ Code ရိုက်ပြီး ကြည့်လို့ရပါတယ်။ဆိုင်တွေကလည်း ဖုန်းရောင်းတဲ့အခါ ဖုန်းမှာပါတဲ့ Code တွေကိုဖွင့်ပြပြီး ဖုန်းတွေဟာ ရေမရောကြောင်း (အဲလေ) စစ်စစ်ဖြစ်ကြောင်း ပြတတ်ပါတယ်။
ကဲ..ပြောနေတာကြာပါတယ်။ ဒီကုဒ်တွေက ဘာတွေလည်းဆိုတော့-
IMEI ( International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင် *#06# ကိုနှိပ်ပြီးကြည့်လို့ရတယ်။
နောက်ပြီး LCD display ကိုပိုပြီး ရှင်းရှင်းလင်းလင်းမြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ့်ပြီးကြည့်နိုင်ပါတယ်။
အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ဆော့ဖ်ဝဲ version ကိုကြည့်ချင်တယ်ဆိုရင် *#0000# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
Bluetooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *# 2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။
ဖုန်းရဲ့ ထုတ်လုပ်သည့်အချိန် ထုတ်လုပ်ခဲ့သည့် serial number နှင့် ဖုန်းကိုနောက်ဆုံး ဘယ်အချိန်မှာပြုပြင်ခဲ့သည်ဆိုသည့် အကြောင်းအရာနှင့် ဖုန်း life time ကို သိရှိလိုပါက *#9270 2689# ကို ရိုက်နှိပ်နိုင်ပါတယ်။
မှတ်သားထားသော ဖုန်းနံပါတ် များကို ဖျက်ချင်တယ်ဆိုရင်တော့ *#3925538# ကို နှိပ်ပြီးဖျက်နိုင် ပါတယ်။
series 60 ဖုန်းတွေအ တွက်ဆိုရင်တော့ *#7370925 538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ်နိုင်ပါတယ်။
ဒါပေမယ့် ဖုန်း ပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက် ရင် ဖုန်းပြန်ပွင့်သွားမှာပါ။
Nokia ဖုန်းတွေအတွက် Code တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့်ဗျာ.. တစ်ခုပြောချင်တာက ဖုန်းတွေအကြောင်းသိပ် မကျွမ်းသူတွေအနေနဲ့ ဒါတွေကို သိပ်ပြီး မကလိသင့်ပါဘူး။ ကိုယ်မသိတဲ့ Function တွေ ထဲလည်း ၀င်သွားနိုင်ပြီးတော့ အခန့်မသင့်ရင် ကွိုင်တက်ပြီး ဖုန်းဆေးခန်း ကိုပို့လိုက်ရပါလိမ့်မယ်။
ကဲ.. လောလောဆယ် ကျွန်တော်သိသလောက်ကတော့ ဒါပါပဲ ။ ထပ်ပြီးသိတာနဲ့ ထပ်ဖော်ပြပါ့မယ်။

ဒီမေးနဲ့အတူသင်နှင့်သင့်အပေါင်းအဖော်များအား
ကျွန်တော်မေတ္တာပို့သလိုက်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ…….။
...............................အားလုံးကိုလေးစားလျှက်...