အဖေ့လက်သုံးစကား
အသိလိမ္မာထုံ ပညာဂုဏ်နှင့်
ပြည့်စုံလိုငြား အဖေ့၏သား
လူတို့ထုံးစံ ကဲ့ရဲ့ဒဏ်ကို
ခံနိုင်ရည်ဇွဲ သတ္တိခဲများ
မွေး၍ထားလော့။ ။
ကဲ့ရဲ့ချီးမွမ်း ဤနှစ်လမ်းက
လူနမ်းနှုတ်ဖျား ရေပန်းစား၍
လောကီအစာတ် လူတို့နှုတ်မှာ
မဟုတ်လည်းပြော ဟုတ်လည်းပြော၏။ ။
အပေါယံကြော အပြောသန်သန်
မမှန်စိတ်ထား တရားမဲ့ကင်း
သူငယ်ချင်းကို ပေါင်းသင်းစိတ်စွဲ
မမှီဝဲနှင့် ရှောင်လွဲ၍သာ
နေထိုင်ပါလော့ ။ ။
စိတ်ခါးနှုတ်ချို မိန်းမပျိုကို
မေတ္တာယိုထွက် နှစ်သက်မိက
ဘ၀ညွှန့်တုံး အပူလုံးနှင့်
ယူကြုံးမရ သောကတွေဖြစ်
စိတ်ညစ်ရ၍ ကာမရောဂါ
ဝမ်းတွင်းနာကား ကုရာနတ္ထိ
ဆေးမရှိဘူး....။ ။
No comments:
Post a Comment