Thursday, February 28, 2013

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ကူဆုံး Root လုပ်နည်းနှင့် မြန်မာစာထည့်သွင်းနည်း


Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ကူဆုံး Root လုပ်နည်းနှင့် မြန်မာစာထည့်သွင်းနည်း



                       ကျွန်တော့်ဆိုဒ်မှာ Sony Xperia ဖုန်းအတွက် Root လုပ်နည်းမတင်ဖူးသေးလို့ တင်ပေး
လိုက်ပါတယ်ဗျာ။ ကိုအောင်လေးဆိုဒ်မှာတွေ့လို့ မူရင်းအတိုင်းဘဲ တင်ပေးလိုက်တာပါ။ အောက်မှာ
တော့အသေးစိတ်ကိုပုံနဲ့တကွရှင်းပြပေးထားပါတယ်ဗျာ။ မူရင်းရေးသားသူကတော့ နတ်သားလေး
လို့ဆိုထားပါတယ်။

(ကျွန်တော် phone က Sony Ericsson - XPERIA -Model- ST18i ပါ ။ root လုပ်တာနဲ့ font ထဲ့တာ တင်ပေးပါခင်ဗျာ။. )
ဆက်ဖတ်ရန်
ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။ 

အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။ ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။ ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်ထားပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့ ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ။ ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။ အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
  Android ဖုန်းနဲ့Tablet တွေအတွက် မြန်မာစာရိုက်ဖို့ “မြန်မာကီးဘုတ်” လေးပါ။ ဒီကီးဘုတ်လေးက ဇော်ဂျီဖောင့်အသုံးပြုထားတဲ့ကီးဘုတ်လေးတစ်ခုပါ။
အသုံးပြုပုံပြုနည်း နဲ့ ထူးခြားချက်များကိုအောက်မှာဆက်လက်ရှင်းပြသွားပါမယ်။
အရင်ဆုံး “မြန်မာကီးဘုတ်” ကိုအရင် download ရယူလိုက်ပါ။

မြန်မာကီးဘုတ်အားရယူရန်

ပြီးရင် ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Application တွေထဲက မြန်မာအလံ icon လေးနဲ့ မြန်မာကီးဘုတ်ထဲကို ၀င်လိုက်ပါ။ အဲဒီမှာ မြန်မာကီးဘုတ်ကို Setting မှာ enabled လုပ်ဖို့အတွက် Screen တစ်ခုပေါ်လာပါလိမ့်မယ်။
“1.Go To Settings” ကိုနှိပ်ပြီး Keyboard Setting ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Keyboard setting ထဲကိုရောက်သွားပြီဆိုရင် “မြန်မာကီးဘုတ်” ကို အမှန်ခြစ်(Enabled)ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပါ။ 
ပြီးရင် ခုနက မြန်မာကီးဘုတ်ကို ပြန်သွားပါ။ “2.Input Method” ကိုနှိပ်ပါ။ အောက်ပါအတိုင်းပါ။ 
“မြန်မာကီးဘုတ်” ကိုရွေးပေးလိုက်ပါ။ အောက်ပုံအတိုင်းပါ။ 
မြန်မာကီးဘုတ်ကိုရွေးလိုက်တာနဲ့ ကီးဘုတ်ကို စမ်းသပ်ရိုက်ကြည့်ဖို့ Testing ကဏ္ဍထဲကိုဝင်သွားပါလိမ့်မယ်။အောက်ပုံအတိုင်းပါ။ 
ကဲ..ဒါဆိုရင် ကျွန်တော်တို့ မြန်မာကီးဘုတ်ကိုစတင်သုံးစွဲကြည့်ရအောင် ။ စာရိုက်ဖို့အတွက် Text Box ကိုနှိပ်လိုက်တာနဲ့ မြန်မာကီးဘုတ်လေးပေါ်လာပါမယ်။
အောက်ပါပုံအတိုင်းပါ။ 
အရင်ကထွက်ခဲ့တဲ့ MydroidSoft Myanmar keyboard တုန်းက အင်္ဂလိပ်လိုရိုက်ချင်ရင် Text Box ကို သုံးစက္ကန့်လောက်ပြန်ဖိ input method ထဲကနေ
အင်္ဂလိပ် keyboard ကို ပြန်ပြန်ခေါ်ရပါတယ်။ အခု မြန်မာကီးဘုတ်လေးမှာ အဲဒီဒုက္ခတွေကင်းသွားပါတယ်။ ကီးဘုတ်အောက်နားလေးက ဗြိတိန်အလံပုံ ခလုတ်လေးကို နှိပ်လိုက်ရင် English Keyboard အဖြစ်ပြောင်းသွားပါမယ်။ အောက်ပုံအတိုင်းပါ။ 
ဒါဆိုရင် မြန်မာကီးဘုတ်ရဲ့ မြန်မာစာလုံးနေရာချထားပုံနဲ့ ရိုက်ပုံရိုက်နည်းကို ဆက်လက်ရှင်းလင်းပါမယ်။ “မြန်မာကီးဘုတ်” ရဲ့ မြန်မာစာလုံးနေရာချထားပုံဟာ
ကွန်ပျူတာမှာ ရိုက်တဲ့ မြန်မာစာလက်ကွက်နဲ့အတူတူပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ ကွန်ပျူတာပေါ်မှာ “ဖ” ဆိုတဲ့အက္ခရာကိုလိုချင်တယ်ဆိုရင် z ကို ရိုက်ရပါတယ်။ တကယ်လို့ “ဇ” အက္ခရာကိုလိုချင်တယ်ဆိုရင်တော့ Shift key နဲ့ z ( တစ်နည်းအားဖြင့် shift + ဖ ) ကိုနှိပ်ရပါတယ်။
အခု Android “မြန်မာကီးဘုတ်” မှာလည်း ဒီအတိုင်းပါပဲ။ ကွန်ပျူတာမြန်မာလက်ကွက်ပုံစံအတိုင်းဖြစ်တဲ့အတွက်ကြောင့် “ဇ” ဆိုတဲ့ အက္ခရာကိုလိုချင်တယ်ဆိုရင် မြန်မာကီးဘုတ်ပေါ်က “ဖ” အက္ခရာလေးပေါ်မှာ သုံးစက္ကန့်လောက်ဖိထားလိုက်ရင် Popup လေးတစ်ခုနဲ့ “ဇ” အက္ခရာလေးပေါ်လာပါလိမ့်မယ်။ အောက်ပါပုံအတိုင်းပါ။ 
အောက်ဆင့်စာလုံးတွေဖြစ်တဲ့ -္ဇ တို့ -္ဖ တို့လိုချင်ရင်လည်း ခုနကလိုပဲနှိပ်ရမှာပါ။ ပြောရမယ်ဆိုရင်တော့ ကွန်ပျူတာပေါ်က မြန်မာလက်ကွက်နဲ့အတူတူပါပဲ။
ဒီ မြန်မာကီးဘုတ်ကို ကျွန်တော်ကြိုက်ရတဲ့အဓိကအချက်က စာရိုက်ရာမှာ အရင်ထွက်ရှိပြီးသား Android မြန်မာကီးဘုတ်တွေထက် သိသိသာသာကို မြန်မြန်ဆန်ဆန်ရိုက်နိုင်တဲ့အချက်ပါပဲ။ ပြီးတော့ Application file size ကလည်း သေးငယ်ပါတယ်။ စာရိုက်ဖို့ Testing Panel လည်း
တစ်ပါတည်းထည့်သွင်းပေးထားတဲ့ အချက်ကလည်း တော်တော်အဆင်ပြေစေပါတယ်။ 
ဝဏ္ဏသံမှန်းအသုံးအနှုန်းကိုခန့်မှန်းပေးတဲ့စနစ်အနေနဲ့ကတော့ iTextMM Keyboard ရဲ့ စကားစုတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက် ၀ဏ္ဏသံမှန်းစနစ်မှာတော့ iTextMM နဲ့အတူတူပဲဖြစ်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ၊ BF,GF တွေဆီ message
ပို့ရာမှာ Smile သင်္ကေတလေးတွေထည့်ဖို့လို့ရဖို့အတွက် လည်းထည့်သွင်းပေးထားပါသေးတယ်။ Smile သင်္ကေတတွေကိုလိုချင်တယ်ဆိုရင်တော့ ကီးဘုတ်အောက်ခြေက “:-)” သင်္ကေတလေးကို သုံးစက္ကန့်ခန့်ဖိထားလိုက်ရင် သင်္ကေတအစုံပေါ်လာမှာပါ။ အောက်ပါပုံအတိုင်းပါ။ 
Beta version ဖြစ်တဲ့အတွက် လိုအပ်တာလေးအနည်းငယ်တော့ရှိဦးမှာပါ။

Nokia Symbian Touch Phone တွေမှာ Myanmar Font အလွယ်တကူသွင်းနည်း


Nokia Symbian Touch Phone တွေမှာ Myanmar Font အလွယ်တကူသွင်းနည်း

nokia touch phone တွေမှာ အလွယ်ကူဆုံးနဲ မြန်မာ font မြင်အောင်သွင်နည်းပါ ဖုန်းလဲhack စရာ မလိုတဲ့အတွက် ဘာမှပြသနာမရှိပါဘူ ဒီကောင်ကဖောင်မြင်ရုံးမြင်ရမှာ ကျန်တဲ့Font တွလည်မပျောက် ပါဘူ ဒီကောင်ကိုသွင်ဖို့ အရင်ဆုံး ဒီဖိုင်ကိုဒေါင်လိုက်ပါ ပြီရင်Zipဖိုင်ဖြေလိုက်ပါ ပြီရင်အထဲက resource ဖိုဒါကို ဒီအတိုင်ကို ဖုန်းရဲ့ SD card ထဲကိုသွင်လိုက်ပါ SD cardမှာအရင်ဆုံ resource ရှိမရှိ အရင်ကြည့်ပါ ရှိတဲ့ဆိုရင် ဖျက်ပြိမှ အခုဒေါင်ထားတဲ့ ဖိုဒါကိုထည့်ပါ သွင်ပြီဆိုရင် SD cardကို phoneထဲသွင်ပြီ ဖုန်းကိုပိတ်ပြီ ပြန်ဖွင့်ပါ ဒါဆို မြန်မာလိုရေထားတာတွေ မြင်ရပါပြီ

ဖုန်းမပျောက်ချင်ရင်ဒါလေးသုံးလိုက်နော် Mobile Alarm System v1.2.3 for Android



Androidဖုန်းများအတွက်apkအလန်း
လေးတစ်ခုပါကျွန်တော်တော်လေးကြိုက်လို့shareပေးလိုက်တယ်နော်။သူငယ်ချင်းတို့ဖုန်းကို
တစ်ခြားနေရာမှာကျန်နေခဲ့လို့ဖြစ်စေတစ်ခြားသူကိုင်တာမျိုးမကြိုက်သူတွေအတွက်ဒီAPK
လေးနဲ့လုပ်ဆောင်နိုင်ပါတယ်.သူ့ကောင်း
ချက်လေးတွေကတော့ဖုန်းကိုလက်ရှိနေရာကနေအကြောင်းအမျိုးမျိုးကြောင့်
ရွေ့သွားလျှင်Alarmထမြည်လာပါလိမ့်မယ်။
Proximity Sensor ကိုအသုံးပြုထားပါတယ်
ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm
ထမြည်လာပါမယ်၊
ဖုန်းကိုအားသွင်းထားချိန်ဖြစ်ဖြစ်တစ်စုံတစ်ယောက်ကကိုင်လိုက်တာဘဲဖြစ်ဖြစ်ပြုလုပ်လိုက်ပါကAlarmထမြည်ပါလိမ့်မယ်၊

ဖုန်းရှေ့မှာလှုပ်ရှားမှုကိုမြင်တာနဲ့Alarmကထမြည်ပြီးလှုပ်ရှားမှုများကိုဓါတ်ပုံရိုက်ယူထားနိုင်ခြင်းများစတဲ့Features.များပါဝင်
လာပါတယ်
တော်တော်လေးမိုက်တယ်ဗျ
ကျွန်တော်ကတော့ကြိုက်မှကြိုက်Android2.2နဲ့အထက်မှာဘဲသုံးလို့ရမှာနော်...။

--- FEATURES
---

- 6 different
sensors

- 8
different sounds

-
Take a picture when the alarm is triggered

- Beautiful design
- PIN Lock
- Duration of the alarm can be
changed

-
Sensitivities of the different sensors can be changed

- Alarm siren can be delayed so
that the alarm can be cancelled in advance (if the user can unlock the
phone)

- precise
noise and motion detection

- Camera preview
- Send e-mail, sms or make a call
when the alarm is triggered

လေ့လာချင်သေးရင်တော့အောက်ကလင့်မှာလေ့လာနော်
link_   http://www.prohp.net/2013/01/mobile-alarm-system-1-2-3.html
Apk
လေးကိုတော့အောက်ကကြိုက်ရာလင့်ကယူလိုက်နော်

Download
link_Zippyshare_  http://www46.zippyshare.com/v/84485309/file.html

Download link_Filesear_
http://filesear.com/xxy964q7dx14/MASv1.2.3.apk

Download link_Howfile_
  http://howfile.com/file/dde3fe8a/9a900f25/

Download
link_Sendspace_  http://www.sendspace.com/file/mwm75t


Saturday, February 23, 2013

iOS 6.1 ထွက်ပြီ..


iOS 6.1 ထွက်ပြီ...


Apple ကနေပြီး iPhone, iPad, iPodTouch တို့  အတွက် iOS 6.1 ကို ထုတ်ပေးလိုက်ပါပြီ.. Firmware update လုပ်ချင်သူများ Device မှနေ၍ General -> Software Update မှတစ်ဆင့် iOS 6.1 ကို update လုပ်နိုင်ကြပါပြီ...


iOS 6.1 မှာ ပါရှိလာတာတွေကတော့...

  • LTE support for more carriers (စာရင်းအတိအကျကို ဤနေရာတွင် ကြည့်ပါရန်)
  • Purchase movie tickets through Fandango with Siri (USA only)
  • iTunes Match subscribers can now download individual songs from iCloud
  • New button to reset the Advertising Identifier


iOS 6.1 Firmware ကို ဤနေရာတွင် Downlaod ရယူနိုင်ကြပါပြီ..


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

iOS 6.1 ကို Jailbreak လုပ်နိုင်ရန် သတိပြုရမည့် အချက်..


iOS 6.1 ကို Jailbreak လုပ်နိုင်ရန် သတိပြုရမည့် အချက်..


Apple က iOS 6.1 final ကို ထုတ်ပေးလိုက်ပြီးတဲ့နောက် Jailbreak လုပ်ရန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရသူများ Jailbreak လုပ်ရန် စိတ်စောနေကြလောက်ပါပြီ။

ဒါပေမယ့် iOS 6.1 ကို Jailbreak လုပ်နိုင်ဖို့  "Evad3rd" Dev-Team က ကြေငြာထားပြီး သတိပြုရမယ့် အချက်လေးကိုတော့ လက်မလွန်ခင် ခပ်မြန်မြန်လေး အသိပေးလိုက်ပါတယ်...


"Evad3rd" Dev-Team ၏ ကြေငြာအသိပေးချက်မှာ..

"iOS 6.1 ကို Jailbreak လုပ်ရန် ရည်ရွယ်ထားသူများ ယခု Apple က ထုတ်ပေးထားသော iOS 6.1 ကို update လုပ်ရာတွင် iTunes ကိုသာ အသုံးပြု၍ Update လုပ်သင့်ပါတယ်"

မကြာသေးမီကပဲ "Planetbeing" က Apple iOS 6.1 final ကို Untether Jailbreak အောင်မြင်စွာ လုပ်နိုင်ကြောင်း အတည်ပြုသွားပါတယ်။ iOS 6.1 Jailbreak ကို အခုလာမယ့် Sunday မှာ ထုတ်ပေးနိုင်ပါလိမ့်မယ်။

iOS 6.1 Jailbreak ကို ကြိုးပမ်းခဲ့တဲ့ "Evad3rs" အဖွဲ့ က ယခုထွက်လာမယ့် iOS 6.1 အတွက် Jailbreak ဟာ Apple TV က လွဲ၍ တစ်ခုနှင့်တစ်ခု မတူညီတဲ့ iDevice 22 မျိုးမှာ သုံးလို့ ရမယ်လို့  ထုတ်ဖော်ပြောခဲ့ပါတယ်။

@MuscleNerd
is every other device supported?

@unicornhacker
yes, every other 6.1 device variation will be supported. All TWENTY-TWO of them (omg!). Plus atv2 if it's out in time.


TinyUmbrella For iOS 6.1


TinyUmbrella For iOS 6.1


ဒီနေ့ ကတော့ မင်္ဂလာရှိတဲ့ သတင်းကောင်းတွေချည်းပါပဲဗျာ...

iOS 6.0.2 နဲ့  iOS 6.1 တို့ ကို Support လုပ်ပေးနိုင်တဲ့ "TinyUmbrella 6.10.02" လဲ ထွက်လာပါပြီ...

"6.0.2 and 6.1 support for all relevant devices has been added. Sorry for the delay. I'm still working on the rewrite that will include auto updating and much cleaner code. I'll post more details as I get closer to completion. I have a feeling I'll be making at least some of the modules open source on either github or bitbucket.

Enjoy
:)"
>> Download TinyUmbrella (Windows, Mac
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

iOS 6.x ကို Untether Jailbreak ပြုလုပ်ခြင်း


iOS 6.x ကို Untether Jailbreak ပြုလုပ်ခြင်း


iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်ပါတယ်။

Jailbreak ဖန်တီးသော အဖွဲ့  "evad3rs" က ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ထုတ်ပေးနိုင်မည်ဟု ကြေငြာထားခဲ့သော်လည်း Final Testing အချောသတ် ပြုလုပ်မှုများကြောင့် ယနေ့ မှ ထွက်ရှိလာခဲ့နိုင်တာဖြစ်ပါတယ်..


** Jailbreak မပြုလုပ်မီ ပြင်ဆင် သတိပြုရမည့် အချက်များ **
  • Device သည် iOS 6.1 update လုပ်ထားပြီးသား ဖြစ်ရပါမည်။
  • မိမိ၏ iOS device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။
  • "evasi0n" ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။
  • Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်၊ Jailbreak လုပ်နေစဉ်တွင် computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။


>> Download Evasi0n (Windows, Mac OS X, Linux)

လုပ်ငန်းစဉ်

အဆင့် ၁)
ပထမဦးစွာ မိမိ၏ iOS Device ကို PC နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။


အဆင့် ၂)
Backup လုပ်ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ (device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ)

အဆင့် ၃)
အထက်တွင် Download ရယူခဲ့သော "evasi0n.exe" ကို Run ပါ။

အဆင့် ၄)
"Jailbreak" button ကိုနှိပ်ပါ။ (Jailbreak လုပ်နေစဉ်အတွင်း မည်သည့် program မှ အသုံးမပြုပါနှင့်)


အဆင့် ၅)
အောက်ပါပုံအတိုင်း Jailbreak ပြုလုပ်နေသည်ကို တွေ့ ရပါမည်။


- Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် reboot လုပ်ပါလိမ့်မည်
- passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ passcode ကို ရိုက်သွင်းပါ။



အဆင့် ၆)
ဤအဆင့်တွင် ပုံပါအတိုင်း "Jailbreak" icon ကို နှိပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


ထိုအခါ သင့် Device ၏ Home screen တွင် "evasi0n" icon လေးကို အောက်ပါပုံအတိုင်း တွေ့ ရပါလိမ့်မည်။ နှိပ်ပေးလိုက်ပါ။


အဆင့် ၇)
ဆက်လက်၍ "Injecting" အလိုလျှောက် လုပ်နေပါမည်။


အဆင့် ၈)
နောက်ဆုံးတွင် သင့် Device Reboot ပြန်လုပ်နေပါမည်။ Program တွင် Jailbreak Complete! ကို တွေရပါမည် "Exit" နှိပ်ပေးလိုက်ပါ။


Device ပြန်တက်လာပါက Home screen တွင် စောစောက "evasi0n" icon လေးနေရာတွင် "Cydia" icon လေးပြောင်းသွားသည်ကို တွေ့ မြင်ရပါမည်။


အခုဆိုရင် သင့် Device iOS6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးသွားပါပြီ...
အားလုံးပဲ iOS 6.1 အတွက် Jailbreak ကို စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်....

**UPDATE**
Appsync iOS 6 အတွက် Cydia Source "http://cydia.myrepospace.com/Bl00dra1n/" (ဘီအယ်(လ်)သုညသုည) ဖြစ်ပါတယ်...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

Monday, February 11, 2013

Note 2 [N7105] ကို official version 4.1.2 တင်ပြီး Root ကြအောင်နော်


Note 2 [N7105] ကို official version 4.1.2 တင်ပြီး Root ကြအောင်နော်
Galaxy_Note_2

အသေးစိတ်တော့ပြောတော့ဝူးလေနော့…အကုန်နီးပါးကလဲသိပြီးသားဆိုတော့လေ..နော်  နော် နော်လို့ :D
Samsung Driver — > Kies
Odin                 — > v3.04
Firmware          – > N7105XXDMA6
လိုအပ်တာတွေဒေါင်းပြီးပြီဆိုရင်တော့
အဆင့်(1) Driver မရှိသေးရင် ကွန်ပျူတာ /Laptop မှာ Install ပေးထားလိုက်ပါ ။။ Run ထားစရာမလိုပါခင်ဗျာ
Firmware ကို Unzip လုပ်လိုက်ပါ…အထဲမှာ tar.md5 ဖိုင်တခုပါပါတယ်
Odin ကို Run လိုက်ပါ… PDA မှာ Firmware folder ထဲက tar.md5 ဖိုင်လေးကို သွင်းထည့်ပေးလိုက်ပါ
အဆင့်(2) မိမိရဲ့ Note ကိုပါဝါပိတ်လိုက်ပါ..Download Mode ၀င်မယ် (Home+Volume Down+Power)=[မသိသေးသူများအတွက်ပါနော် ;) )
Downloading ပေါ်သွားရင်ကြိုးချိတ်ဆက်ပါမယ်
Odin ကသိနေပြီဆိုရင်တော့ Start ကိုနှိပ်ပေးလိုက်ရုံပါပဲ .. PASS ပြသွားရင်ပြီးပါပြီ.. ဒန် ..ဒန် ..တန် :D
———————————————!!!—————————————————–
ဟင့်အင်း ဒီလောက်နဲ့မကျေနပ်ဝူး Root လဲလုပ်ချင်ပါသေးတယ် CWM လဲသွင်းချင်ပါသေးတယ်ဆိုရင်တော့ ဆက် Go မယ် ;)
ဒီ Root File လေးကိုဒေါင်းယူလိုက်ပါ… — > N7105 Root
ပြီးရင် Odin ရဲ့ PDA မှာသွင်း
Note ကို Download Mode ၀င် ချိတ်.. Start နှိပ် PASS ပြ………ပြီးပါပြီ .. :D

အားလုံးပဲအဆင်ပြေကြပါစေ

Note 2 N7100 ကို Official V4.1.2 တင်ပြီး Root မယ်



Note 2  N7100 ကို Official V4.1.2 တင်ပြီး Root မယ်


Galaxy_Note_2

အသေးစိတ်တော့ပြောတော့ဝူးလေနော့…အကုန်နီးပါးကလဲသိပြီးသားဆိုတော့လေ..နော်  နော် နော်လို့ :D
Samsung Driver — > Kies
Odin                 — > v3.04
Firmware          – > N7100XXDLL7

လိုအပ်တာတွေဒေါင်းပြီးပြီဆိုရင်တော့
အဆင့်(1) Driver မရှိသေးရင် ကွန်ပျူတာ /Laptop မှာ Install ပေးထားလိုက်ပါ ။။ Run ထားစရာမလိုပါခင်ဗျာ
Firmware ကို Unzip လုပ်လိုက်ပါ…အထဲမှာ tar.md5 ဖိုင်တခုပါပါတယ်
Odin ကို Run လိုက်ပါ… PDA မှာ Firmware folder ထဲက tar.md5 ဖိုင်လေးကို သွင်းထည့်ပေးလိုက်ပါ
အဆင့်(2) မိမိရဲ့ Note ကိုပါဝါပိတ်လိုက်ပါ..Download Mode ၀င်မယ် (Home+Volume Down+Power)=[မသိသေးသူများအတွက်ပါနော် ;) )
Downloading ပေါ်သွားရင်ကြိုးချိတ်ဆက်ပါမယ်
Odin ကသိနေပြီဆိုရင်တော့ Start ကိုနှိပ်ပေးလိုက်ရုံပါပဲ .. PASS ပြသွားရင်ပြီးပါပြီ.. ဒန် ..ဒန် ..တန် :D
———————————————!!!—————————————————–
ဟင့်အင်း ဒီလောက်နဲ့မကျေနပ်ဝူး Root လဲလုပ်ချင်ပါသေးတယ် CWM လဲသွင်းချင်ပါသေးတယ်ဆိုရင်တော့ ဆက် Go မယ် ;)
ဒီ Root File လေးကိုဒေါင်းယူလိုက်ပါ… — >N7100Root&CWM
ပြီးရင် Odin ရဲ့ PDA မှာသွင်း
Note ကို Download Mode ၀င် ချိတ်.. Start နှိပ် PASS ပြ………ပြီးပါပြီ .. :D

အားလုံးပဲအဆင်ပြေကြပါစေ

Galaxy S2 [I9100T] Official V4.1.2တင်ပြီး Root မယ်


  Galaxy S2 [I9100T] Official V4.1.2တင်ပြီး Root မယ်

GALAXY_S_II_Plus_Product_Image_(1)_270x405

SII i9100G ကိုဆောင်သူတွေအတွက် official version 4.1.2 လဲထွက်ရှိသွားပါပြီ သူတို့လဲပျော်နေလောက်ကြပြီထင်ပါတယ် ခိစ်ခိစ်
အခု I9100T ကိုင်ဆောင်သူများအတွက်လဲ official version 4.1.2 ထွက်လို့လာပါပြိ  ကျတော်လဲအခုမှတွေ့လို့ :D
သူ့ရဲ့ PDA နံပတ်ကတော့  I9100TJJLS4 ပါ … S2(i9100T) ကိုင်ဆောင်သူအားလုံးအတွက်တော့သိပ်အဆင်ပြေလောက်ဘူးထင်ပါတယ်
သူသတ်မှတ်ထားတဲ့ Region ထဲမှာမပါရင်တော့ Network Lock ကျတာမျိုးဖြစ်တတ်ပါတယ်…..ဒါပေမယ့်ကျတော်တို့မြန်မာနိုင်ငံကကိုင်ဆောင်သူများအတွက်တော့ ဖြစ်ခဲပါတယ် သေချာတော့ပြောတတ်ဘူးနော် :P
ဒါပေမယ့် Network Lock ကျသွားရင်တော့ အရင်လက်ရှိ official version ပြန်တင်ရင်လဲအဆင်ပြေလောက်ပါဘူး..
—————————————!!!!!——————————————
Noтё
—————————————-!!!!!—————————————–
ဒါပေမယ့် ကျတော်စမ်းဖူးတာလေးတခုပြောမယ်နော့ .ကိုယ်တိုင်စမ်းတာတော့မဟုတ်ဘူးနော်…အဲဒီဖုန်းအမျိုးအစားရှိဝူး.. .အဟမ်း အဟမ်း   :D
I9100G လေးပါ ထွက်ထွက်ပြီးချင်းတင်လိုက်တာ Network Lock ကျသွားရော (ဖြစ်တောင့်ဖြစ်ခဲ့လေးပါ ;) )v4.0.4 ပြန်တင်တော့လဲ နေမြဲတမ်းဖြစ်နေတော့ I9100 ရဲ့ v4.1.2 ကိုပြန်တင်ခိုင်းပြီး Factory Reset ချခိုင်းလိုက်တယ်.. ပြီးမှ I9100G ရဲ့ 4.1.2 ကိုပြန်တင်ခိုင်းလိုက်တာ…အဆင်ပြေသွားပါတယ်
ဒါပေမယ့် ဖုန်းအားလုံးအဆင်ပြေ၏ မပြေ၏ဆိုတာတော့ကျတော်လဲ သေချာအာမ မခံနိုင်ပါ ဟိဟိ ;)
————————————-!!!!!—————————————–
လေကြောကလဲရှည်မိသွားပြန်ပြီ ခိစ်ခိစ်
ကဲ Jellybean စားသုံးချင်တဲ့ I9100T ကိုင်ဆောင်သူများကတော့ ..ဒေါင်းရအောင်ဗျာ နော့
Samsung Driver မရှိသေးသူများအတွက်  — > Samsung Driver  ဒါမှမဟုတ် Kies  ပေါ့နော်
Odin မရှိသေးသူများအတွက်                — > Odin v3.04 
Note– > {တကယ်လို့ Odin v3.04 နဲ့တင်သည့်အခါအဆင်မပြေမူ့များဖြစ်ခဲ့လျှင် Odin v1.85 နဲ့တင်ပါ }
I9100T Firmware                            — > i9100T_v4.1.2_I9100TJJLS4
လိုအပ်တာတွေ ဒေါင်းယူပြီးပြီဆိုရင်တော့ Firmware ကို Zip ဖြည်လိုက်ပါ..အထဲမှာ Md5 ဖိုင်လေးတခုပါပါတယ်
Odin ကို RUN လိုက်ပါ..PDA မှာ အဲဒီ .tar.MD5 ဖိုင်လေးသွင်းထည့်လိုက်ပါ
ဖုန်းကို Download Mode (Home+V Down+Power) ၀င်ပါတယ် Downloading ဆိုတာပေါ်လာပြီဆိုရင်တော့ ကွန်ပျူတာနဲ့ချိတ်ဆက်ပါမယ်
Odin ကမိမိဖုန်းကိုသိပြီဆိုရင်တော့.. Start ကိုနှိပ်လိုက်ပါ…………………….. PASS ပြသွားပြီဆိုရင်တော့ Jellybean V4.1.2 တင်လို့ပြီးဆုံးပါပြီ
————————————-!!!!!—————————————–
Rooт ချင်သူများအတွက်ကတော့ ဒီဇစ်ဖိုင်လေးကိုဒေါင်းယူပြီးဖုန်းရဲ့ SD Card ထဲကိုထည့်သွင်းထားလိုက်ပါ
—– > SU-BB-Installer.Zip < —–
ဖုန်းကို Recovery Mode ၀င်ပါမယ် (Home+V Up+Power)  >>> Apply Update From External Storage ကနေထည့်သွင်းထားတဲ့ SU-BB-Installer.Zip လေးကို Install ပေးလိုက်ပါ
ပြီးရင်တော့ Reboot System Now ပေါ့နော်…..ဖုန်းပါဝါပြန်တက်လာပြီဆိုရင်တော့ Super SU လေးကိုရှာကြည့်လိုက်ပါ တွေ့ပြီဆိုရင်တော့ Root ပြီးပါပြီ ;)
ကျတော့်မှာဖုန်းမရှိသည့်အတွက် Root နည်းကိုမစမ်းသပ်ရသေးပါ ဒါပေမယ့် အဆင်ပြေလိမ့်မယ်လို့ ယုံကြည်မိပါတယ် ဟိဟိ

အားလုံးပဲအဆင်ပြေကြပါစေ

File too large for the Destination file system Error အားဖြေရှင်းရန်




ကျွန်တော်တို့ ဒီလို Error လေးပေါ့ဗျာ။  ကြုံခဲ့ရတာလေးကို အဖြေရှာရင်းနဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက် လည်း ဖြစ်နေတာနဲ့ ကြုံလို့ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများကိုလည်း သိစေလိုတာနဲ့ တင်ပေးလိုက်တာပါ.။ ကျွန်တော်တို့ FAT 32 တွေဖြစ်တဲ့ Flash Drives လေးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ NTFS ကို အလွယ်ဆုံးပြောင်းပြီး Format ချတဲ့ ပုံစံလေးကို ပြပေးပါ့မယ်။ အောက်မှာ ကြည့်ရအောင်ဗျာ။

          ကျွန်တော်တို့ အရင်ဆုံး My Computer ကို Right-click ထောက်ပြီး Manage ကနေ Computer Management ကို သွားပါမယ်။ 


Computer Management ကိုရောက်ရင် ကျွန်တော်တို့ Device Manager ဆိုတာလေးကို ရွေးပေးပါ့မယ်။

ကျွန်တော်တို့ ဒီ Device Manager လေးကနေပြီးတော့  Disk Drives ဆိုတာလေးကို ရွေးပါမယ်။

ပြီးတာနဲ့ ကျွန်တော်တို့ရဲ့ USB Device အမျိုးအစားလေးကို ရွေးပေးပါ့မယ်။ အဲ့ဒီကနေပြီးတော့ ကျွန်တော်တို့ ရဲ့ USB Device လေးကို Right-click ထောက်ပြီး Properties ကိုဝင်လိုက်ပါ။ 


အဲ့ဒီကနေပြီးတော့ ဒုတိယမြောက် Tab လေးဖြစ်တဲ့ Policies Tab လေးကို ရွေးလိုက်ပါ။ အဲ့ဒီကနေ ဒုတိယမြောက်မှာရှိတဲ့ Better Performance လေးကို အမှန်ခြစ်လေးပေးပြီး OK ပေးလိုက်ပါ။ ပြီးတာနဲ့ ကျွန်တော်တို့ရဲ့ USB Stick လေးကို Format ရိုက်ပါ့မယ်။



Format ရိုက်တဲ့ အချိန်မှာ ကျွန်တော်တို့  NTFS ကိုပြောင်းပြီး Format ရိုက်ပါ့မယ်။ အောက်မှာကြည့်လိုက်ပါဗျာ။ FAT 32 ( Default ) အစား NTFS ကိုပြောင်းပြီး Format ရိုက်ပေးလိုက်ပါ.။






ပြည့်သွားတဲ့အချိန်ရောက်ရင်တော့ ကျွန်တော်တို့ရဲ့ ထည့်လို့ရတဲ့ ဖိုင်ကို ထည့်လို့ရသွားပါပြီ။ အားလုံးပဲ ဒီလောက်ဆိုအဆင်ပြေကြမယ်လို့ ထင်ပါတယ်။ PDF ဖိုင်လေးကိုတော့ အောက်မှာ နှစ်နေရာခွဲ တင်ပေးထားပါတယ် ။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက်ပါဗျာ။

PDF File Download


 
အားလုံးပဲအဆင်ပြေကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
 ကျေးဇူးတင်ပါတယ်ခင်ဗျာ။