Thursday, January 17, 2013

Sony Xperia J ကို Root ပြုလုပ်ချင်သူတွေ အတွက် Root ပြုလုပ်ပုံ

ယနေ့မှာ လူကြိုက်များလာပြီး ဈေးနှုန်း ချိုသာသလို စွမ်းဆောင်ရည်လည်း မြင့်မားတဲ့ Sony Xperia J Handset ကို Root ပြုလုပ်ချင်သူတွေ အတွက် Root ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ဆောင်ရတာ ရိုးရှင်းပြီး လွယ်ကူတာကြောင့် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Sony Xperia J ကို Root ပြုလုပ်ဖို့အတွက် ပထမဆုံး သင့်ဖုန်းရဲ့ Build Number ကို အရင်ဆုံး စစ်ဆေးရပါမယ်။ သင် Root ပြုလုပ်မယ့် Handset ရဲ့ Build Number ဟာ 11.0.A.3.28 နဲ့ 11.0.A.3.18 ဖြစ်မဖြစ် အရင်ဆုံး ကြည့်ရပါမယ်။ အထက်ဖော်ပြပါ Build Number ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ Tool နဲ့ Xperia J ကို အလွယ်တကူ Root လုပ်နိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ Build Number မဟုတ်ဘဲ 11.0.A.7.5 ဆိုရင်တော့ ဒီ Tool နဲ့အဆင်ပြေမှာ မဟုတ်ပါဘူး။
သင့် Handset ရဲ့ Build Number ကို သိချင်တယ် ဆိုရင်တော့ Systems အောက်က About အောက်မှာ Build Number ဆိုတာ ရှိပါတယ်။ အဲဒီမှာ သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Build Number ဟာ Root ပြုလုပ်မယ့် Tool နဲ့ ကိုက်ညီတယ် ဆိုရင်တော့ သင့်ရဲ့ Handset ဟာ ကွန်ပျူတာနဲ့ ချိတ်ဆက်တဲ့အခါ သိဖို့အတွက် USB Debugging ကို Check လုပ်ထားပေးရပါမယ်။ USB Debugging ကို ဖွင့်ဖို့အတွက်ကတော့ Setting အောက်က Developer Options အောက်မှာ USB Debugging ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမှန်ခြစ်လေး ထည့်ပေးရမှာ ဖြစ်ပါတယ်။
Root လုပ်ဖို့အတွက်ကတော့ http://forum.xda-developers.com/attachm ent.php?attachmentid=1541927&d= 1354812913 ဆိုတဲ့ Link ကိုသွားပြီး Root_J.zip ဆိုတဲ့ ဖိုင်ကို အရင်ဆုံး Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီဆိုရင်တော့ ရရှိလာတဲ့ zip ဖိုင်ကို Extract ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Extract ပြုလုပ်ပြီး ထွက်လာတဲ့ Folder ထဲကို ဝင်ရပါမယ်။ ပြီးရင် သင့်ရဲ့ Handset ကို ကွန်ပျူတာနဲ့ ချိတ်ဆက် ပေးရပါမယ်။ ပြီးရင်တော့ ခုနက Extract ပြုလုပ်ထားတဲ့ Folder အထဲက Runme.bat ဆိုတဲ့ ဖိုင်လေးကို Double Click နှိပ်လိုက်ပါ။ Root ပြုလုပ်ဖို့အတွက် အထဲမှာပါတဲ့ ညွှန်ကြားချက်တွေကို ဖတ်ကြည့်ပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Linux အသုံးပြုသူတွေအတွက်ကတော့ Runme.sh ဆိုတဲ့ ဖိုင်ကို Run ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Terminal မှာ ပြထားတဲ့ Process ကို ခဏ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖိုင်တွေကို Backup ပြုလုပ်မှာလား မေးလာရင်တော့ သင့် Handset မှာ ဖိုင်တွေကို Backup ပြုလုပ်ဖို့အတွက် ရွေးချယ်ပေးလိုက်ပါ။ ခဏကြာရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Reboot ကျသွားမှာဖြစ်ပြီး၊ ပြန်တက်လာတယ် ဆိုရင်တော့ သင့် Handset ရဲ့ App location List ထဲမှာ Super SU ဆိုတဲ့ Super Man ပုံ Logo လေးနဲ့ Root ဖိုင်ကို တွေ့မြင်ရ မှာ ဖြစ်ပါတယ်။ Super SU ဖိုင်လေးကို တွေ့ရပြီ ဆိုရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Root လုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ Root ပြုလုပ်ပြီးတဲ့ Handset လေးအတွင်းကိုတော့ မြန်မာစာဖောင့်ထည့်သွင်းလို့ ရပြီဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော Root Access ရှိမှ ထည့်သွင်းလို့ရတဲ့ Application တွေကိုလည်း ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။
ကိုးကား – အင်တာနက်ဂျာနယ်

Sony Company ရဲ့ အသစ်ထွက်…နာမည်ကျော် Xperia Z Theme များနှင့် အခြား Theme အလန်းများ…(For Xperia Arc/Arc S)

ကျွန်တော်တို့ ဆိုနီ ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းဖြစ်တဲ့ Xperia Z Theme များအပါအ၀င် အခြာ Theme အလန်းလေးတွေတင်ရအောင်ဗျာ :D
ဒီကောင်လေးကိုထည့်သွင်းဖို့ကတော့..မိမိတို့ဖုန်းမှာ..CWM တင်ပြီး ဖြစ်နေရပါ့မယ်…။
မတင်ခင်မှာ..မိမိတို့ဖုန်းကို အရင် Back up လုပ်ထားပါ 
CWM ကနေ ထည့်သွင်းနည်းကတော့……….မိမိတို့ဖုန်းမှာ…CWMတင်ထားပြီးဖြစ်ရပါမယ်………။ဖုန်းကိုပါဝါပိတ်လိုက်ပါ….။ပြီးဖုန်းပါဝါပြန်ဖွင့်လိုက်ပြီး…Sony Logo တတ်လာတဲ့အခါမှာ….Back Key(မြှားပုံလေး)ကိုဖိလိုက်လွှတ်လိုက်လုပ်ပေးပါ…..ထိုအခါ… CWM ထဲသို့ဝင်ရောက်သွားပါလိမ့်မည်……..။CWM ထဲတွင်…..Install From SD>Choose From SD>မိမိထားထားသော Zip ကို…..Enter(Home Key)ဖြင့်နှိပ်လိုက်ပါ…(အပေါ်အောက်သွားလာမှုအတွက်….Volume up& Volume Downကိုအသုံးပြုပါ)။ Install Complete ဆိုပြီးပေါ်လာပါက….Back Key(မြှားပုံလေး)ဖြင့်Reboot System now ကိုနှိပ်လိုက်ပါ……မိမိတို့ဖုန်း.ပါဝါတတ်လာပြီး…Home Screenကိုရောက်ပါက….ပြီးဆုံးပါပြီ…ခင်ဗျာ..။

ကဲ……Theme အလန်းလေးများရဲ့ Screen Shoot ကိုလေ့လာကြည့်ရအောင်ဗျာ… :D
CSlHN

ဒီကောင်လေးကိုဒေါင်းရန် ဒီ Link ကို နှိပ်ပါ။

4FTMY

ဒီကောင်လေးကိုဒေါင်းရန် ဒီ Link ကို နှိပ်ပါ။

sUzKw

ဒီကောင်လေးကိုဒေါင်းရန် ဒီ Link ကို နှိပ်ပါ။

Qdw1Y

ဒီကောင်လေးကိုဒေါင်းရန် ဒီ Link ကို နှိပ်ပါ။

AGSuY

ဒီကောင်လေးကိုဒေါင်းရန် ဒီ Link ကို နှိပ်ပါ။

A2HrQ

ဒီကောင်လေးကိုဒေါင်းရန် ဒီ Link ကို နှိပ်ပါ။

အားလုံးပဲ..ပျော်ရွှင်ကြပါစေခင်ဗျာ……:D

Ever Gollie(Myanmar Mobile User Group)
https://www.facebook.com/ever.gollie?ref=tn_tnmn

File too large for the Destination file system Error အားဖြေရှင်းရန်

ကျွန်တော်တို့ ဒီလို Error လေးပေါ့ဗျာ။  ကြုံခဲ့ရတာလေးကို အဖြေရှာရင်းနဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက် လည်း ဖြစ်နေတာနဲ့ ကြုံလို့ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများကိုလည်း သိစေလိုတာနဲ့ တင်ပေးလိုက်တာပါ.။ ကျွန်တော်တို့ FAT 32 တွေဖြစ်တဲ့ Flash Drives လေးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ NTFS ကို အလွယ်ဆုံးပြောင်းပြီး Format ချတဲ့ ပုံစံလေးကို ပြပေးပါ့မယ်။ အောက်မှာ ကြည့်ရအောင်ဗျာ။
          ကျွန်တော်တို့ အရင်ဆုံး My Computer ကို Right-click ထောက်ပြီး Manage ကနေ Computer Management ကို သွားပါမယ်။ 

Computer Management ကိုရောက်ရင် ကျွန်တော်တို့ Device Manager ဆိုတာလေးကို ရွေးပေးပါ့မယ်။

ကျွန်တော်တို့ ဒီ Device Manager လေးကနေပြီးတော့  Disk Drives ဆိုတာလေးကို ရွေးပါမယ်။

ပြီးတာနဲ့ ကျွန်တော်တို့ရဲ့ USB Device အမျိုးအစားလေးကို ရွေးပေးပါ့မယ်။ အဲ့ဒီကနေပြီးတော့ ကျွန်တော်တို့ ရဲ့ USB Device လေးကို Right-click ထောက်ပြီး Properties ကိုဝင်လိုက်ပါ။ 

အဲ့ဒီကနေပြီးတော့ ဒုတိယမြောက် Tab လေးဖြစ်တဲ့ Policies Tab လေးကို ရွေးလိုက်ပါ။ အဲ့ဒီကနေ ဒုတိယမြောက်မှာရှိတဲ့ Better Performance လေးကို အမှန်ခြစ်လေးပေးပြီး OK ပေးလိုက်ပါ။ ပြီးတာနဲ့ ကျွန်တော်တို့ရဲ့ USB Stick လေးကို Format ရိုက်ပါ့မယ်။

Format ရိုက်တဲ့ အချိန်မှာ ကျွန်တော်တို့  NTFS ကိုပြောင်းပြီး Format ရိုက်ပါ့မယ်။ အောက်မှာကြည့်လိုက်ပါဗျာ။ FAT 32 ( Default ) အစား NTFS ကိုပြောင်းပြီး Format ရိုက်ပေးလိုက်ပါ.။

ပြည့်သွားတဲ့အချိန်ရောက်ရင်တော့ ကျွန်တော်တို့ရဲ့ ထည့်လို့ရတဲ့ ဖိုင်ကို ထည့်လို့ရသွားပါပြီ။ အားလုံးပဲ ဒီလောက်ဆိုအဆင်ပြေကြမယ်လို့ ထင်ပါတယ်။ PDF ဖိုင်လေးကိုတော့ အောက်မှာ နှစ်နေရာခွဲ တင်ပေးထားပါတယ် ။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက်ပါဗျာ။

PDF File Download

အားလုံးပဲအဆင်ပြေကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Monday, January 14, 2013

ရှောင်စေချင်သည် တညင်းသီး

ရှောင်စေချင်သည် တညင်းသီး 
*******************

အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။

တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင် ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာ ကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ် ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ. အစားအစာ တစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilismလို. ခေါ်ပါတယ်။ အဆိုးရွားဆုံး ကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံး တွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်. မှုကြောင်. အသက်ဆုံးရှုံး မှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက် ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင် သေဆုံးဖို.လမ်းပိုများတယ်လို. ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီး အဆိပ်ရဲ. ဖွဲ.စည်းပုံ မော်လီကျုး ကတော. အပ်ချောင်း ပုံလေးတွေကို ပုတီးသီသလို သီထားတဲ. ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ. တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေ ၀င်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေး ပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ. အဆိပ်တွေဟာ သွေးထဲကို အရင်ရောက် သွားပါတယ်။ ပြီးတဲ.အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေး နိုင်ပေမယ့် တညင်းသီးမှာ ပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို. ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို. ကြိုးစား ရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို. တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ. အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝ သွားလို.မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ် နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံး နိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure)လို. ခေါ်ပါတယ်။ ကျောက်ကပ် သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာ ပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည်.၀ သွားတဲ. အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာ ဖြစ်ပါ တယ်။ ပြုတ်ပြီ တဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ် တော်တော် လျော.သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်. ဘယ်လိုမှ ဓာတ်မပြယ် နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော. 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော. အဆိပ်တွေ တော်တော်လေး လျော.နည်း သွားတယ် လို.ဆိုပါတယ်။

တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီး စားပြီးတဲ.အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine (1978) စသဖြင်. ထုတ်ပြန် ရေးသား ထားတာတွေလည်း ရှိပါတယ်လို. ဆိုတယ်။ ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင် သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်)

မြ၀တီတွင် ဖော်ပြသော သတင်းကို မူရင်းအတိုင်း မျှဝေပါသည်။
ရှောင်စေချင်သည် တညင်းသီး
*******************

အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ
်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။