Saturday, September 29, 2012

WIFI Password ခိုးနည်းလေး

 


WIFI Password ခိုးနည်းလေး ပေးလိုက်ပါတယ် ?

ဆိုင်ကစက်တွေကနေ ကိုယ်ပိုင်စက် ကို
 

Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် 

ခိုးချိတ်ချင်ကြသူများအတွက်
 

WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ 

ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ...:D ကဲ လုပ်ကြည့်နော်..

 


 


ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး 


 


password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ
အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါ
နော်

...
WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။


အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။

အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော်

လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်..

ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။

ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။


လုပ်နည်းလေးကတော့။

အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။

အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။

ဥပမာ .....(069500) လိုမျိုးပေါ်နေတာကိုပြောတာပါ
။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။ ကိုယ့်စက်မှာပေါ်တာကို ကြည့်ရမှာဖြစ်ပြီး ဂဏန်းနောက်
က ထည့်ရမဲ့စာလုံးကို တော့သေချာထည့်ပေးဖို့လိုပါတ
ယ်။
အဲဒါကို ကလစ်လိုက်ရင် Password တောင်းလာလိုက်မယ်။
ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့ ရအောင်ယူမလဲဆိုတော့ ဥပမာ..ပြထားတဲ့ ( 069500 ) ကိုဖြုတ်ပြီး ရှေ့က ( ၀ )ကိုဖြုတ်ပြီး ( 695001FFB0 )
လို့ရိုက်ထည့်ပါ။
အဲလိုရိုက်ထည်လိုက်မယ်ဆိုရင
် Confirm တောင်းလာရင် နကိုယ်အတိုင်း( 695001FFB0 ) လို့ပဲပြန်ရေးပြီး OK သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။
ခနစောင့်.... Connection နေရာမှာ Connected ဖြစ်သွားပါလိမ့်မည်။။။

ဥပမာ..အောက်မှာကြည့် ပါ။
Azlie
617a6c69303761707231393738


092f222

>>>>>>>>>>>>>>>>>>>>>>>>>>
>>>>

shaiful
30313232343433333730313233

>>>>>>>>>>>>>>>>>>>>>>>>>>
>>>


Ghost
abcd368368
>>>>>>>>>>>>>>>>>>>>>>>>>>
>>>

Yong ah foo
31393230333331313435323233

>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>
meingan
63353131313036303535323735

>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>



ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့်
ပတ်ဝန်းကျင်မှာရှိတဲ့  Wireless Wifi နာမည်နဲ့  password လေးနမူနာလေးတွေပါ။


နောက်တစ်နည်း။။ ။။

SSID နာမည်တွေကို Cracking ခွေနဲ့ခိုးတဲ့နည်းပါ။
အဲဒီအခွေက Wireless password တင်မကဘူး Creadit card password အထိ Hacking လုပ်လို့ ရပါတယ်။/////
Hackingကျေးဇူးတင်ပါတယ်

cd ခွေလေး တင်ပေးလိုက်ပါတယ် >download>http://www.mediafire.com/?qynmwivjnxn#2

Friday, September 28, 2012

ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို အချိန်မကုန်ပဲရှင်းလင်းနည်း




တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တချို့ ကို ပေးဆပ်ကြ ရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည် ထွက်ခွာသွားကြတာပါ။
Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။
 
ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။...
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus
 
Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။
Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။
Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင် တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံ တူတွေဖြစ်နေ တတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။
System Configuration Utility
RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windowsမှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။
All-in-one diagnostic Tools
Autoruns
ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။
Process Hacker 
ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။
Hijack This
Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို
 
 
Malware Bytes
Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ applicationသုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေ ဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။
အိမ်လွမ်းသူ ဆီမှ ကူးယူဖော်ပြသည်။

Blog တစ်ခုရေးတော့မယ် ဆိုရင်...

Blog မလုပ်ခင် အရင်စဉ်းစားပါ
Blog ရေးတာ အိမ်ဆောက်တာနဲ့ တူပါတယ်။ အိမ်သာတော့ ဧည့်လာတယ်ဆိုတော့လည်း ကိုယ့်အိမ် လေးကို လူတွေအလာများအောင် နည်းအမျိုးမျိုးနဲ့ လှအောင်ပအောင် စုံလင်အောင် ရေးကြ၊ ဖိတ်ကြ တာပါပဲ။ ကိုယ့် blog လေးကို လူအလာများရင် ရလာတဲ့ ပီတိကိုတော့ blogger တိုင်း သိကြမှာပါ။ blogger မဟုတ်တဲ့သူတွေ ကျတော့လည်း ဟိုအိမ်သွားလည်၊ ဒီအိမ်သွားလည်နဲ့ ခြေတွေလည်း အတော်ညောင်း ကြတာပေါ့လေ။ အများအားဖြင့် Blog တွေဖတ်တာများလာရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် Blog လေးတစ်ခုလောက်တော့ ရေးချင်စိတ်ပေါ်လာကြတာပါပဲ။ ဒါပေမဲ့ Blog ရေးတာဟာ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ သိရင် နည်းနည်းလေးများ လက်တွန့်သွားကြမလားပဲ။

နံပါတ်တစ်- ရေးမည့်အကြောင်းအရာကို သေချာရွေးချယ်ပါ
Blog ရေးမယ်လို့ ပထမဆုံးစဉ်းစားလိုက်တာနဲ့ ဘယ်အကြောင်းအရာကို ရေးမှာလဲဆိုတာကို စဉ်းစားပါ။ ဟိုဟာလျှောက်ရေး၊ ဒီဟာလျှောက်ရေးနေလို့တော့ မဖြစ်ပါဘူး။ ကိုယ်ဟာ ဘယ်အပိုင်းမှာ ကျွမ်းကျင် သလဲ၊ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းကိုသာ ရေးပါ။ ဘယ်ဟာကိုမှ ပိုင်ပိုင်နိုင်နိုင်မသိပဲနဲ့ Blog ရေးမယ်ဆိုရင် အလကားနေရင်း လူအထင်သေးခံရနိုင်ပါတယ်။ အင်တာနက်သုံးနေတဲ့သူတွေ၊ ဘလော့ခ်တွေကို လိုက် ဖတ်နေတဲ့သူတွေထဲမှာ ပညာရှင်တွေ ပါတယ်ဆိုတာ သတိထားပါ။ ကိုယ်က သီချင်းတွေကို ခံစားတတ် ရင်၊ သုံးသပ်ဝေဖန်တတ်ရင် အဲဒီအကြောင်းတွေကို ရေးပေါ့။ ဒါတောင်မှ တကယ်တမ်းပြောရရင် မတိကျ သေးပါဘူး။ သီချင်းအကြောင်း ရေးတာတောင်မှ အနောက်တိုင်းသီချင်းတွေလား၊ မြန်မာသီချင်း အ ကြောင်း လား၊ မြန်မာသီချင်းတောင်မှ Rock အကြောင်းရေးမှာလား၊ Hip Hop အကြောင်းရေးမှာလား စသည်ဖြင့် တိတိကျကျ ရွေးချယ်မှ ဖြစ်မှာပါ။

နံပါတ်သုံး- Home Page ကို လှအောင် လုပ်နိုင်ရဲ့လား
ကိုယ့် Blog ကို ဖွင့်ဖွင့်ချင်း တက်လာတဲ့ Home Page ဟာ Main Point ပါ။ ဒီ Page ဟာ အရမ်းကြီး မဟုတ်တောင်မှ ဆွဲဆောင်နိုင်စွမ်းရှိရပါ့မယ်။ အရောင်တွဲစပ်မှုတွေ မှန်ရမယ်၊ Navigation လုပ်တာ လွယ်ရမယ်၊ Font တွေရဲ့ Color, Size တွေကို သတိထားရမယ်။ အဖြူရောင် စာမျက်နှာပေါ်မှာ အနက် ရောင်စာလုံးနဲ့ ရေးရင် လူ့မျက်လုံးဟာ ကြာကြာဖတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြူရောင်ဟာ အရောင်ပျော့မို့လို့ပါ။ နောက်ခံအရောင်ကို အရောင်ပြင်းတွေ မသုံးမိပါစေနဲ့။ နောက်တစ်ခု သတိထား သင့်တာက ကိုယ့် Blog ကို ဖွင့်ရင် ကြာမယ့်အချိန်ပါ။ Blog တစ်ခုကိုဖွင့်လို့ အကြာကြီးစောင့်နေရရင် ဘယ်သူမှ စိတ်ရှည်မှာ မဟုတ်ပါဘူး။ နာမည်ကြီး Blog ဆိုရင်တော့ ရေးထားတာတွေ ဖတ်ချင်လွန်းလို့ စောင့်ချင်စောင့်ကြပါလိမ့်မယ်။ ကိုယ်က အခုမှ အသစ်လုပ်ထားတာ၊ ကိုယ့် Blog ရဲ့ Value ကိုလည်း ဖွင့်တဲ့သူက သိဦးမှာ မဟုတ်ဘူး။ အဲဒီမှာ ဖွင့်ရတာ မြန်ဖို့ အရေးကြီးပါတယ်။ Blog ကို ဖွင့်ရတာမြန်ဖို့ လုပ်နည်းထဲက တစ်ခုကတော့ Object တွေ နည်းနည်းထည့်တာပါပဲ။ ကိုယ့် Blog မှာ မလိုအပ်တဲ့ Widget တွေ၊ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို တတ်နိုင်သလောက် လျှော့ပြီး ထည့်တာပါပဲ။ ကိုယ်က ဖတ်တဲ့ သူကို ဘာပေးချင်တာလဲ၊ အဲဒါကိုပဲ အဓိကထားပေးပါ။ တခြားမလိုတာတွေ မထည့်ပါနဲ့။ သူများ ဘလော့ခ်လုပ်ထားတိုင်းလည်း လိုက်မလုပ်ပါနဲ့။

နံပါတ်လေး- Language တွေ တတ်ထားရမယ်
Blog ရဲ့ Home Page ကို စိတ်ကြိုက်ချယ်လှယ်နိုင်ဖို့ ကိုယ့်မှာ Web Language အကြောင်းတွေ ကို တော့ အနည်းငယ်သိထားရပါမယ်။ HTML ဆိုတာဘာလဲ၊ အဲဒီ code ထဲမှာ Head အပိုင်းက ဘယ် နေရာ မှာရှိသလဲ၊ ဘာတွေထည့်လို့ရသလဲ၊ Javascript တွေကိုရော HTML ရဲ့ ဘယ်နားမှာ ထည့်ရသ လဲ စသည်ဖြင့် သိထားရပါ့မယ်။ Blog ရဲ့ Page Formatting အပိုင်း (Font, Color, Page Width…) ကို လှလှပပ ကစားနိုင်ဖို့ CSS ကိုလည်း သိထားရပါမယ်။

နံပါတ်ငါး- ပုံမှန် Update လုပ်ရပါမယ်
အဲဒါဟာလည်း အရေးကြီးတဲ့အချက်ပါပဲ။ Blog တစ်ခု တစ်ခါဖွင့်လည်းဒါ၊ နောက်တစ်ပတ် လောက်ဖွင့် လည်း ဒါပဲဆိုရင် သေချာပါတယ်၊ နောက်လာတော့မှာ မဟုတ်ပါဘူး။ ငါ ဒီနေ့ဘာတင်မှာလဲဆိုတာ Offline မှာကတည်းက သေချာစဉ်းစားပါ။ ကြိုရေးထားပါ။ ပုံမှန်ရေးနိုင်ဖို့က အရေးကြီးဆုံးပါ။ တစ်ခုခု လုပ်ရမှာမို့ မအားသေးလို့ မရေးနိုင်သေးဘူးဆိုရင်လည်း ဘာကြောင့်မရေးနိုင်သေးတာ၊ ဘယ်အချိန်မှာ ပြန်လာလည်ပါဆိုပြီး information အတိအကျပေးပါ။

နံပါတ်ခြောက်- ကိုယ်ပိုင်ဖန်တီးမှုတွေဖြစ်ပါစေ
Blog ပေါ်မှာ ရေးတဲ့ Post တွေဟာ ကိုယ့်ရဲ့ Own Creation တွေ ဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့် Blog ရဲ့ role မြင့်စေနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ဟို Blog ဟာကူး၊ ဒီ Blog ဟာကူးဆိုရင် အလိုလို နေရင်း RoleMyanmar Blog ဆိုတာ အများအစားကြီး မရှိသေးပါဘူး။ တစ်ရက်ကျရင် မိမှာပဲလေ။ တချို့ကျတော့လည်း တကယ့်ကို သဘောရိုးနဲ့ link တွေ ထည့်ပေးထားတယ်၊ အများသိစေချင်လို့ ပြန် ဖြန့် ဝေတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဖတ်တဲ့သူတွေဟာ အဲဒီ Original Site ကိုပဲ ရွေ့သွားတတ်ကြတယ်ဆိုတာ သတိထားပါ။ (ဒါပေမယ့် ကျွန်တော်ကိုတိုင်းလဲ နည်းပညာပိုင်းနဲ့ ပါတ်သတ်ရင် မသိတဲ့အတွက်ကြောင့် ကျွန်တော်ဆီ လာလည်တဲ့မိတ်ဆွေတွေ နဲ့ ကျွန်တော်အတွက်ပါ ရှာဖွေဖို့ အချိန်ကုန်နည်းပြီး အကျိုး ရှိမယ့် Post တွေ ကို လေ့လာနိုင်အောင် ကျွန်တော်သိမ်း ထားပါ တယ်။ မူလရေးတဲ့ပုဂ္ဂိုလတွေဆီသွားလိုက လဲ အလွယ်တကူ သွားနိုင်အောင် လင့်တခါတည်း ပေးထား ပါတယ်။) 

နံပါတ်ခုနစ်- စာဖတ်သူနဲ့ အမြဲထိတွေ့ပေးရမယ်
ကိုယ့် Blog ထဲကို ရေးသွားတဲ့ Comment တွေ၊ Cbox ထဲပြောသွားတဲ့စကားတွေ၊ ပို့လာတဲ့ mail တွေကို ပုံမှန် ပြန်ဖြေတာဟာလည်း ကိုယ့် Blog နဲ့ Blog reader တွေကို Stick ဖြစ်စေတဲ့နည်း တစ်ခု ပါ။ အဲဒါတွေကို ပုံမှန် reply ပြန်နိုင်ဖို့ ကိုယ်ဟာ internet ကို ပုံမှန်သုံးနေတဲ့သူဖြစ်ဖို့လို ကျသွားပါလိ့မ် မယ်။ တချို့ကျတော့လည်း မသိနိုင်ပါဘူးဆိုပြီး ကူးတာမျိုးတွေရှိပါတယ်။ကိုယ့်မှာ အဲဒီအတွက် အချိန်ရှိ ရဲ့လား ဆိုတာ သေချာသုံးသပ်ပါ။


နံပါတ်ရှစ်- ဝေဖန်တာခံနိုင်ရဲ့လား
ကိုယ်ကရေးပြီဆိုမှတော့ ကိုယ်ရေးတဲ့အကြောင်းအရာကို လက်ခံတဲ့သူတွေရှိသလို လက်မခံတဲ့သူတွေ၊ ရန်တွေ့လာတဲ့သူတွေ ရှိမှာပါ။ အဲဒါတွေကို ကြိုတွေးထားပါ။ ဖြစ်လာရင်ကော ကိုယ့်ဘက်က ဘယ်လို တုံ့ပြန်မလဲ။ တချို့ရှိသေးတယ်။ အလကားနေရင်း Cbox မှာ ၀င်ဆဲသွားတာမျိုး။ ကိုယ့်ကိုဆဲတာဆိုတာ့ ဒေါသထွက်မိမယ်၊ စိတ်တိုမိမယ်၊ အဲဒီဒဏ်တွေကို ခံနိုင်ရဲ့လား။

နံပါတ်ကိုး- လူအ၀င်နည်းရင် စိတ်အားငယ်ရတယ်
Blog လေးဖန်တီးပြီးပြီ၊ ပုံမှန်လည်း Update လုပ်ရဲ့သားနဲ့ လူအ၀င်နည်းပြီဆိုရင် စိတ်ဓာတ်ကျစရာ တော်တော်ကောင်းပါတယ်။ သူများဘလော့ခ်တွေရဲ့ တစ်နေ့တစ်နေ့ ၀င်ကြည့်သူအရေအတွက်ကို ကိုယ့်ဘလောခ့်က မမီဘူးဆိုရင် အလိုလိုနေရင်းကို စိတ်အားငယ်ရပါတယ်။ ကျွန်တော်ဆိုရင် မအိပ်နိုင် တဲ့ထိကို ဖြစ်ခဲ့ရပါတယ်။ ကဲ..အဲဒီလိုမျိုးတွေအတွက် တောင့်ခံနိုင်ရဲ့လားဆိုတာ စဉ်းစားပါဦး။

နံပါတ်တစ်ဆယ်- ရေရှည်လုပ်ငန်း ဖြစ်နေတယ်
တစ်လနှစ်လလေး ရေးပြီး နောက်မရေးတော့ဘူးကွာဆိုပြီး နေချင်နေလို့ရတာပါပဲ။ မအောင်မြင်လို့ နောက်ဆုတ်တဲ့သူလို့ ကိုယ့်ကိုယ်ကို အဖြစ်ခံမလား။ အောင်မြင်နေရဲ့သားနဲ့ မရေးတော့ ဘူးဆိုပြန်တော့ လည်း ကိုယ့်အောင်မြင်မှုကို မထိန်းသိမ်းနိုင်တဲ့သူ ဖြစ်သွားပြန်ရော။ အဲဒါကြောင့် ရေရှည်အလုပ်လို့ ပြောတာပါ။ အကြာကြီး လုပ်နိုင်ပါ့မလား။

နံပါတ်ဆယ့်တစ်- အသစ်တွေဖြစ်ရမှာနော်
ဘယ်သူမဆို အကြောင်းအရာအသစ်တွေဖတ်ချင်ကြတာပါပဲ။ ဂျာနယ်အဟောင်းနဲ့ ဂျာနယ်အသစ်ကို ယှဉ်ထားလိုက်ရင် ဂျာနယ်အသစ်ကိုပဲ အရင်ကောက်ကိုင်တတ်ကြတာပါ။ ကိုယ့် Blog မှာ တင်လိုက်တဲ့ အကြောင်းအရာတွေဆိုလည်း အသစ်တွေ ဖြစ်နေရပါ့မယ်။ ဒါမှ လူတွေ ပိုပြီး စိတ်ဝင်စားမှာပါ။ သတင်း တွေ ပေးတဲ့ Blog မျိုးဆိုရင် ပိုတာဝန်ကြီးပါတယ်။ နာရီပိုင်းနဲ့အမျှ အသစ်တင်နေရမှာပါ။ ကိုယ့်မှာ အဲဒီလို အသစ်တွေရှာဖို့၊ ရေးဖို့ အခြေအနေပေးရဲ့လား။

နံပါတ်ဆယ့်နှစ်- သတိလည်းထားရမယ်
ကိုယ်ရေးတဲ့ အကြောင်းအရာဟာ တိကျခိုင်လုံမှုရှိရပါ့မယ်။ ရမ်းဖြီးလို့ မရဘူးဆိုတာ သိထားပါ။ မဟုတ် ရင် ၀ိုင်းခွပ်မယ့်သူတွေ တစ်ပုံကြီးပဲ။

နံပါတ်ဆယ့်သုံး- အများအကျိုးဆောင်တဲ့အလုပ်ပါ
Blog ရေးတယ်ဆိုကတည်းက အကြောင်းအရာတစ်ခုခုကို လူအများသိစေချင်လို့ ရေးတာပါ။ အဲဒီမှာ ကိုယ်က လူထုကို ဘာပေးမှာလဲ၊ အကောင်းတွေပေးမှာလား၊ အကျိုးအပဲ့တွေ ပေးမှာလား။ အရွယ် ရောက် လို့ ကိုယ့်သမိုင်းကို ပြန်ကြည့်ရင် လိပ်ပြာမလုံရတဲ့ အကြောင်းအရာမျိုးတွေ မရေးရင် အကောင်း ဆုံးပါပဲ။ အများအကျိုးရှိအောင်လုပ်ပေးတဲ့သူကို တန်ဖိုးရှိတဲ့လူလို့ ရှေးလူကြီးတွေ ပြောခဲ့ကြပါတယ်။

သူငယ်ချင်း နေမင်း မှ forward လုပ်ပေးသော စာကိုပြန်လည် တင်ပြပေးပါတယ် ခင်ဗျာ...


သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအားလုံးကို ရိုသေစွာဂါဝရ ပြုလျှက်



အဆုံးတိုင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်...

ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်းများ


ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်းတွေ ကိုတင်ပြပေးလိုက်ပါတယ်။
 ၁။ ပထမဆုံး
run box ကိုဖွင့်လိုက်ပါ။
-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။
-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။
-ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။
-Administrative Templates ကိုရွေးပါ။
-Windows Components ကိုရွေးပါ။
-Terminal services ကိုရွေးပါ။
-Temporary folders ကိုဆက်ရွေးပါ။
-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။
-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။
-ပြီးရင် apply ၊ ok လိုက်ပါ
 
ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။
ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။
ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။
တချို့ဖိုင်တွေ အလုပ်လုပ်နေသေးလို့ ဖျက်လို့မဘူးလို့ ပြောပါလိမ့်မယ်။
၂။ နောက်တစ်မျိုး
run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီး ဖျက်ပြစ်လိုက်ပါ။
 ၃။ Hard disk ကိုရှင်းရအောင်
Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။
StartAll Program
Accessories
System tools
Disk cleanup ထိသွားလိုက်ပါ။
ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံး
ကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။ အပြင်ခနသွားတာတို့ ကော်ဖီ
သောက်တာတို့ စသည်အချိန်တွေမှာ ရှင်းထားနိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ ကော်ဖီသောက်ချိန်ဆိုရင် ရှင်းထား
လိုက်တာပဲ။ အစအနမကျန်အကုန်ရှင်ပေးပါတယ်။
၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်
Start
Runrun box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။
Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။ ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင်
uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ ပြီးရင် restart ပြန်ချလိုက်ပါ။
၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်
screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါလိမ့်မယ်။
ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ

အရုပ်ပါမြင်ရမှကျေနပ်မယ်ဆိုသူတွေအတွက် videogtalk လာပါပြီ....


အရုပ်ပါမြင်ရမှကျေနပ်မယ်ဆိုသူတွေအတွက် videogtak
Googleကတော့ထပ်လုပ်ချပြန်ပြီ။
Gmail မှာVideo ရတုန်းကတော့သုံးရတာအဆင်မပြေဘူး။
လုပ်ရတာရှုပ်တယ်။
အခုရေလည်မိုက်တယ်။
Gmail မှာသုံးရတာအဆင်မပြေတဲ့လူအတွက် Gtalk ကနေသုံးလို.ရနေပါပြီ။
ဒါပေမယ့်မိမိသုံးနေကျ Gtalk Software နဲ.သုံးလို.မရပါဘူး။
Video GTalk Software ကိုပေးထာတဲ့ Website မှာ Download ဆွဲရပါလိမ့်မယ်။
Website ရဲ. Link ကိုတော့အောင်မှာပေးထာပါတယ်။အသံလဲကြည်တယ်။
ရုပ်လဲပြတ်သားတယ်(ဟဲ...ဟဲ Connection ကောင်းရင်ပြောတာနော်)။
Vzo Chat ကိုသုံးနေတဲ့လူတွေအတွက်သတင်းကောင်းပါ။

http://www.videogtalk.com/
မှတ်ချက်။ ။videogtalk ကိုလက်တွေ့ စမ်းသပ်အသုံးပြုသူများမှ
ပြန်လည်အကြောင်းကြားလာပါသည်။
ဗိုင်းရပ်ပါနေကြောင်း သတိထား၍ သုံးစွဲ ကြစေလိုကြောင်းပြန်လည်
သတိပေးလိုက်ရပါသည်

Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်


အကြောင်းအမျိုးမျိုးကြောင့် Laptop များကိုမီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကိုသုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာ အသုံးပြုနိုင်ရန် အတွက် အောက်ပါ အတိုင်းဆောင် ရွက်နိုင်ပါသည်။
၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကိုပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကိုလျော့ချ၍သုံးစွဲရန်လိုအပ်ပါသည်။ Brightness ကိုလျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။
More power options
More power options

Power options window ပွင့်လာသောအခါ အောက်ဖော်ပြပါပုံအတိုင်း screen brightness ကို အနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်း ကောင်းမွန်စေပါသည်။
decrease screen brightness
decrease screen brightness

၂။ Screensavers အသုံးပြုခြင်းကို ပိတ်ထားခြင်း။
Screensavers များအသုံးပြုခြင်းသည်လည်း Laptop ၏ Battery များကိုလျင်မြန်စွာကုန်ဆုံးရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ Screensavers များကို ပိတ်ထားပါက Laptop ၏ Battery ကိုပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Screensavers များကိုပိတ်ထား ရန်အတွက် Desktop ပေါ်တွင် Right click နှိပ်၍ Properties ကိုဝင်ရောက်ရပါမည်။ ထို့နောက် Screensavers tab သို့ဝင်ရောက်၍ None ကိုရွေးချယ်၍ Ok ပေးရပါမည်။

Screensavers
Screensavers

၃။ Defragmentation ပြုလုပ်ပေးခြင်း။
Computer ၏ hard disk drive များကို Defragmentation ပြုလုပ်ပေးခြင်းသည် ကွန်ပျူတာ၏စွမ်းဆောင်မှုကိုမြင့်တက်စေသလို Laptop ၏ Battery သုံးစွဲခြင်းကိုလျော့နည်းစေသည့်အတွက် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ Defragmentation ပြုလုပ်ပေးရန်အတွက် Window တွင်ပါဝင်သော Defragmente ကိုအ သုံးပြုနိုင်သကဲ့သို့၊ အခြား Defragmentation ပြုလုပ်ပေးသည့် Software များကိုလည်းအသုံးပြုနိုင်ပါသည်။ Defragmentation ပြုလုပ်ရန် အတွက် hard disk drive တစ်ခုကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools tab ကိုဝင်ရောက်၍ Defrayments now ကိုနှိပ်၍ hard disk drive တစ်ခုခြင်းစီကို Defragmentation ပြုလုပ်ပေးရပါမည်။

defrag
Defragmentation ပြုလုပ်ရန်ဝင်ရောက်ပုံ

defrag2
Defragmention ပြုလုပ်ခြင်း

၎။ အသုံးမလိုသည့် Applications များကို Disable ပြုလုပ်ထားခြင်း။
အချို့ သော Applications များသည် ကွန်ပျူတာစတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင် နက်တည်းအလုပ်လုပ်ရန်မလိုအပ်ပါ။ ဥပမာအားဖြင့် Adobe reader, Zune, iTunes and Google desktop အစရှိသည့် Applications များဖြစ်ပါသည်။ အဆိုပါ Applications များကို Startup menu တွင် Disable ပြုလုပ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။ Startup menu တွင် မလိုအပ်သည့် Applications များကို Disable ပြု လုပ်ရန်အတွက် Start မှ Run ကိုဝင်ရောက်ရပါမည်။ Run box တွင် Msconfig ဟုရိုက်ကာ Startup tab သို့ဆက်လက်ဝင်ရောက်ရပါမည်။ ထို့နောက်မလိုအပ်သည့် Applications များကို Uncheck ပြုလုပ်ပေး၍ ok ပေးပြီးနောက် Restart ချပေးရပါမည်။

startup
startup

၅။ External USB devices များကိုအသုံးမပြုခြင်း။
External USB devices များကိုအသုံးပြုခြင်းသည် Laptop ၏ Battery များကိုလျင် မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် External USB Devices များဖြစ်သော external hard drive, pen drive, mouse), memory card, iPod or iPhone အစရှိသည်တို့ကို အသုံးပြု ခြင်း၊ ချိတ်ဆက်ထားခြင်းတို့ကို ရှောင်ကျဉ်ရပါမည်။

၆။ RAM ကိုတိုးမြှင့်ခြင်း။
အကယ်၍ကွန်ပျူတာတွင်အသုံးပြုသည့် RAM သည် Window ၏လိုအပ်ချက်နှင့် မကိုတ်ညီပဲ စွမ်းဆောင်မှုနိမ့်နေပါက အဆိုပါ RAM ၏လိုအပ်ချက်သည်လည်း Laptop ၏ Battery ၏ ခံနိုင်ရည်အားကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် System ၏လိုအပ်ချက်နှင့် အညီ RAM ကို တိုးမြှင့်ပေးရန်လိုအပ်ပါသည်။

၇။ CD/DVD အသုံးမပြုခြင်း။
Laptop တစ်လုံးကို Battery ဖြင့်အသုံးပြုနေပါက CD/DVD အသုံးပြုခြင်းကိုရှောင် ကျဉ်ရပါမည်။ CD/DVD အသုံးပြုခြင်းသည် Laptop ၏ Battery ကိုလျင်မြန်စွာကုန်ဆုံးစေနိုင် ပါသည်။

၈။ အသုံးမပြုသည့်အချိန်တွင် Sleep or standby ပြုလုပ်ခြင်း။
ကွန်ပျူတာကိုသုံးခြင်းမှ ခေတ္တခဏရပ်နားသည့်အခါမျိုးတွင် Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် power သုံးစွဲမှုကိုလျော့နည်းစေပြီး Battery ကိုကြာရှည်စွာသုံးစွဲ နိုင်စေပါသည်။ Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် ကွန်ပျူတာကိုပြန်လည်အ သုံးပြုလိုသည့်အခါတွင် လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ပါသည်။

၉။ Laptop ကိုအေးသောနေရာတွင်ထားရှိအသုံးပြုခြင်း။
Laptop ကို အပူချိန်မြင့်သောအခန်းများတွင်အသုံးပြုပါက Laptop တွင်ပါဝင်သော Fan သည်အပူကိုချေဖျက်ရန်အတွက် အလုပ်ပိုမိုလုပ်ဆောင်ရပြီး Laptop Battery ကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ကို အပူချိန်နည်း၍ အေးမြသော အခန်းများတွင် အသုံးပြုရန်လိုအပ်ပါသည်။

၁၀။ Screen resolution ကိုလျော့ချအသုံးပြုခြင်း။
Screen resolution ကိုအနည်းဆုံးသို့လျော့ချအသုံးပြုပါက Laptop ၏ Battery ကို အချိန်ကြာကြာအသုံးပြုစေရန် အထောက်အကူပြုပါသည်။ Screen resolution ကိုလျော့ချ ရန်အတွက် Desktop ပေါ်တွင် Right click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Display Properties Panel တွင်းမှ Settings tab သို့ဝင်ရောက်၍ Screen resolution ကို ဘယ်ဘယ်သို့ရွေ့ ပြောင်း၍ အနည်းဆုံးသို့လျော့ချပေးနိုင် ပါသည်။

Screen resolution
Screen resolution

၁၁။ Switch off Wireless။
Laptop အများစုတွင် Internet နှင့်ချိတ်ဆက်အသုံးပြုရန်အတွက် Wireless connection ပါရှိပါသည်။ Internet အသုံးမပြုပါက Wireless connection ကိုပိတ်ထားသင့်ပါ သည်။ Wireless connection ကိုပိတ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။

၁၂။ Visual Effects များကိုပြင်ဆင်ပေးခြင်း။
ကွန်ပျူတာတွင် Visual Effects များကိုပြင်ဆင်ပေးခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာအသုံးပြုစေနိုင်ပါသည်။ Visual Effects ကိုပြင်ဆင်ရန်အတွက် my computer ကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါ ပုံအတိုင်း advance tab မှ performance ရှိ Settings ကိုနှိပ်၍ ၀င်ရောက်ရ ပါမည်။ Adjust the appearance and performance of window ကိုနှိပ်၍ Performance Options အတွင်းမှ Visual Effects သို့ဝင်ရောက်ရပါမည်။

Change Visual Effects
Change Visual Effects

“Visual Effects” tab အတွင်း၌ “Adjust for best performance” ကို check ပေးလိုက် သည့်အခါ Visual Effects များကိုပြင်ဆင်ပြီးဖြစ်ပါသည်။ (ထိုသို့ပြုလုပ်ရာတွင် Visual Effects များအားလုံးအလုပ်မလုပ်တော့ပဲ သာမန်ရိုးရှင်းသည့် Window ပုံစံ ဖြစ်သွားမည့်အတွက် ကွန်ပျူတာကိုလှလှပပဖြစ်စေရန် Effects များကို အသုံးပြုသူများအတွက် သတိထားရန်လိုအပ်ပါသည်။)
Adjust for best performance
Adjust for best performance

၁၃။ Laptop Battery ကိုအားကုန်အသုံးပြုခြင်း။
Laptop Battery ကိုနှစ်လလျင်တစ်ကြိမ်ခန့် အားကုန်အောင်သုံးစွဲပြီးနောက် ပြန်လည် အားဖြည့်သင့်ပါသည်။ ထိုအချက်သည်လည်း Laptop Battery ကိုကြာရှည်အသုံးပြုနိုင်ရန်အ တွက် အထောက်အကူပြုပါသည်။ ကွန်ပျူတာဝယ်သည့်အခါ ပါရှိသည့် Battery နှင့်ပတ်သက် သည့်အညွှန်းကိုလည်း သေချာဖတ်ကြည့်ရန်လိုအပ်ပါသည်။

၁၄။ Background color ရွေးချယ်အသုံးပြုခြင်း။
Background color အသုံးပြုရာတွင် အနက်ကိုအသုံးပြုပြီး Wallpapers များကိုဖြုတ် ထားခြင်းသည်လည်း Laptop Battery ကိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ အဖြူရောင်များကို Background color အဖြစ်အသုံးများလေ Laptop Battery အားကိုလျင်မြန်စွာကုန်ဆုံးလေ ဖြစ်ပါသည်။

၁၅။ Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးမပြုခြင်း။
Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးပြုခြင်းသည် Battery ၏အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့်ကြာချိန်ကို လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် Laptop Battery များကို ပထမဦးစွာအားဖြည့်ပြီးမှသာ အသုံးပြုသင့်ပါသည်။

Wednesday, September 26, 2012

Firefox မှာ Menu Bar မပေါ်ဘူးဆိုရင်


ကျွန်တော်တို့ Firefox ကိုအသုံးပြုနေ ကြတဲ့အခါမှာ မိမိတို့ သုံးနေတဲ့ Firefox က Menu Bar ပျောက်သွား သွားလို့ပဲဖြစ်ဖြစ် မိမိတို့က ဆိုဒ်တွေကို အလွယ်တကူ ကြည့်လို့ရအောင် မှတ်ထားတဲ့ Bookmark Toolbar ပျောက်သွားလို့ပဲ ဖြစ်ဖြစ် ဘယ်လိုပြန်လုပ် ရမယ်ဆိုတာကို မသိလို့ အခက်အခဲ ဖြစ်နေသူတွေ အတွက် Firefox ကိုစစတင်ချင်းမှာ Menu Toolbar တွေဘာတွေ မပေါ်ပဲ Plane ကြီးဖြစ်နေတဲ့ အချိန်မှာ Menu Tool Bar ဘယ်လိုပြန်ဖော်ရမယ် ဆိုတာကို ရေးပေးသွားပါမယ် .. သိပြီးသား သူများကတော့ သီးခံပေးပါ .. မသိသေးတဲ့ သူများအတွက် အခက်အခဲတစ်ခု ဖြစ်နေတာ ကြောင့်ရေးပေးလိုက်တာပါ  ..
ကျွန်တော်တို့ အသုံးပြုနေတဲ့ Firefox မှာ Menu Bar ပျောက်သွားလို့ပဲဖြစ်ဖြစ် ပြန်ထားချင်တယ်ဆိုရင် ဘယ်လို လုပ်ရမယ် ဆိုတာကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..

အရင်ဆုံး မိမိတို့ အသုံးပြုနေတဲ့ Firefox ကိုဖွင့်လိုက်ပါ .. ပြီးရင် Firefox အပေါ်မှာရှိတဲ့ Tab Bar လေးပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် ကျွန်တော်တို့က Menu Bar ကိုဖော်ချင်တယ်ဆိုရင် Menu Bar ကိုရွေးပြီး အမှန်ခြစ်လေး ပေးလိုက်ယုံပါပဲ ..
တကယ်လို့ မိမိတို့က ဖတ်ချင်တဲ့ ဆိုဒ်တွေကို မှတ်သားထားတဲ့ Bookmark Toolbar လေးကိုပြန်ဖော်ချင် တယ်ဆိုရင်လည်း Bookmark Toolbar လေးကိုရွေးပြီး အမှန်ခြစ်လေး ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် Bookmark Toolbar လေးပေါ်လာပါလိမ့်မယ်..
ဒီလောက်ဆိုရင်တော့ Firefox မှာ Menu Bar ပျောက်သွားလို့ အခက်အခဲ ဖြစ်နေသူများ အတွက် အဆင်ပြေသွားမယ်လို့ ထင်ပါတယ်..
အားလုံးပဲအဆင်ပြေကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ..

ကျွန်တော်အခု တင်ပေးလိုက်တဲ့ နည်းလမ်းလေးကတော့ ကျွန်တော်တို့ G-Talk ကနေ G-Mail Icon လေးကို
နှိပ်ပြီး မေးလ်ဖွင့်တဲ့အခါမှာပဲဖြစ်ဖြစ် Link တစ်ခုခုကိုဖွင့်တဲ့အခါမှာ Firefox နဲ့တိုက်ရိုက်မပွင့်ပဲ IE နဲ့ပဲဖြစ်ဖြစ်
အခြား Browser တစ်ခုခုနဲ့ဖြစ်စေ ပွင့်လာတဲ့အခါမှာ Firefox နဲ့တိုက်ရိုက်ပွင့်လာအောင် ပြန်ပြီးလုပ်တဲ့နည်း
လမ်းလေးပါ..အကိုတစ်ယောက် မေးထားတာလေး ရှိတာနဲ့ အခြားမသိသေးတဲ့သူများပါအဆင်ပြေသွားအောင်
တင်ပေးလိုက်တာပါ..ကျွန်တော်အလွယ်တကူနဲ့ လုပ်တက်သွားအောင် အောက်မှာပုံလေးတွေနဲ့ ဖော်ပြပေး
ထားပါတယ်..


အရင်ဆုံး Firefox ကိုဖွင့်လိုက်ပါ..ပြီးရင်အောက်က ပုံမှာပြထားတဲ့အတိုင်း အဆင့်ဆင့်လိုက်ပြီး လုပ်ပေးလိုက်
ယုံပါပဲ..။ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်..။




အားလုံးပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ..

Utilu Mozilla Firefox Collection 1.0.6.0


ကျွန်တော်အခု Mozilla Firefox လေးတွေကို စုစည်းထားတဲ့ Pack လေး တစ်ခု တင်ပေးလိုက်ပါတယ်။ မိမိတို့ နှစ်သက်သလို ရွေးချယ်ပြီးလဲ RUN ပေးနိုင်သလို အကုန်လုံးကိုလဲ တစ်ခါတည်း Run ပေးလို့ရပါတယ်
Mozilla Firefox 2 ကနေပြီးတော့ Mozilla Firefox 9.0.0.0 Nightly အထိပါဝင်ပါတယ်။ အောက်မှာ အမျိုးအစား တွေကိုထပ်ပြီးရေးပေးထားပါတယ်။ အသုံးပြုကြည့်လိုက်ပါဗျာ။

• Mozilla Firefox 2.0.0.20
• Mozilla Firefox 3.0.19.0
• Mozilla Firefox 3.5.19.0
• Mozilla Firefox 3.6.19.0
• Mozilla Firefox 4.0.1.0
• Mozilla Firefox 5.0.1.0
• Mozilla Firefox 6.0.2.0
• Mozilla Firefox 7.0.0.0 beta 7
• Mozilla Firefox 8.0.0.0 Aurora
• Mozilla Firefox 9.0.0.0 Nightl
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေ သာယူသွားလိုက် ပါဗျာ။

ozilla FirefoxM Collection 1.0.6.0


Firefox အကြောင်း


ကျွန်တော်ဒီနေ့ အများစုလည်းသိကြမှာပါ။ ဒါပေမယ့် မသိသေးတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်ဒီပို့စ်လေး ကိုရေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော် အောက်မှာ Addons နဲ့ သူ့ရဲ့ အကျိုးကျေးဇူးလေး တွေကို တစ်ခုခြင်းစီကို ပုံလေးတွေနဲ့ အသေးစိတ်ရှင်းပြပေးထားပါတယ်။ ကျွန်တော်တို့ တစ်ခါတည်းနဲ့ အဆင်ပြေသွားအောင် လုပ်ကြည့်လိုက်ပါ။ အောက်မှာ ကြည့်ပေးပါဗျာ။
ကျွန်တော်တို့ ပထမဆုံး ပုံမှာပြထားတဲ့ အတိုင်း လင့်ခ် တစ်ခုကို Right-click ထောက်ပြီး မိမိတို့ ဘယ်လို Browsers မျိုးကိုအသုံးပြုမလဲဆိုတာကို ရွေးချယ်ပေးနိုင်တဲ့ Addons လေးတစ်ခုစပြီးထည့်ပါ့မယ်။
ကျွန်တော်တို့ ဒီအောက်ကလင့်ခ်လေးကနေ ပြီးတော့ Firefox Addons လေးသွားယူပါမယ်။ ကြည့်ပေးပါ။
ပုံလေးတွေနဲ့ ထပ်ပြီးပြပေးထားပါတယ်။ ဒီ Addons လေးကို Down ပြီး Install လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Firefox ကို Restart ချပေးလိုက်ပါ။
ဒါကို Install လုပ်ပြီးပြီဆိုရင်တော့  ကျွန်တော်တို့ နှစ်သက်တဲ့ လင့်ခ်တစ်ခုကို ဘယ် Browsers နဲ့ ဖွင့်မလဲဆိုတာကို ရွေးလို့ရပါပြီ။
နောက်ထပ် Addons လေးတစ်ခုကတော့ ကျွန်တော်တို့ Browsers ရဲ့ဘယ်နေရာမှာမဆို Right-click ထောက်လိုက်ပြီး Bookmarks Bar လေးထဲကနေ မိမိတို့နှစ်သက်တဲ့ လင့်ခ်ကိုဖွင့်နိုင်ရန်ဖြစ်ပါတယ်။ ကျွန်တော် Browsers ရဲ့ Bookmarks Bar ကနေသွားစရာမလိုတော့ပါဘူး။ အောက်မှာ ကြည့်ပေးပါ။

ကျွန်တော် Install လုပ်တာကိုတော့ အသေးစိတ်ထပ်မပြတော့ပါဘူး။ ရှေ့က Addons လေးတွေလုပ်တဲ့ ပုံစံမျိုးလေးတွေပါပဲ။ ဒီ Addons လေးကိုတော့ အောက်ကလင့်ခ် လေးကနေလုပ်ရမှာပါ။

https://addons.mozilla.org/en-US/firefox/addon/context-bookmarks/


ခုနကလိုပါပဲ ။ Install လုပ်ပြီးသွားရင် Firefox ကို restart ချပေးလိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။ ကျွန်တော်နောက်ထပ် Right-click မှာ Print ထုတ်တဲ့ Tool လေးရယ် နောက်ထပ် History ထုတ်တဲ့ tool လေးရယ် ထည့်တဲ့ Addons လေးပါတစ်ခါတည်းပြောပေးမလို့ပါပဲ။ ဒါပေမယ့် နောက်ဆုံး Firefox Update နဲ့ မကိုက်တာဖြစ်မှာစိုးလို့ မတင်ပေးတော့ပါဘူး။ အခုကျွန်တော်နောက်ထပ် ကျွန်တော်တို့ Firefox ကို ကျွန်တော်တို့တင်ထားတဲ့ Software လေးတွေရော၊ တခြားမိမိတို့ အလိုရှိတာလေးတွေကို ပြန်ယူနိုင်အောင် ကျွန်တော် BackUp နဲ့ Restore လုပ်နည်းလေးကို တစ်ခါတည်း ဒီပို့စ်လေးထဲမှာ ရေးပေးသွားပါ့မယ်။ ကျွန်တော်တို့ MozBackup Software လေးနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီကောင်လေးကိုလည်း ကျွန်တော်အောက်မှာ တင်ပေးထားပါတယ်။ ကဲကျွန်တော်တို့ စပြီး Backup လုပ်ကြရအောင်ဗျာ။ MozBackup ဆိုတဲ့ Application လေးကိုဖွင့်လိုက်ပါ။

ကျွန်တော်တို့ဒီအချိန်မှာ Firefox လေးကိုပိတ်ထားပေးဖို့လိုပါမယ်။ ကျွန်တော်တို့ Backup လုပ်မှာဖြစ်တဲ့ အတွက် ဘယ်ဘက်က Backup a profile ဆိုတာလေးကိုရွေးပါမယ်။ ပြီးရင် Next ပေးပါ။
ကျွန်တော်တို့ဆက်ကြည့်လိုက်ပါ။ Browse ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ Backup လုပ်ထားတဲ့ဖိုင်လေး ထားရမယ့် နေရာလေးကိုရွေးပေးပါ။ ပြီးရင် Next နဲ့  ဆက်သွားပါမယ်။
ကျွန်တော်တို့ ဒီအဆင့်မှာ Backup ဖိုင်ကို Password ခံမလားဆိုပြီးမေးပါလိမ့်မယ်။ ကျွန်တော်ကတော့ Password ခံလိုက်ပါတယ်။
ဒါကတော့ ကျွန်တော်တို့ Backup လုပ်တဲ့ အပိုင်းပြီးပါပြီ။ ကဲကျွန်တော်တို့ ဒီတစ်ခါ Restore လုပ်တဲ့ အပိုင်းကိုပြန်စရအောင်ဗျာ။ ပုံစံခြင်းကသိပ်မကွာပါဘူး။ အတူတူနီးပါးပါပဲ။ ကြည့်လိုက်ပါဗျာ။

ကျွန်တော်တို့ဒီတစ်ခါ Restore လုပ်မှာ ဖြစ်တဲ့ အတွက် Restore a Profile ဆိုတာလေးကိုရွေးပေးပါမယ်။
ဒါကတော့ ကျွန်တော်တို့ Backup ဖိုင်လေးထားတဲ့နေရာကိုရွေးလိုက်တာပါ။ ဆက်သွားရအောင်။

ဒါဆိုရင်တော့ ကျွန်တော်တို့ Backup လုပ်တဲ့ အပိုင်းနဲ့ Restore လုပ်တဲ့ အပိုင်းလေးတွေပြီးသွားပါပြီ။ ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ Firefox တစ်ခုလုံးကို ဘယ်လို Backup လုပ်မလဲ ဘယ်လို Restore လုပ်မလဲဆိုတာကိုသိလောက်ပြီထင်ပါတယ်။ ဒီ MozBackup လေးကိုကျွန်တော်အောက်မှာ နှစ်နေရာခွဲ တင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာယူသွားလိုက်ပါဗျာ။

MozBackup

Downloading from ifile.it

Downloading from mediafire

နောက်ထပ် ဒီပို့စ်လေးကို PDF ဖိုင်လေးနဲ့ ယူလိုသူများအတွက် အောက်မှာ ထပ်တင်ပေးထားပါတယ်။

Downloading from ifile.it

Downloading from mediafire

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Tuesday, September 25, 2012

ကြွက်ဘာကြောင့်တက်ရလည်း-ဘယ်လိုကာကွယ်ကုသရမလည်း.......



ကြွက်ဘာကြောင့်တက်ရလည်း-ဘယ်လိုကာကွယ်ကုသရမလည်း.......
လူတိုင်းတချိန်ချိန်မှာကြွက်တက်ဖူးမှာပါ ဘာကြောင့် ကြွက်တက်ရတယ်ဆိုတာရယ် ကြွက်တက်လာရင် ဘယ်လိုလုပ်
ကြမလည်း ...? ဘယ်လိုကာကွယ်နိုင်လည်းဆိုတာ ဖတ်ကြည့်ကြရအောင်။
ဘောလုံး ကန်ဘူးတဲ့သူတွေတင် မကဘူး၊ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။
ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အ၀လွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။
ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင် ကောင်းမယ်ဆိုတာ ပိုသိတယ်။ “နေရာတကာ ဆရာ-ဆရာဝန် မလုပ်ချင်နဲ့”။ ခိုင်းတာသာ လုပ်ပေးပါ။ ဒါပေမဲ့ ခိုင်းတာလုပ်တဲ့အကျင့် ဒါကလွဲရင် မကျင့်ချင်နဲ့။ “တပည့်ကြီးများ တိုင်းပြည်” ဖြစ်သွားလိမ့်မယ်။ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲရင်၊ ချွေးထွက်များရင် နာတတ်တာတွေကလည်း ဒီသဘောမျိုးဘဲ။ ၀မ်းလျောလို့၊ (ပိုဆက်ဆီယမ်) နဲ့ (ကယ်လ်စီယမ်) နည်းလို့ ဖြစ်တာကို Tetany ခေါ်တယ်။ အူ၊ အစာအိမ်၊ သားအိမ်၊ ဆီးအိမ်၊ သည်းခြေအိတ်တွေမှာ အဲလိုဖြစ်လို့ နာတာကို Colicky pain လို့ခေါ်တယ်။ ရာသီလာတုံး နာတာကို Dysmenorrhea ခေါ်တယ်။ အခေါ်မတူပေမဲ့ အနာသက်သာဆေးတွေပေးတာ တူပါတယ်။ Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်တာကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးတွေနဲ့လည်း ကုနိုင်တယ်။သွေးတိုးကြောင့်ဖြစ်ဖြစ်၊ နှလုံးရောဂါကြောင့်ဖြစ်ဖြစ်၊ ကိုယ်ရောင်လို့ဖြစ်ဖြစ် ဆီးဆေး (ဆီးအောင့်တာ ပျောက်တဲ့ဆေး မဟုတ်၊ ဆီးအတင်း သွားစေတဲ့ဆေး) ကို မကြာခဏ သောက်ရသူများ၊ သောက်တိုင်း (ပိုဆက်ဆီယမ်) ဆေးသောက်ပါ။ ၀ယ်ရတာ ခက်တတ်တယ်။ ကောင်းတာက အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။
Vitamin B complex, Calcium, Potassium ကို ပုံမှန်သောက်ပါ။ Calcium gluconate ကို IV သွေးပြန်ကြောထဲ ထိုးပေး နိုင်တယ်။ ဒီဆေး သုံးမျိုးထဲက (ကယ်လစီယမ်) တခုဘဲ ဆီးကျောက်ရောဂါအတွက် သတိထားဘို့ လိုတယ်။ ကြာကြာ သောက်တာ ကိစ္စမရှိပါ။ အနာအကိုက် ပျောက်ဆေးတွေကတော့ အစာနဲ့ တွဲသောက်ရတယ်။ ဆေးတခုချင်းအကြောင်း သိချင်ရင် သပ်သပ် ရှာဖတ်ပါ။ ရေးတင်ထားတာ ရှိပါတယ်။ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။ဓါတ်ဆားတွေ ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။အိပ်ရာထဲမှာ နိုးတာနဲ့ ပျင်းကြောမဆန့်လိုက်ပါနဲ့ ရုတ်တရက် ကြွက်တက်တတ်ပါတယ်..။
ကြွက်ခဏခဏတက်တတ်တဲ့ အကျင့်ရှိသူဟာ ရေကူးတာရှောင်သင့်ပါတယ်
ရေကူးနေစဉ်ကြွက်တက်လာရင် ရေနစ်ပြီးသေတတ်ပါတယ် ကဲ..ဒီလောက်ဆိုရင် ကြွက်တက်ရတဲ့အကြောင်းနဲ့
ကြွက်ဘယ်လိုတက်တတ်တယ်ဆိုတာရယ် ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိလောက်ပါပြီ.။
မှီငြမ်း........Dr....တင့်ဆွေ

စပျစ်သီး




စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အ ပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီ လီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေ လည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါ ဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီး ရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ် အောင်နဲ့ အိုမင်းရင့်ရော်မှု မဖြစ်ေ
အာင် ကာကွယ်ပေးနိုင်ပါတယ်။

(၁) ပန်းနာရင်ကျပ်ရောဂါကို သက် သာစေပါတယ် စပျစ်သီးရဲ့ ထင်ရှားတဲ့ ဆေးဖက် ဝင်တန်ဖိုးဟာ ပန်းနာရင်ကျပ်ရောဂါ ကု သရေးမှာ အသုံးဝင်ပါတယ်။ ဒါ့အပြင် အဆုတ်ထဲက အစိုဓာတ်အား ကောင်း စေပါတယ်။

(၂) နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ ချပေးနိုင်ပါတယ် စပျစ်သီးဟာ သွေးထဲက နိုက်ထ ရစ်အက်စစ်အဆင့်ကို တိုးစေတာကြောင့် သွေးခဲမှုကို ကာကွယ်ပေးနိုင်ကာ နှလုံး ရောဂါထနိုင်ခြေကို လျော့ကျစေပါတယ်။ စပျစ်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့် ဟာ မကောင်းတဲ့LDL ကိုလက်စထ ရောရဲ့ အောက်ဆီဂျင်နဲ့ ဓာတ်ပေါင်းမှု (ဓာတ်ပေါင်းမှုကြောင့် သွေးကြောပိတ် စေနိုင်ပါတယ်) မဖြစ်အောင် ကာကွယ် ပေးပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်တာကို သက် သာစေပါတယ် စပျစ်သီးမှည့် ဖျော်ရည်ဟာ ခေါင်း တစ်ခြမ်းကိုက်ရောဂါကုသရေးအတွက် အိမ်တွင်းကုထုံးဖြစ်ပါတယ်။ နံနက်စော စောမှာ ရေမရောဘဲ သောက်သင့်ပါတယ်။

(၄) ဝမ်းမချုပ်အောင် ကာကွယ်ပြီး ဝမ်းမှန်မှန်သွားစေပါတယ် စပျစ်သီးဟာ ဝမ်းချုပ်တာကို ကျော် လွှားနိုင်ပါတယ်။ စပျစ်သီးမှာ ဩဂဲနစ် အက်စစ်၊ သကြားနဲ့ ဆဲလ်လူးလို့စ် ပါဝင် တာကြောင့် ဝမ်းပျော့စေတဲ့ အစာအဖြစ် အသိအမှတ်ပြုကြပါတယ်။ စပျစ်သီးဟာ အူနဲ့ အစာအိမ်ကို သန်မာစေတာကြောင့် နာတာရှည်ဝမ်းချုပ်တာကို သက်သာစေ ပါတယ်။

(၅) အစာကြေညက်စေပါတယ် စပျစ်သီးဟာ အစာမကြေတဲ့ ဝေဒ နာကို သက်သာစေပါတယ်။ အစာအိမ် စပ်ဖျဉ်းဖျဉ်းဖြစ်တာကို လျော့ပါးစေတာ ကြောင့် သရေစာအနေနဲ့ စားသင့်တဲ့ အ စာပါ။

(၆) ညောင်းညာမှုကို တွန်းလှန်နိုင်ပါ တယ် စပျစ်သီးဖျော်ရည်က ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပမာဏကို ဖြည့်တင်းပေး တာကြောင့် ညောင်းညာပင်ပန်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အမည်းရောင် စပျစ်သီးဖျော်ရည်ဟာ စွမ်းအင်ကို ချက် ချင်း ရရှိစေပါတယ်။ အင်တီအောက်ဆီး ဒင့် ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားစနစ် ကို အားကောင်းစေပါတယ်။

(၇) ကျောက်ကပ်ရောဂါတွေကို သက် သာစေပါတယ် စပျစ်သီးဟာ ယူရစ်အက်စစ် များ နေတာကို လျော့ကျစေပြီး ဆီးကနေ အက်စစ်ထွက်နှုန်းတိုးစေတာကြောင့် ကျောက်ကပ်အပေါ် ဖိအားသက်ရောက် မှုကို လျော့ကျစေပါတယ်။

(၈) ရင်သားကင်ဆာကို ကာကွယ်ပေး ပါတယ် နောက်ဆုံးပေါ် လေ့လာမှုတစ်ခု အရ စပျစ်သီးဟာ ရင်သားကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။

(၉) အယ်လ်ဇိုင်းမားရောဂါကို သက် သာစေပါတယ် စပျစ်သီးမှာ ပါတဲ့ ရက်စ်ဗာရထ ရောဟာ အယ်လ်ဇိုင်းမားရောဂါရှိသူ တွေမှာamyloidal-beta peptides အ ဆင့်ကို လျော့ကျစေပါတယ်။ လေ့လာမှု တွေအရ စပျစ်သီးတွေဟာ ဦးနှောက် ကျန်းမာရေးကို ကောင်းစေသလို အာရုံ ကြောထိခိုက်မှုဆိုင်ရာ ရောဂါတွေမဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။

(၁၀) မျက်စိကို ကျန်းမာစေပါတယ် စပျစ်သီးဟာ အသက်ကြီးတာ ကြောင့် အမြင်အာရုံဆုံးရှုံးတာနဲ့ မက်ကူ လာယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ စပျစ် သီးသုံးကြိမ် စားရင် အသက်ကြီးတာ ကြောင့် မက်ကူလာယိုယွင်းမှုဖြစ်နိုင်ခြေ ကို ၃၆ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါ တယ်။ စပျစ်သီးမှာပါတဲ့ ဖလေဗိုးနွိုက် ဟာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး အတွင်း တိမ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရော ဂါ၊ ကင်ဆာနဲ့ အသက်ကြီးချိန်မှာ ဖြစ် တတ်တဲ့ ရောဂါတွေမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။

(၁၁) ကင်ဆာ ကာကွယ်နိုင်ပါတယ် စပျစ်သီးမှာပါတဲ့ ရက်စ်ဗာရထရော ဟာ ရောင်ရမ်းမှုကို လျော့ကျစေတာ ကြောင့် ကင်ဆာကာကွယ်နိုင်စွမ်း ရှိပါ တယ်။ အထူးသဖြင့် အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်နိုင်ပါ တယ်။ စပျစ်သီးမှာပါတဲ့ အန်သိုဆိုင်ယာ နင်နဲ့ ပရိုအန်သိုဆိုင်ယာနင်တို့ဟာ ကင် ဆာကြီးထွားမှု မဖြစ်အောင် တားဆီးပေး ပါတယ်